Part-23

525 33 25
                                    

Unicode....

ရွှေတိဂုံစေတီတော်ပေါ်တွင်ကောင်လေးနှစ်ယောက် သူတို့နေ့နာမ်ဘုရားတွင်ပန်းကပ်၍ရေသပ္ပာယ်နေကြလေသည်။

"ပြီးပြီလား?"

"အင်း"

"ဟိုဘက် သွားမယ်"

လပြည့်မှဦးဆောင်၍တစ်ဖက်ခြမ်းသို့ လျှောက်လှမ်းသွားလေတော့သည်။

"ဒီမှာခဏထိုင်ရအောင်"

ဘုရားရင်ပြင်ပေါ်ရှိ ဘုရားဖူးများနားရာနေရာတစ်ခုတွင်ထိုင်ပြီးနောက်ပြောလာခြင်းဖြစ်လေသည်။သူထိုသို့ပြောတော့ ဟိန်းထက်သည်လည်း သူ့ဘေးရှိနေရာတစ်ခုတွင်ဝင်ထိုင်လာလေသည်။

"ဘုရားဖူးသူတွေများတယ်နော်"

အရှေ့ရှိရွှေဝါရောင်ဝင်းကာ ကြည်ညိုဖွယ်ကောင်းသောစေတီတော်အားကြည့်ရှုနေရင်း
လပြည့်မှပြောလာခြင်းဖြစ်လေသည်။

"အင်း"

"မင်း ဘာဆုတောင်းလဲ?"

စေတီတော်အားကြည့်ရှုနေရင်းမှ ဟိန်းထက်ဘက်သို့လှည့်ကာမေးလိုက်ခြင်းဖြစ်လေသည်။

သူ့အမေးအား ဝမ်းနည်ရိပ်အနည်းငယ်နှင့်ဖြေလာသောကောင်လေး....

"မိဘနှစ်ပါးအတွက်ဆုတောင်းနဲ့ ကျွန်တော့်အတွက်ရောပေါ့"

"အစ်ကိုသိလား...ကျွန်တော်မွေးနေ့ပွဲမလုပ်တာကြာပြီ"

အခြားတစ်နေရာအားငေးကာဖြေနေရင်းမှ သူ့ဘက်သို့လှည့်လာသောဟိန်းထက်အား လပြည့်အကြည့်မလွှဲဘဲပြန်ကြည့်မိလေသည်။

"အဖေနဲ့အမေ ကားမှောက်ပြီးဆုံးသွားတဲ့နေ့က ကျွန်တော့်မွေးနေ့လေ။အဲ့ကတည်းကစလို့ ကျွန်တော်မွေးနေ့ပွဲမလုပ်တော့တာဘဲ"

"အဲ့အတွက်တော့ ငါစိတ်မကောင်းပါဘူး။ဒါ‌ပေမဲ့ အဲ့တာတွေကကြာခဲ့ပြီလေ...။သူ့တို့လည်း တစ်နေရာရာမှာဘဝအသစ်အဖြင့် ပြန်ဝင်စားနေလောက်ပါပြီ။သူတို့ရှိရင်လည်း မင်းဒီလိုဝမ်းနည်းပြီး ဘဝကိုဖြတ်သန်းနေတာအတွက် စိတ်ကောင်းမှာမဟုတ်ဘူး..ပျော်ပျော်နေစမ်းပါ"

လပြည့် သူ့အရှေ့ရှိဟိန်းထက်အားပြုံးပြ၍အားပေးစကားပြောလိုက်ခြင်းဖြစ်လေသည်။

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Onde histórias criam vida. Descubra agora