အခန်း (၈.၂)

2.1K 328 13
                                    

Unicode

ပေထန်းမင်ချန်း အိမ်ပြန်ရောက်သောအခါ အလွန် စိတ်ဖိစီးသွားသည်။

ထိုကောင်လေးရောက်ရှိမှုကြောင့် စူးယွမ်ဟန်၏ အားအင်ကို တက်ကြွစေသည်။ သို့သော် တစ်ဖက်က လူစိမ်းများနှင့် ဘယ်တော့မျှ ဆက်ဆံရခြင်းမနှစ်သက်သည့် ပေထန်းမင်ချန်းအတွက်မူ စူးယွမ်ဟန်နှင့် အေးချမ်းသည့်အိမ်လေးဆီ သူစိမ်းတစ်ယောက် ကျူးကျော်စွက်ဖက်လာသည်ကိုကြည့်ရင်း ခက်ခက်ခဲခဲ ညှိယူရသည်။

သူ့ကို ချင်စုမြင်လျှင် အကြာမှ အကြာကြီး မင်သက်သွားသည်။ စကားတထစ်ထစ်နှင့်
" ခင်ဗျားက.... မော်ဒယ်မဟုတ်လား.... ကျော်ကြားတဲ့မော်ဒယ် ဝါနာ?"

ဂေဟာရှိ မိန်းကလေးအများအပြားက သူ့ပရိတ်သတ်ဖြစ်သည်။ သူတို့ခမျာ ချွေးနည်းစာမုန့်ဖိုးလေးတွေစု၍ ပေထန်းမင်ချန်း၏ မဂ္ဂဇင်းများကို ပေါင်းဝယ်ကြရှာသည်။ ချင်စုသည်လည်း... သူ၏ တောင့်ဖြောင့်သောပုံစံကို တကယ် နှစ်သက်၏။ သူ့လို ဝမ်းဗိုက်ကြွက်သားမျိုးရအောင် သူ ရည်ရွယ်ထားသည်။

" မှားနေပြီ။ ငါ့ကို ပေထန်းလို့ခေါ်။ "
ပေထန်းမင်ချန်းက တည်ငြိမ်စွာ ပယ်ချသည်။

ပေထန်းမင်ချန်း၏ သရုပ်သကန်သည် အထူးသဖြင့် ချင်စုလို ရိုးသားသည့်လူငယ်လေးအတွက် ယုံကြည်စေရန် သိမ်းသွင်းနိုင်သော ပါဝါနှင့် လွှမ်းမိုးမှု အငွေ့အသက်မျိုး ပြသနေ၏။

" ဪ.... အင်း... စိတ်မရှိပါနဲ့။ ဒါဆို ပေထန်းလို့ခေါ်မယ်။ တွေ့ရတာဝမ်းသာပါတယ် လူကြီးမင်း ပေထန်း။ "
‌ချင်စုမှာ စိတ်လှုပ်ရှားလွန်း၍ စကားထစ်နေတုန်းပင်။

ဒါပေမယ့် တကယ် ဝါနာနဲ့တူတယ်....

စူးယွမ်ဟန်က သူ့ခေါင်းကို အသာဖွ၍
" ကောကောလို့ပဲခေါ်။ ပေထန်းကောကော ဆိုပြီး။ "

ချင်စု မင်တက်သွားရပြန်သည်။

သူ့ကို ကောကောလို့ ခေါ်ရမယ်?

သောက်ကျိုးနည်း... ဒီလောက် မောက်မာတဲ့.... လူမျိုးကို, ကောကောလို့ ခေါ်နိုင်ပါ့မလား?

တစ်ချက်ကြည့်ရုံနှင့် ပေထန်းမင်ချန်းဟာ သာမန်လူမဟုတ်ကြောင်း သိနိုင်သည်။ နဂိုက လူများအား အမှတ်မထင် လေးစားအံ့အားသင့်စေသော စရိုက်နှင့် မွေးဖွားလာသူ။ သို့ဖြစ်၍ သူ့အား မစော်ကားရဲ။

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Hikayelerin yaşadığı yer. Şimdi keşfedin