အခန်း (၇.၃)

2K 321 5
                                    

Unicode

သားအဖနှစ်ယောက်ကို ကြည့်ပြီး ပေထန်းမင်ချန်း သက်ပြင်းသဲ့သဲ့ချသည် ။
" သူ့ကို ဂရုစိုက်ပေးပါ။ မင်းနဲ့အပ်ခဲ့မယ်။ ဖြစ်နိုင်ရင်.... ဘာမှမဟုတ်တော့ဘူး။ ဒီအတိုင်းလည်း ကောင်းမှာပါ။ "

" အင်း။ မှတ်မိခြင်းကလည်း ဒုက္ခတစ်မျိုးပဲ။ "

ည၌ ပေထန်းမင်ချန်း ရေချိုးခန်းမှ ထွက်လာစဉ် ခုတင်ပေါ်ဘေးတစောင်းလှဲလို့ အိပ်ပျော်နေပုံပေါ်သည့် စူးယွမ်ဟန်ကို မြင်သည်။

သူ မီးပိတ်ပြီး စောင်ကိုမဝင်ကာ နောက်ကနေ ဖက်ထားလိုက်သည်။

ရုတ်တရက် စူးယွမ်ဟန်လှုပ်ရှားလာပြီး ခပ်ယေးယေးဆိုသည်မှာ
" မင်းပြောကြည့်။ အဖေ ငါ့ကို မှတ်မိမှာလား?"

" မှတ်မိမှာ။ မင်းက သူ့သားပဲဥစ္စာ။ "

စူးယွမ်ဟန်က မျက်နှာကျက်ကို တည်တည်ငြိမ်ငြိမ် ငေးကြည့်ရင်း။
" အရမ်းနောက်ကျသွားမှာ စိုးတယ်...."

သူ့ကို ပေထန်းမင်ချန်း တင်းတင်းဖက်လိုက်သည်။

စူးယွမ်ဟန်သည် အမှောင်ထဲ လှည့်၍
" မင်းကို မပြောရသေးဘူး။ ကျေးဇူးတင်ပါတယ်။ "

" မလိုပါဘူး။ မင်းကိုဒီအကြောင်း စောစောကမပြောခဲ့မိလို့ ငါ နောင်တရနေတုန်းပဲ။ "

" ငါ မေးချင်နေတာ... အဖေ့ကို .... မင်း ဘယ်လိုရှာတွေ့လဲ?"

ပေထန်းမင်ချန်း ပြန်မပြောခင် ခေတ္တမျှ တုံ့ဆိုင်းပြီးမှ
" တို့တွေ နှစ်နဲ့ချီ အတူနေလာတဲ့တစ်လျှောက် ငါ မင်းကို လေးစားလို့ မင်းရဲ့ ကိုယ်ရေးကိုယ်တာအကြောင်း တစ်ခါမှ မမေးခဲ့ဘူး ။ မင်းမပြောရင် ငါ မစပ်စုဘူး။ ဒီတစ်ခါ... လူလွှတ်ပြီးစုံစမ်းခိုင်းတာ ငါ့အစ်မ။ "

စူးယွမ်ဟန်၏ နှလုံး ခုန်သွားပြီး စံအိမ်မှာတုန်းက သူ့အား ပေထန်းယာကျီး တိုက်ရိုက်မေးခဲ့ချိန်ကို ပြန်တွေးဖြစ်သည်။ ထင်တာတော့ ပေထန်းယာကျီး ရှင်းရှင်းလင်းလင်း စုံစမ်းခဲ့ပြီးသည်မဟုတ်ပါလော? သည်လိုလုပ်ရသည့် သူ(မ)၏ ရည်ရွယ်ချက်မှာ....

" ငါ မောရယ်တစ်ယောက်ဆိုတာ မင်းအစ်မကြီး သိပြီးသား မဟုတ်လား? ငါ့ရဲ့ လက်ရှိ..... သူ(မ) သိလား?"

ကံကြမ္မာတောင်းဆု (မြန်မာပြန်) COMPLETED✔️Where stories live. Discover now