အခန်း (၈.၁)

2K 309 1
                                    

Unicode

တရုတ်နှစ်သစ်ကူးမတိုင်မီ ယန်ယွိဟန်သည် အိမ်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့သည်။ သူ မဆုံးခင် မကြာခဏ သတိပြန်လည်တတ်သည့် အကြိမ်ပေါင်းများစွာရှိပြီး နောက်ဆုံး သူ့ရှေ့မှလူကို မှတ်မိနိုင်ခဲ့သည်။ သို့သော် ထိုအချိန် သူဟာ မလှုပ်နိုင်အောင် အားအင်ကုန်ခမ်းနေခဲ့ပြီဖြစ်သည်။

" အဖေ...."

အဖေဖြစ်သူ၏ အရိုးပေါ်အရေတင်လက်ကိုယူ၍ စူးယွမ်ဟန် သူ့ပါးနှင့်အပ်ကာ ညင်သာစွာ နှိပ်နယ်ပေးသည်။

ယန်ယွိဟန်သည် ချည့်နဲ့လျက်က အပြုံးရေးရေး အားတင်းပြုံးလို့ ပါးစပ်ဟသည်။

သူနာပြုချန်က လာပြီး အော်ဆီချင်အဖုံးကို ဖယ်ရှားပေးသည်။

" ရှောင်လီ... တောင်းပန်ပါတယ်... အ...  သွားရှာခဲ့ရမှာ။ "

" အဖေ..."

စူးယွမ်ဟန်၏မျက်နှာပေါ်မှလက်ကို နှစ်သိမ့်ပေးသလို ယန်ယွိဟန် လှုပ်ရှားသည်။ ယန်ယွိဟန် ခက်ခဲစွာ အားယူပြောဆိုခဲ့သော ထိုကြည်လင်ပြတ်သားသည့် စကားလုံးများဟာ သူ၏ နောက်ဆုံး စကားဖြစ်ခဲ့သည်။

စူးယွမ်ဟန် ငိုချင်ပေမယ့် မငိုရက်နိုင်။

ပြုံးပြုံးလေး သွားသည့် သူ့ဖခင်၏ မျက်နှာကို မြင်တော့ ကလေးဘဝအား ရုတ်တရက် ပြန်တွေးမိစေသည်။ ပန်းခြံထဲပြေးနေတုန်း သူ လှည့်ကြည့်စဉ် ယခုလို တူညီသည့်အပြုံးမျိုးနှင့် ပြုံးပြနေသော အဖေ့ကို တွေ့ခဲ့ရသည်။

တခြားလူမရှိ....

ဤလောက၌ သူ့အား နှလုံးသားတစ်ခုလုံးပေး၍ ချစ်ပေးသူ တခြားလူမရှိတော့။

စူးယွမ်ဟန် အလွန်ကိုမှ စိတ်အေးနေသည်။

နောက်ဆုံးနေ့‌တွေမှာ သူ့အဖေ၏ ဘေးနားရှိပေးပြီး အနည်းဆုံးတော့ ဝတ္တရားသေးသေးလေး ကျေပွန်ခဲ့၍ဖြစ်မည်။

သို့မဟုတ် ဒုက္ခသုက္ခအပြည့်နှင့် ဘဝတစ်လျှောက်ရှင်သန်ခဲ့ရသော သူ့အဖေအတွက် သေခြင်းတရားကသာ အငြိမ်သက်ဆုံးဟု မြင်မိ၍လည်းဖြစ်မည်။

သုဿန်မှ ပြန်လာတော့ စူးယွမ်ဟန် အာယာယံကို မော့ကြည့် ရေရွတ်လိုက်သည်။
" အဖေနဲ့ အဲဒီလူ... ကောင်းကင်ဘုံမှာ ဆုံနိုင်မလား သိချင်တယ်။ "

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Where stories live. Discover now