အချပ်ပို- လက်ဆောင် ၂

2.9K 360 11
                                    

Unicode

စူးယွမ်ဟန် ကျောကျဉ်သလိုခံစားရ၍ ခါးမတ်လိုက်ပြီး လက်နှင့် နှိပ်နယ်သည်။ ဤဘေးထွက်ဆိုးကျိုးသည် အရင်နေ့က ပျောက်သွားပြီး သည်နေ့မှ တစ်ခါ ပြန်ပေါ်လာ၏။

ပါးပါးကိုဖက်ထားသော လီအာသည် သူ့အမူအရာ အဆင်မပြေသည်ကိုမြင်တော့ လက်လေးဆန့်၍ သူ့ပါးပါး၏ ဗိုက်ကို အသာ ဖိပေးသည်။ ပွတ်သပ်ပြီး ညီလေးနှင့် ညီမလေးကို နမ်းရှုတ်ဖို့လည်း မမေ့။ နောက် ခေါင်းလေးမော့လို့ သူ့ပါးပါးကို ပြုံးပြသည်။ ထိုလူကြီးလေး ဆိုသည်မှာ
" ညီလေးနဲ့ ညီမလေးက သူတို့ လိမ်လိမ်မာမာနေမယ်လို့ပြောတယ်။ ပါးပါး မစိုးရိမ်နဲ့နော်။ "

အလွန်တွေးပေးတတ်သည့် သားဖြစ်သူကြောင့် သူ အလွန် မသက်မသာဖြစ်လျှင်တောင် တန်သည်ဟု စူးယွမ်ဟန် ခံစားရသည်။

ချစ်ဖို့ကောင်းလိုက်တဲ့ ကလေး။

မောင်နှမတွေရတော့မည်ဟု သိကတည်းက သူ၏ နတ်သမီးပုံပြင်စာအုပ်လေး ယူလာပြီး ဘေဘီတို့ကို ဖတ်ပြသည့်အပြင် စူးယွမ်ဟန်အားလည်း ကူနှိပ်ပေး၊ ဖိနပ်ကြိုးချည်ပေးတတ်သည်။

စူးယွမ်ဟန် လီအာ၏ ဆံစုလေးတွေကို သပ်တင်ကာ ခေါင်းထက်အား မရပ်မနား နမ်းတော့သည်။ လီအာဟာလည်း သူ့ပါးပါး နမ်းရလွယ်စေရန် ကိုယ်လေးမတ်ပြီး ဖြည့်ဆည်းပေးသည်။

တံခါးသော့ဖွင့်သံကြားတော့ လီအာ ဆိုဖာပေါ်ကနေ လှည့်ကြည့်သည်။ သူ့ဒက်ဒီပြန်လာပြီ။ လေးနှစ်သားလေးသည် ဆိုဖာပေါ်မှ ခုန်ဆင်း၍ တံခါးဆီပြေးသွားကာ အမျိုးသား၏ လက်မောင်းပေါ် ကသုတ်ကရက်တက်သွားလေသည်။ မြန်နှုန်းက ကြောက်ခမန်းလိလိ။

" ဒက်ဒီ!"

ပေထန်းမင်ချန်းက သားဖြစ်သူကို ချီလို့ မျက်နှာအနံ့ တအားကုန် နမ်းရှုတ်တော့သည်။

" သားကို ကယ်ပါဦး ပါးပါး!"

ပေထန်းမင်ချန်း၏ မုတ်ဆိတ်ငုတ်တိုများနှင့် ပွတ်သပ်ခံရပြီး လီအာ ယားကျိကျိ။ မွေးမွေးပေးခြင်းကို ရှောင်ရင်းက သူ့ပါးပါးဆီ အကူအညီလှမ်းတောင်းသည်။ ဒါဟာ နေ့တိုင်းဆိုသလို ထို ကလေးလူကြီးလေး တင်ဆက်သည့် ဒရာမာ။

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Where stories live. Discover now