အခန်း (၄.၁)

2K 331 4
                                    

Unicode

သူနာအုပ်ကြီးဝင်လာသောအခါ အဖော်မဲ့ အထီးကျန်ဆန်နေသော စူးယွမ်ဟန်၏ ကောက်ကြောင်းဖျော့ဖျော့ကိုတွေ့ရသည်။ သူ့အကြည့်နောက် ခြေရာခံမိတော့ ပထမဆုံးအကြိမ် သူ မိဘမဲ့ဂေဟာတွင်ပေါ်လာသည့်နေရာဆီ အတိအကြည့်တို့ကျရောက်သွားသည်။

[FLASHBACK]

သူနာအုပ်ကြီး တိတ်၍ သက်ပြင်းကြိတ်ချမိသည်။ ထိုနှစ်က မာဖလာအကြီးစားကို လက်သေးလေးလေးများနှင့် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လျက် မိဘမဲ့ဂေဟာဝင်ပေါက်၏ထောင့်နားလေးဝယ် ကိုယ်ကိုကျုံ့ထားသည့် အေးတိအေးစက် စူးယွမ်ဟန်လေးအား သူမတွေ့ခဲ့သည် နေရာဖြစ်သည်။

သူ့ကို မိဘမဲ့ဂေဟာဆီခေါ်လာကာ သတိပြန်ဝင်စေရန် စောင်ထူနှင့် ဆန်ပြုတ်ပူကို သုံး၍ ချော့မော့ခဲ့ရသည်။ သို့သော် စူးယွမ်ဟန်မှာ အပြင်းဖျားနေသဖြင့် သတိမရနိုင်ရှိနေခဲ့သည်။ ကလေးတစ်ယောက်၏ နူးညံ့ပါးလျသည့် အသံလေးနှင့် ငိုယိုပြောမလာခင်အထိ
" ....ဖေဖေ့ကိုစောင့်ရမယ်။ ကျွန်တော့်ကိုလွှတ်။ အပြင်မှာ ... ဝူး ဝူး...မသွားဘူး... ရှောင်လီစောင့်မယ်။ ရှောင်လီ ဖေဖေ့ကိုစောင့်မယ်... ဝူးဝူး... ဒီကနေ ဖေဖေ့ကိုမမြင်ရဘူး... ဖေဖေ့ကိုစောင့်ရမယ်..."

ထိုသို့ဇွဲကောင်း၍ ခေါင်းမာလွန်းသောကလေးဖြစ်သည်။ ဖျားနေချိန်မှာပင် မည်သူ့ပြောစကားမျှနားမထောင်ဘဲ အဆက်မပြတ်ရုန်းကန်နေဆဲ။ တိတ်တိတ်လေးထ၍ ညအိတ်ဝတ်စုံနှင့် အပြင်ထွက်သွားခဲ့ပြန်သည်။

ထိုအခါတုန်းကသာ အချိန်မီရှာမတွေ့ခဲ့ပါလျှင် ထိုအေးစက်သော ဆောင်းည၌ ထိုကလေး အသက်ပျောက်နေလောက်ပြီဖြစ်သည်။

သို့ဖြစ်၍ ပြတင်းပေါက်ကျယ်မှလှမ်းကြည့်လို့ရသည့် ဒုတိယထပ်တွင် သူ့ကိုထားရုံမှတစ်ပါးရွေးစရာမရှိချေ။ ဒါတောင် အခန်းထဲမှ တလှုပ်လှုပ်အရိပ်အယောင်တို့ကို မြင်နေရဆဲဖြစ်သည်။ သူ့အား ထိုနေရာမှ အပြင်သို့လှမ်းမြင်ရကြောင်း၊ အဖေ့ကိုလည်း မြင်နိုင်မှာဖြစ်ကြောင်းပြောရသည်။ သူ(မ)နှင့် တခြားကလေးများသည်လည်း သူ့အဖေကို ကူစောင့်ဆိုင်းပေးခဲ့ကြ၏။ သူ့အဖေပြန်လာလျှင် ထိုနေရာကနေ လက်လှမ်းပြပါက အဖေဖြစ်သူ ကျိန်းသေပေါက် မြင်နိုင်မည်ပဲဖြစ်သည်။

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Donde viven las historias. Descúbrelo ahora