Unicode
" အိုက်ယား။ နယူယောက်ရာသီဥတုက ဘာလို့ ဒီလောက် ပူရတာလဲ? ပိုပါးတဲ့ဟာ ဝတ်လာသင့်တယ်။ "
စီဗာ သူ၏ ဖဲပြားပုံလည်စီးကို စိတ်မရှည်စွာ ဆောင့်ဆွဲသည်။" ဟေ့ ကောင်းကောင်းနေ။ ကောင်းကောင်းရပ်။ အရမ်းမလှုပ်နဲ့။ မင်္ဂလာပွဲစတော့မယ်။ လည်စီးကို လျှောက်မလုပ်နဲ့။ "
ပေထန်းဟွေ့ကျီးက ဘုရင်မလိုပုံနှင့် စီဗာ့ကို လက်ညှိုးထိုးပြောသည်။မျက်နှာခွဲစိတ်ပြုပြင်ထားပေမယ့် မျက်လုံးတွေကတော့ ပေထန်းမင်ချန်းနှင့် အတူတူပင်။ သူ(မ)၏အကြည့်တစ်ချက်နှင့် သူ့ သူဌေး သူ့ရှေ့ရောက်နေသည်ဟု ခံစားရပြီး ချက်ချင်း ငြိမ်ချက်သားကောင်းသွားသည်။
မိန်းမတွေ တကယ် ဆက်ဆံရ ခက်တာပဲ။ ချင်စုလို အရူးလေးကဖြင့် ပိုချစ်စရာကောင်းဦးမယ်။
ကောင်းကောင်းရပ်ရင်း စီဗာ စိတ်ထဲက ရေရွတ်သည်။ယနေ့ သူသည် လူပျိုရံ၊ ပေထန်းဟွေ့ကျီးက သတို့သမီးအရံ?
စီဗာအမြဲလိုလို ထူးဆန်းနေသည်မှာ သူဟာ စူးယွမ်ဟန်၏ လူပျိုရံဆိုလျှင် ပေထန်းမင်ချန်းအတွက် ပေထန်းဟွေ့ကျီးကိုတော့ မည်သို့သတ်မှတ်ရမည်နည်း?
ဘုရားကျောင်းနောက်ရှိ အဝတ်လဲခန်းထဲမတော့ စူးယွမ်ဟန်သည် ကြော့ရှင်းရည်မွန်သော အဖြူရောင်ဝတ်စုံဆင်မြန်း၍ သူတို့၏ ကျယ်လောင်လောင်ငိုနေသော သားလေးကို ချီထားသည်။ သူ အော်လိုက်၏။
" ချန်း။ မြန်မြန်။ မြန်မြန်။ ဒိုင်ပါ။ ဒိုင်ပါ။ "စူးယွမ်ဟန်နှင့်ဆင်တူ အဖြူရောင်ဝတ်စုံပြည့်ဝတ်ထားသော ပေထန်းမင်ချန်းလည်း ကလေးအဝတ်အိတ်ထဲ မြန်မြန်နှိုက်ကာ ဒိုင်ပါ ရှာသည်။
" တွေ့ပြီ။ ဒီမှာ။ "
သားဖြစ်သူ၏ စိုစွတ်စွတ်တင်ပါးကိုကြည့်ပြီး ပေထန်းမင်ချန်း ဆူသည်။
" ကောင်စုတ်လေး။ အချိန်ကိုက်ကို သေးပါချတာပဲ။ မင်္ဂလာပွဲက စတော့မယ်။ "စူးယွမ်ဟန်က အကျအန လဲပေးရင်း
" လီအာ့ကို အပြစ်တင်လို့မရဘူး။ ငယ်ငယ်လေးပဲရှိသေးတယ်။ "စူးယွမ်ဟန်၏ အဖေ ပေးခဲ့သော အမည်ကိုလေးစားသည့်အနေနှင့် သူတို့၏ သားကို " လီအာရ်" ဟု ချစ်စနိုးအမည်ပေးခဲ့သည်။
YOU ARE READING
ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️
RomanceAuthor(s) Shi Shi 十世 Artist(s) YO花OY 10 chapters + 2 extras Retranslating with permission from English Translation Group. Credits and Thanks to RosySpell Translation. Eng Tran links: https://rosyspell.wordpress.com/seeking-fate/ https://www.wattpa...