အခန်း (၂.၂)

2.1K 315 1
                                    

Unicode

သူတို့နှစ်ယောက် လူသိအများဆုံး ဈေးဆိုင်ဆီသွားကြသည်။ လူကတော့ သိပ်မရှိ။ တိတ်ဆိတ်သည့် ခုံနေရာတွင် ရွေးထိုင်လိုက်ကြ၏။ ပေထန်းမင်ချန်းက စားစရာတချို့ကို တရင်းတနှီးမှာသည်။ မီနူးစာရွက်ကိုင်ထားသော ကောင်မလေးက နေကာမျက်မှန်ကိုတောင် ထိုးဖောက်နိုင်သည့်အကြည့်တို့ဖြင့် သူ့ကိုငေးနေသည်။

စားစရာမှာပြီးနောက် ကောင်မလေးသည် ဖြည်းဖြည်းချင်း လျှောက်ထွက်သွားသည်။ သို့သော် တခြားဧည့်သည်များကို သူ(မ)နှုတ်ဆက်နေသည့်အချိန်မှာတော့ ဖြတ်ခနဲသာ ကြည့်သည်။

စူးယွမ်ဟန် ပြုံး၍
" မင်းကတော့ တကယ် စန်းရှိပါပေတယ်။"

" ဪ"
ဟု ပေထန်းမင်ချန်းက စိတ်ထဲမထားဟန် ထိုင်ခုံကို ခပ်လျော့လျော့မီပြီးသာ ပေါ့ပေါ့ပါးပါးပြန်ဖြေသည်။

အနီရောင်ဆံပင်တု၊ အနက်ရောင်ရှပ်နှင့် ဂျင်ပန်၊ ခပ်ကြီးကြီး နေကာမျက်မှန်အပြင် ထူးထူးဆန်းဆေးကွေးကောက်နေသော နဂါးပုံနားဆွဲဖြင့် သာမန်လိုဝတ်စားထားသော သူ့ကို စူးယွမ်ဟန်ကြည့်နေသည်။

ပေထန်းမင်ချန်းသည် လက်ပတ်နာရီပင်ဝတ်မလာ။ ဘယ်ဘက်နားရှိ နားဆွဲတစ်ဖက်မှလွဲ၍ တခြားလက်ဝတ်ရတနာမရှိ။ သူ့တစ်ကိုယ်လုံး ကောလိပ်ကျောင်းသားပုံစံပေါက်နေသည်။ သို့သော် သူ၏စရိုက်နှင့် နေပုံထိုင်ပုံကတော့ လူတိုင်း၏အထက်တွင် ရှိနေဆဲ။ ဆူညံသောပတ်ဝန်းကျင်တွင် ထိုင်နေရင်းတောင် ပြိုင်စံရှား တည်ကြည်ခံ့ညားသည့် အငွေ့အသက်မျိုး ထွက်ပေါ်နေသည်။

" ဒီကိုမလာရတာကြာတော့ တကယ်သတိရတယ်။"
မီးခြစ်ကိုလက်နှင့်လှည့်ကစားနေသည့် ပေထန်းမင်ချန်း ဘေးပတ်ပတ်လည်ကိုကြည့်၍ ဆိုသည်။
" ဘာမှတော့ ပြောင်းလဲမသွားဘူး။ အစိုးရက ဒီနေရာကို မဖြိုဘူးပဲ။"

" ဒါက ဒေသရဲ့ အထင်ကရလက္ခဏာဆိုပေမယ့် ကာကွယ်ဖို့ အရမ်းနောက်ကျနေပြီ။"

ပေထန်းမင်ချန်း ခေါင်းလှည့်လာသည်။ နေကာမျက်မှန်နောက်ရှိ မျက်ဝန်းတို့ဖြင့် စူးယွမ်ဟန်အား စူးစိုက်ကြည့်လျက်နှင့် ခပ်ဟဟရယ်၏။
" မင်းလည်း လုံးဝပြောင်းလဲမသွားဘူး။"

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Where stories live. Discover now