Unicode....
နဒီ မှန်ရှေ့တွင်အင်္ကျီများကိုတစ်ထည်ပြီးတစ်ထည် ကိုယ်နှင့်ကပ်ကြည့်ပြီးအလုပ်ရှုပ်နေလေတော့သည်။နဒီဒီနေ့အပြင်သွားရန်အတွက်ပြင်ဆင်နေခြင်းဖြစ်လေသည်။နဒီတို့အလှူနေ့တုန်းက ကိုကိုကနောက်တစ်ခါအပြင်လိုက်ပို့ပေးမယ်လို့ပြောထားခြင်းဖြစ်သည့်အတွက် ဒီနေ့ကိုကို့ဆိုင်သို့သွားမည်ဖြစ်သည်။
နဒီကအဘွားဖြစ်သူနှင့်အတူနေပြီး မန္တလေးတွင်ဆေးကျောင်းတက်နေခြင်းဖြစ်သည်။ပိတ်ရက်တွေရှိရင်တစ်ခါတစ်လေ မိခင်ရှိရာထံသို့ပြန်လာတတ်သည်။ဒီပိတ်ရက်မှာမိခင်ဖြစ်သူရှိရာထံသို့ပြန်လာရခြင်းမှာ နဒီ့အတွက်အရမ်းကိုအရေးပါသည့်လူနှင့်တွေ့ဆုံခဲ့ရလေသည်။ယခုလည်း ထိုလူအတွက်နဒီအလှဆုံးပြင်ဆင်နေခြင်းဖြစ်သည်။
ထို့နှင့်နဒီ အပြာနုရောင်လက်ဖောင်းဂါဝန်အတိုလေးကိုရွေးချယ်ဝတ်ဆင်လိုက်ပြီး ဆံနွယ်များကိုတော့အင်္ကျီနှင့်လိုက်ဖက်အောင် အပြာရောင်ဖဲပြားကလစ်လေးကိုပန်ဆင်လိုက်လေသည်။ထို့နောက် မိမိ၏အလှအပအားမှန်ရှေ့တွင်ဘယ်ပြန်ညာပြန်ကြည့်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။
သမီးဖြစ်အပြင်သွားရန်ပြင်ဆင်ထားကြောင်းမြင်သောအခါ ဥမ္မာမေးမိသည်။
"သမီးနဒီ အပြင်သွားမလို့လား?"
"ဟုတ်မေမေ။ကိုကိုနဲ့ချိန်းထားလို့"
"သြော် မောင်လပြည့်နဲ့သွားမှာလား။ဟုတ်ပါပြီ"
ဒေါ်ဥမ္မာသည်လည်းသမီးဖြစ်သူအားအလွန်ချစ်ခင်သောလူတစ်ယောက်ဖြစ်ချေသည်။တော်တန်ရုံဆို အပြင်သွားခွင့်သိပ်မပေးပေ။ကလေကချေတွေနှင့်တွေ့မှာစိုး၍ပင်။သို့ပေသည့်လပြည့်ဆိုတော့လူငယ်လေးကိုတော့သဘောကျပေသည်။မိဘခြင်းကလည်း ရင်းနှီးသည်မဟုတ်ပါလား။တစ်ခါတလေ ကလေးတွေတောင် နေရာချထားပေးကြမယ်လို့ပြောတတ်ကြသေးသည်။သူမကလည်းထိုလူငယ်လေးနှင့်ဆို ဘာသဘောမတူနိုင်စရာအကြောင်းရှိပေမည်လဲ။မိဘတွေကအတင်းပေးစားမှာထက် ကလေးအချင်းချင်းရင်းနှီးတာကပိုမကောင်းဘူးလား။ကိစ္စတွေပိုအဆင်ပြေသွားတာပေါ့။ထို့အတွက် လပြည့်ဆိုသောကလေးနှင့်သွားမည်ဆိုတော့ သူမခွင့်ပြုပေးလိုက်ခြင်းပင်ဖြစ်သည်။
ESTÁS LEYENDO
ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》
Romanceဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်..... 「First Creation 🌼」 Start Date-17.6.2021 End Date -2.9.2021 ****************************** ဇြဲလျပည့်ဆိုသောလူသားလေးနွင့် သူ၏ေမာငၧိဳေ...