အခန်း (၃.၂)

2K 323 4
                                    

Unicode

လက်စသတ်တော့ ပေထန်းမင်ချန်းသည် သူ့အား ချစ်သူအနေနှင့် သဘောထားခဲ့သည်တဲ့။

ရင်ထဲမှ ခံစားချက်များကို စူးယွမ်ဟန် ဖော်ပြလို့ပင်မရတော့။ သို့သော် ပေထန်းမင်းချန်းကတော့ အဆုံးစွန်အထိ ပေါက်ကွဲနေသည်။ လွန်ခဲ့သည့် ကျေးလက်စံအိမ်မှာကတည်းက စူးယွမ်ဟန်၏ တုံ့ပြန်မှုကို သည်းမခံနိုင်စွာ စိတ်ဆိုးနေခဲ့ရာ ယခုအချိန်၌ ပိုလို့ပင် ဒေါသ ပြင်းပြင်းထန်ထန်ထွက်လာသည်။

" နောက်တစ်ယောက် ရှိနေလား? "

" ဘာ? "
သည်တစ်ခါ ကြောင်အ သွားသူမှာ စူးယွမ်ဟန်။

" မင်းမှာ နောက်တစ်ယောက်ရှိနေလားလို့ မေးတာ! "

" ဘာစကားတွေ ပြောနေတာလဲ?!"
စူးယွမ်ဟန်၏အသံလည်း မြင့်တက်သွားသည်။

" ဒါဆို မင်း ဘာဖြစ်နေတာလဲ? ငါ ခြောက်လကြာအောင် ပြန်မလာခဲ့ဘူး ။ ပြန်လာတော့လည်း မင်းဘက်က ဘာလို့ စိမ်းကားနေလဲ? "

" စိမ်းကားတယ်...."
စူးယွမ်ဟန် စိတ်ဆိုးလွန်း၍ ခေါင်းစ ခြေဆုံး တုန်ခိုက်လာရ၏။
" သွားမယ်ပြောပြီး မင်း ထွက်သွားတယ်။ နှစ်ဝက်ကြာအောင်သွားပြီး ငါ့ကို အသိမပေးဘဲပြန်လာတယ်။ ပြီးတော့ အိမ်ရောက်ရောက်ချင်းပဲ ငါ့ကို ကြမ်းပြင်ပေါ်မှာလုပ်တယ်...ဒါတောင် အခု ငါ့ကို စိမ်းကားတယ်လို့ ပြောလိုက်တာလား? တကယ်စိမ်းကားတာ ဘယ်သူမို့လို့လဲ? "

ပေထန်းမင်ချန်း မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းကာ ချွန်ထက်သောအေးစက်မှုအလင်းတန်းတို့ လှပသည့် မျက်အိမ်များ၌ စွန်းထင်းကပ်ငြိနေသည်။ ဤခဏမှာပင် ထိုအမူအရာဖြင့် ဖိနှိပ်သည့်အငွေ့အသက်ထွက်ပေါ်လာကာ

" ဒါဆို ယန်ယွိဟန်က ဘယ်သူလဲ? "
ဟု အသံနှိမ့်မေးရင်း စူးယွမ်ဟန်ကို အေးစက်စက် စိုက်ကြည့်သည်။

" ငါ မသိဘူး! ငါ မသိဘူးလို့ ပြောပြီးပြီလေ!"
စူးယွမ်ဟန်၏ တစ်ကိုယ်လုံး ထိန်းမရစွာ တုန်လှုပ်လျက်။

" မင်း-ညာ-နေ-တာ! "
ပေထန်းမင်းချန်း သူ့အား အနီးကပ် ကြည့်သည်။

စူးယွမ်ဟန် သည်းခံနိုင်သည့်အဆုံးထိ ရောက်သွားချေပြီ။သည်နေ့ အသက်ရှူကျပ်သောနေရာတွင် ပေထန်မင်ချန်း၏ အစ်မက သူ့အား ဖိနှိပ်ခဲ့ပြီး အခုတစ်ခါ ပေထန်းမင်ချန်းကပါ သူ့ကို သစ္စာမဲ့သည်ဟု စွပ်စွဲနေသဖြင့် စူးယွမ်ဟန် ပေါက်ကွဲချင်လာ၏။

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Hikayelerin yaşadığı yer. Şimdi keşfedin