Part-40(final)

2K 47 61
                                    

Unicode....

*A little warning *

မနက်မိုးလင်းသောအခါ သူတို့အပြင်သွားရန်ပြင်ဆင်ကြသည်။

လပြည့်ရေချိုးခန်းထဲကထွက်လာလာချင်းမောင်ရှိရာသို့လျှောက်လှမ်းသွားမိသည်။မောင်ကသူလာတာမြင်တော့ တစ်စုံတစ်ခုအားဖွက်လိုက်သည်ကိုသူမြင်လိုက်သည်။ဖွက်လိုက်သည်ဆိုကတည်းက သူ့အားမမြင်စေချင်သည်မို့သူလည်းမေးမနေတော့ပါ။

ထို့နှင့်သူတို့နှစ်ယောက်ကမ်းခြေစတိုင်မိုးပြာရောင်ရှပ်အင်္ကျီလေးဆင်တူဝတ်ဆင်ကာ breakfastစားရန်ထွက်လာခဲ့သည်။

စားသောက်ပြီးတော့ကမ်းခြေတစ်လျှောက်နှစ်ယောက်အတူလမ်းလျှောက်မိကြသည်။

အကုန်လုံးကအပန်းဖြေရန်လာကြမို့ မြင်မြင်သမျှလူတိုင်း၏မျက်နှာထက်တွင် ပျော်ရွှင်မှုကိုယ်စီနှင့်ပင်။ထို့နှင့်သူတို့နှစ်ယောက် ကျောက်ဆောင်များရှိရာဘက်ခြမ်းသို့လာခဲ့ပြီး ကျောက်ဆောင်တစ်ခုတွင်ထိုင်ကြလေသည်။

မောင့်ပုခုံးအားခေါင်းလေးမှီပြီးဆိုမိသည်။

"မထင်ထားခဲ့ဘူး...စစတွေ့ခြင်းတုန်းကခပ်နွမ်းနွမ်းပုံစံလေးနဲ့ပန်းလာဝယ်တဲ့ကောင်လေး၊မိုးရေထဲမှာအအေးမိမှာစိုးလို့ထီးပေးခဲ့တဲ့ကောင်လေးက..အခုလို ငါရဲ့မောင်လို့ခေါ်တွင်ရတဲ့ငါ့ကောင်လေးဖြစ်လာမယ်လို့"

"မောင်ကတော့ထင်ထားခဲ့တယ်...။ပြည့်ကမောင့်ကောင်လေးဖြစ်လာမယ်လို့"

ထိုစကားကြောင့် လပြည့်ခပ်ဖွဖွရယ်မိသည်။

"မောင်က အပိုင်ကိုတွက်ထားတာလား"

"အပိုင်တွက်တာမဟုတ်ပါဘူး..။ယုံကြည်ထားတာပါ"

"ထားပါ။ဘာပဲဖြစ်ဖြစ်..အခုမောင့်ကောင်လေးဖြစ်လာပြီပဲလေ"

ဟိန်းထက် လပြည့်ခေါင်းလေးအားနမ်းရှိုက်လိုက်ရင်းဆိုမိသည်။

"မောင်တို့ ခရုခွံလေးတွေကောက်ကြမလား"

"ခရုခွံလား?"

"အင်း...။မောင်ငယ်ငယ်တုန်းက ဒီကိုမိဘတွေနဲ့တစ်ခါလာဖူးတယ်။ပြီးတော့မောင်ကကမ်းခြေမှာခရုခွံလေးတွေကောက်ရတာကိုသဘောကျတယ်"

ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအဆုံးထိ....♥)《Completed》Donde viven las historias. Descúbrelo ahora