အခန်း (၇.၂)

2K 333 7
                                    

Unicode

အိမ်ပြန်လမ်း၌ ယန်ယွိဟန် အလွန် ပူးပေါင်းပေးသည်။ သူ့တွင် တုံ့ပြန်မှုအလျဉ်းမရှိသလောက်နီးပါးပင်။ လမ်းလျှောက်ဖို့ပြောလျှင် လျှောက်ပြီး ထိုင်ဆို ထိုင်သည်။ နာကျင်မှုထကြွသည့်အချိန်သာ ပေထန်းမင်ချန်းက စူးယွမ်ဟန် ဆေးထိုးပေးလို့ရရန် ချုပ်ပေးထားသည်။ ထိုမှလွဲ အရာရာဟာ ရှောရှောရှူရှူပင်။

စူးယွမ်ဟန်၏ လက်ရှိအခြေအနေနှင့် စူးယွမ်ဟန်ဘက်မှ ပြဿနာမရှိဟုပြောလျှင်တောင် ပေထန်းမင်ချန်းကတော့ စိုးရိမ်နေသေးသည်။ ထို့ကြောင့် သူတို့ပြန်ရောက်သည့်အခါ  ပေထန်းမင်ချန်း ပရော်ဖက်ရှင်နယ် စိတ်ရောဂါ အထူးသူနာပြု ငှား၏။

အမျိုးသားသူနာပြုသည် စိတ်ရောဂါဝေဒနာရှင်များအား ပြုစုရာတွင် အတွေ့အကြုံအလွန်ရှိပြီး နောက်ဆုံးအဆင့်ကင်ဆာ လူနာကို ကိုင်တွယ်ခြင်းမှာလည်း ကျွမ်းကျင်သည်။

သူ့လစာနှင့်ပတ်သက်၍ ပေထန်းမင်ချန်း အလွန်ရက်ရောသည်။ ပေထန်းမိသားစု၏ ပါဝါနှင့် ထိုသို့သောလူရှာရန် အင်မတန်မှ လွယ်သည်။

သူတို့ အိမ်ကိုတန်းမပြန်။ စူးယွမ်ဟန်နှင့် သူ့အဖေအား ကျေးလက်စံအိမ်ဆီ ပေထန်းမင်ချန်း ခေါ်သွားသည်။

" ဒီနေရာက?"
စူးယွမ်ဟန် အနည်းငယ် ထူးဆန်းသလို ခံစားမိသည်။

ပေထန်းမင်ချန်းသည် ပြုံး၍
" မနှစ်က မော်ဒယ်လ်လုပ်လို့ရတဲ့ငွေနဲ့ ဒီနေရာကို ဝယ်ထားတာ။ လွန်ခဲ့တဲ့နှစ်လတုန်းက မင်းကို surprise လုပ်မလို့? အခုထိကို အကောင်အထည်မပေါ်လိုက်ဘူး။ "

သတိမရှိသည့် ယန်ယွိဟန်နှင့် စူးယွမ်ဟန်ကို သူ အိမ်ထဲခေါ်လာသည်။ အတွင်းပိုင်းအပြင်အဆင်သည် သက်သောင့်သက်သာနှင့် ရိုးရှင်းပေမယ့် နည်းနည်းတော့ ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့။ ကြည့်ရုံနှင့် လူအထိအတွေ့ နွေးထွေးမှု ကင်းမဲ့နေသလို။

" သိပ်တော့ အဆင်သင့်မဖြစ်သေးဘူး။ နောက်မှ ဖြည်းဖြည်းချင်း ပေါင်းထည့်လို့ ရတာပဲလေ။ ဒီပတ်ဝန်းကျင်က ကောင်းပြီး အခန်းလည်းများတယ်။ သူနာပြုချန်လာရင် သူနေဖို့ အခန်းလည်းရှိမယ်။ မင်းအဖေကို ပြုစုဖို့ဆို တော်တော် အဆင်ပြေတယ်။ "

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Nơi câu chuyện tồn tại. Hãy khám phá bây giờ