Unicodeချင်စု (秦肅) မိဘမဲ့ဂေဟာသို့ပြန်ရောက်သော် ချင်စု (情愫) ဟူသည့် နာမည်ပြောင်ရသွားသည်။ ထိုနာမည်ကို စီဗာပေးခဲ့ခြင်းဖြစ်သည်။ ထိုအတွက် တကယ် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခုရှိ၏။
[FLASHBACK]
သည်တစ်ခါ စီဗာ " စိတ်ဆင်းရဲမှု " အပြည့်နှင့် ပြန်လာခဲ့သည်။ သူ ဥရောပမှာ ရှိနေသည့်အချိန်အတွင်း သူ့အား အသေးအမွှားလေးကအစ အမိန့်လိုက်ပေးနေသည့် ပွဲဦးထွက်မော်ဒယ်အားဖြင့် ပင်ပန်းနွမ်းနယ်စေ၏။ မန်နေဂျာတစ်ယောက်အနေနှင့်တောင် သူ့ကို မလေးစားဘဲ နာနီလို ဆက်ဆံခံရသည်။
ထို့ကြောင့် ကုမ္ပဏီကိုခေါ်ပြီး မန်နေဂျာပြောင်းပေဖို့ စီဗာ စိတ်ဆိုးမာန်ဆိုး ပြောခဲ့သည်။ ထိုအစုတ်အပြတ်ကောင်က သူဌေး၏ ဆွေမျိုးဖြစ်နေမှန်း မည်သူသိမည်နည်း။ ထို့ကြောင့် အလုပ်အမှုဆောင်များသည် သဘောမတူခဲ့။ သူဟာ ကုမ္ပဏီ၏ အကောင်းဆုံးမန်နေဂျာဖြစ်၍ တာဝန်ပေးပြီး ထိုအစုတ်အပြတ်နှင့်ပဲ ဆက်နေရမည်ဟု ပြောဆိုကြသည်။
စီဗာ၏ စရိုက်သည် ရန်စလို့ရသည့် စရိုက်မျိုးမဟုတ်။ အစကတော့ ကုမ္ပဏီမျက်နှာသာရစေရန် သူ နေခဲ့သည်။ သို့သော် ရက်အနည်းငယ်ကြာတော့ ထိုကလေးနှင့် နောက်ထပ် အကြီးအကျယ် အချင်းများပြီး စိတ်တိုတိုနှင့် အလုပ်ထွက်ပစ်လိုက်၏။ သူ အထုပ်ဆွဲ၍ ပြန်လာခဲ့သည်။
ပြန်ရောက်သည်နှင့် ပေထန်းမင်ချန်းကို ချက်ချင်းသွားရှာရာ တံခါးဖွင့်ပေးသူမှာ ချင်စုဖြစ်သည်။
ချင်စုလည်း တံခါးဖွင့်ပြီး သူ့ကိုမြင်လေလျှင် ချက်ချင်း ပြန်ဆောင့်ပိတ်လိုက်၏။
သောက်ကျိုးနည်းလား? ဘယ်တုန်းက တိုက်ခန်းပိုင်ရှင်ပြောင်းသွားတာလဲ? ဘာလို့ တစ်ခွန်းမှမမေးဘဲ တံခါးပိတ်သွားတာလဲ?
စီဗာတစ်ယောက် ဆွံ့ဆွံ့အအကြီး တံခါးပြင်တွင်ရပ်လို့ စူးယွမ်ဟန်ဆီ ဖုန်းခေါ်သည်။
အထဲ၌ ချင်စုက စူးယွမ်ဟန်ကို အော်ခေါ်သည်။
" စူးကော။ အပြင်မှာ လူစိမ်းတစ်ယောက် ရောက်နေတယ်။ ရဲခေါ်လိုက်ရမလား?"စူးယွမ်ဟန်သည် အိပ်ခန်းထဲ ကွန်ပျူတာဖြင့် ဖိုင်စီနေစဉ် ချင်စု၏ အသံကိုကြား၏။ သူ ပြန်မဖြေနိုင်ခင် ဖုန်းက မြည်လာသည်။ ကိုင်လိုက်လျှင် ကိုင်ချင်း စီဗာ တန်းမေးလေ၏။
" ဒေါက်တာစူး။ ခင်ဗျားတို့ အိမ်ပြောင်းသွားတာလား? ဘာလို့ ကျွန်တော့်ကို တစ်ယောက်မှ မပြောတာလဲ?"
ESTÁS LEYENDO
ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️
RomanceAuthor(s) Shi Shi 十世 Artist(s) YO花OY 10 chapters + 2 extras Retranslating with permission from English Translation Group. Credits and Thanks to RosySpell Translation. Eng Tran links: https://rosyspell.wordpress.com/seeking-fate/ https://www.wattpa...