အခန်း (၁.၁)

10.1K 459 6
                                    

Alert!!! Please don't share on any social media platform.

Unicode

အခန်း (၁.၁)
[လက်ရှိအချိန်]

"ဒေါက်တာစူး၊ ဒေါက်တာစူး၊ ဒေါက်တာစူး?"

စူးယွမ်ဟန် မျက်လုံးဖွင့်ကြည့်လိုက်လျှင် သူနာပြုခေါင်းဆောင်သည် သူ့အားပြုံးကြည့်လျက်
" ဒီလောက်အိပ်မောကျနေတာ ဘာဖြစ်လို့လဲ?"

"အာ, မှေးမှေး အိပ်ပျော်သွားတာထင်တယ်။ "
သူ မျက်လုံးပွတ်ပြီး ကပျာကယာခါးမတ်လိုက်သည်။

" ဒီမှာမအိပ်နဲ့။ အအေးမိမယ်။ ခင်ဗျား အလုပ်ဆင်းလို့ရပြီ။ လွှတ်တော်အမတ်ရဲ့ခွဲစိတ်မှု ပြီးသွားပြီ။ ချောချောမွေ့မွေ့ပဲ။ ညွှန်ကြားရေးမှူက ခင်ဗျားကို အိမ်ပြန်ပြီး အနားယူဖို့ပြောလိုက်တယ်။ စနေနေ့မှ ပြန်လာခဲ့တော့။ "

" ကောင်းပါပြီ။ "

လျို့ဝှက်စွာ လက်ခံထားသည့် အစိုးရအရာရှိ၏ ဦးနှောက်ခွဲစိတ်မှုသည် ၁၄နာရီကြာမြင့်၏။ အဓိကအာရုံကြောအစိတ်အပိုင်းခွဲစိတ်ရန် ပထမဆုံးခြောက်နာရီအတွက် စူးယွမ်ဟန် တာဝန်ယူရသည်။ ခွဲစိတ်စားပွဲရှေ့ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေရခြင်းက သူ၏ ခြေထောက်တို့အား ထုံကျင်လာစေသည်။ အလွန်အကျွံအာရုံစူးစိုက်မှု၏ အကျိုးဆက်သည်လည်း သူ့ကို ရက်အနည်းငယ်အထိ နေ့ရောညပါ မအိပ်မနေဖြစ်စေပြန်သည်။

" ကျွန်တော် ဆင်းပြီ သူနာပြုကျန်း။ ညချမ်းပါ။"

" ညချမ်း။"

စူးယွမ်ဟန်တစ်ယောက် မြေအောက်ကားပါကင်ဆီသွား၍ ကားထဲဝင်ကာ စတင်မောင်းထွက်လေသည်။

သူ အမှတ်တမဲ့ ကားပြူတင်းကိုဖွင့်ထားမိလျှင် ပူပြင်းသောနွေရာသီ၏လေရူးသည် သူ့နားနား ချာလပတ်လည်ကာ ဖြတ်တိုက်သွား၏။

ဆောင်းရာသီတွင်သာ သူအိပ်မက် မက်လိမ့်မည်ဟုထင်ခဲ့သည်။ ပူပြင်းသောနွေရာသီ၌ပင်လျှင် ထိုကဲ့သို့သောအိပ်မက်မျိုး သူမက်‌နေသေးသည် ဟု မည်သူထင်မည်နည်း။

တော်သင့်ပြီ။ သူအလွန်မောပန်းနေ၏။ မဟုတ်သေး သူ၏စိတ်နှလုံး နွမ်းလျနေသည်။

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Where stories live. Discover now