Unicode
ပေထန်းမင်ချန်း အချိန်မှန် အိမ်ပြန်လာသည်။ ဆိုဖာပေါ်ထိုင်နေသည့်စီဗာကိုမြင်တော့ သူ သိပ်မအံ့ဩ။
" မင်းကို ဝတ်စုံပြည့်နဲ့ ပထမဆုံးတွေ့ရတာပဲ။ အရမ်းချောတယ်!"
ပြော၍ စီဗာ ရွှတ်နောက်နောက် လေချွန်သည်။" ဒီနောက်ပိုင်း ဘယ်လိုလူမျိုးတွေကို စီမံနေလဲ?"
မေးရင်းက ပေထန်းမင်ချန်း ဂျက်ကပ်ကိုချွတ်၊ လည်စီးဆွဲချပြီး အင်္ကျီကောလံအား လျှော့သည်။ သူ့တစ်ကိုယ်လုံး လုံးဝမတူတော့သလို။ဒါဟာ စူပါမော်ဒယ်တစ်ယောက်၏ ညှို့ဓာတ်။ ဘယ်လိုတောင် လှလိုက်သလဲ!
" ဖာ့ခ်! မင်း မေးရဲသေးတယ်နော်! အသိမရှိဘူး! ငါ့ကို တစ်ခွန်းမပြောဘဲ ပစ်ထားခဲ့တယ်။ ငါဘယ်လောက် စိတ်ဆင်းရဲခဲ့ရလဲ မင်း သိလား?"
စီဗာ၏လေသံထဲ ခါးသီးမှုအပြည့်။ပေထန်းမင်ချန်း ပြုံးသည်။
" မင်း အလုပ်ထွက်လိုက်ပြီ ကြားတယ်?"" အင်း။ "
" အခု ဘာလုပ်ဖို့ စီစဉ်ထားလဲ?"
" မသိဘူး။ "
ဧည့်ခန်းထဲ သူတို့နှစ်ယောက်ပဲရှိစဉ် စီဗာ စီးကရက်မီးညှိလို့ ဆိုဖာနောက်ခံပေါ် ခပ်လျော့လျော့ မီထိုင်သည်။ ကျဉ်းမြောင်းသောမျက်လုံးများနှင့် ပြောသည်မှာ
" အင်္ဂလိပ်ဆရာ ဖြစ်လာနိုင်တယ်။ အဖေက ငါ့ကို အဲဒါ ဖြစ်စေချင်တာ။ "ပေထန်းမင်ချန်းသည် စားခန်းထဲသွား၍ ဘီယာနှစ်ဘူးထုတ်ယူလာကာ တစ်ဗူးအား စီဗာဆီ ကမ်းပေးလျက်
" ဆရာ? မင်းက?"စီဗာတစ်ယောက် သူ့ဆံပင်တွေ ဖိသိမ်းပြီး ကော်လာစကို ဆွဲဆက်ဆန့်ရင်းက ကလက်တက်တက်အမူအရာ ဖယ်လိုက်သည်။
" ငါလည်း ကောင်းကောင်းဝတ်ရင် လူကြီးလူကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ "ပေထန်းမင်ချန်းကတော့ အော်ဂလီဆန်သည်။ စီဗာ့လက်ထဲမှ စီးကရက်ကို ဆွဲယူပြီး ပြာထဲ ထိုးချေလိုက်သည်။ ပြီးမှ ခပ်သဲ့သဲ့ဆိုသည်ကား
" အခုကစပြီး အိမ်မှာ ဆေးလိပ်မသောက်နဲ့။ ဒါဆို ငါ့အတွင်းရေးမှူး လုပ်လေ။ "" ဖွီး--!"
စီဗာတစ်ယောက် ပါးစပ်ထဲမှ ဘီယာတွေ ပြန်ထွက်ကုန်သည်။ သူ နှုတ်ခမ်းပါးနား အလျင်အမြန်သုတ်၍ ကြည့်ပြီး
" စကားနှစ်ခွန်းက တော်တော် ကွာဟလွန်းတယ်။ မင်း နောက်နေတာ မဟုတ်လား?"
YOU ARE READING
ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️
RomanceAuthor(s) Shi Shi 十世 Artist(s) YO花OY 10 chapters + 2 extras Retranslating with permission from English Translation Group. Credits and Thanks to RosySpell Translation. Eng Tran links: https://rosyspell.wordpress.com/seeking-fate/ https://www.wattpa...