Unicode
နောက်တစ်နေ့ ပေထန်းမင်ချန်း အစည်းဝေးတက်ရသည်။ အလွန်နောက်ကျနေ၍ သူပြန်လာချိန်ထိ စူးယွမ်ဟန် ညစာ မပြင်ခဲ့။
စူးယွမ်ဟန်သည်လည်း ညနေ ၆နာရီအထိ မူးနောက်နောက်နှင့် အိပ်ပျော်သွားသည်။ သူ နိုးလာချိန် တစ်ကိုယ်လုံးအားနည်း၍ ဗိုက်က လေးလံနေသည်။ ဒါဟာ အပူပေးစက် အလွန်မြင့်အောင်ဖွင့်ထားသဖြင့် သူ့တစ်ကိုယ်လုံး ချွေးရွှဲနေခြင်းဖြစ်သည်။
ကိုယ်ဝန်သည်တစ်ယောက်အတွက် အချိန်တိုင်း ရေချိုးဖို့ မသင့်တော်။ သူရေချိုးသည်နှင့်ပတ်သက်၍ ပေထန်းမင်ချန်း စိတ်မချရကား အမြဲလိုလို ကူညီပေးတတ်သည်။ စူးယွမ်ဟန်ဟူက အသန့်အလွန်ကြိုက်ပြီး တစ်နေ့ ရေမချိုးရလျှင် မနေတတ်။ တစ်ခါတရံ ပေထန်းမင်ချန်း အိမ်တွင်မရှိစဉ် သူ တိတ်တိတ်လေး ရေခိုးချိုးတတ်သည်။
ယခု သူနိုးလာတော့ ချွေးရွှဲနေ၍ အင်တိုက်အားတိုက်ထပြီး တလှုပ်လှုပ် တနဲ့နဲ့နှင့် ရေချိုးခန်းထဲ ဝင်လေသည်။
ဗိုက်က ကြီးလွန်းပြီး လှုပ်ရှားမှုတိုင်းလည်း ကိုးရို့ကားယားဖြစ်နေသောကြောင့် ရေချိုးရာတွင် စူးယွမ်ဟန် အင်မတန်ဂရုစိုက်ရသည်။ မကြာခင်ကပဲ လေထိုးထည့်ထားသည့်အတိုင်း ဝမ်းဗိုက်မှာ မြန်ဆန်သည့်နှုန်းနှင့် ကြီးထွားလာ၏။ လွန်ခဲ့သည့်လ ချင်စုဒီမှာနေစဉ် စူးယွမ်ဟန် သူ့ဗိုက်ကို ဖုံးဖိနိုင်ခဲ့သေးသည်။ တကယ်တော့ နောက်ကကြည့်လျှင် မသိသာပေ။ ဒါပေမယ့် ယခုနေ ချင်စု ဒီမှာသာ ရှိက ထိုဗိုက်ကိုမြင်၍ လန့်ပြီး ထခုန်လောက်သည်။
ရေချိုးပြီး နံရံကိုထောက်လျက် လက်ထဲ တာဝါတစ်ထည်ကိုင်ကာ ချိုးကန်ထဲမှ ထသည်။ ငွေ့ရည်ပြန်နေသည့် မှန်ထဲမှတစ်ဆင့် ဗိုက်ပေါ်ရှိ အကြောပြတ်ရာများကိုမြင်ရသည်။ တကယ် ကြည့်မကောင်းဖွယ်။
စူးယွမ်ဟန်၏ စိတ်တွေ ရှုပ်ယှက်ခတ်နေသည်။ သူ့ဗိုက်အား ပေထန်းမင်ချန်းနမ်းသည်ကိုတွေးမိပြီး ရှက်၍ ရွံသလို ခံစားရသည်။
သူ့မှာ မပေါ့မပါးနှင့် ကုန်းပြီး ခြေထောက်မှ ရေများသုတ်သည်။ သူ အလွန်မေ့တတ်၍လားမသိ; ဖြစ်ပြီးသည်နှင့် သမံတလင်းထက်ရှိ ဖျာပေါ် ဘယ်လို လဲကျသွားမှန်းပင် သတိမရတော့
ESTÁS LEYENDO
ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️
RomanceAuthor(s) Shi Shi 十世 Artist(s) YO花OY 10 chapters + 2 extras Retranslating with permission from English Translation Group. Credits and Thanks to RosySpell Translation. Eng Tran links: https://rosyspell.wordpress.com/seeking-fate/ https://www.wattpa...