𝟯🌺

1.7K 194 8
                                        

Unicode

ဆေးခန်းသို့မသွားတော့ဘဲ နှာစေးပျောက်ဆေးသာဝယ်ကာ ဆက်၍ Hangyeolဆေးရုံကြီးသို့ သွားနေစဥ်လမ်း၌ တွေ့လိုက်သည့် ပန်းဆိုင်ငယ်မှလည်း Tulip ပန်းရောင်လေဝင်ဝယ်ခဲ့သေးသည်။

"Taehyung ခဏနော်....။"

Jimin Taehyungကို ကားထဲ ခဏစောင့်ခိုင်းပြီး Jungminရှိနေသည့် ဆေးရုံခန်းလေးထဲသို့ ဦးတည်စွာဝင်လာခဲ့သည်။

Jungminရှိတဲ့ အခန်းလေးထဲရောက်တော့ ဆွန်းလေးတို့အမေ အဒေါ်ကြီးYeonက ရှိလို့နေတယ်။ Jungminလေးအတွက် လူနာစောင့်အနေနဲ့ နေနေပေးတာပေါ့။

မနက်စောစောလည်းဖြစ်တာကြောင့် အဒေါ်ကြီးYeonက နိုးတာမကြာသေးပုံ။ ညဘက် ညဥ့်နက်တဲ့အထိ Jungminလေးရဲ့ အခြေအနေကို စောင့်ကြည့်နေရသူမို့ အိပ်ရေးပျက်နေပုံပင်။ အသာလွှာချထားသည့် လိုက်ကာဆင်စွယ်ရောင်အစကြီးကို ဆွဲဖွင့်လို့နေသည်။

"အဒေါ်ကြီးYeon...."

"အယ် Jiminလေး..."

အဒေါ်ကြီးYeonက ကျွန်မနဲ့ Jungkookလက်ထပ်ချိန်ကတည်းက အိမ်မှာအတူရှိနေခဲ့သည်မို့ ရင်းရင်းနှီးနှီး Jiminလို့ပဲခေါ်ခဲ့သည်။

"အဒေါ်ကြီးYeonဘာစားပြီးပြီလဲ။"

"မစားရသေးဘူး Jiminလေး...အဒေါ် Jungminလေးကို ကိုယ်လက်သန့်စင်ပေးပြီးမှ သွားစားမို့...။"

"ဒါဆို အဒေါ်သွားစားလိုက်တော့နော်....ကျွန်မ လုပ်ပေးလိုက်မယ်။"

အမေဖြစ်သူမှ သူမသားလေးကို သန့်ရှင်းရေးလုပ်ပေးမယ်ဆိုတာကို ငြင်းလို့ကောင်းပါ့မလား။ Jiminပြောတာကို လက်ခံကာ သူမမနက်စာစားရန်အတွက် သွားဝယ်ရန်ပြင်လိုက်သည်။

Jimin လက်ထဲပါလာတဲ့ ပန်းစည်းလေးကို စားပွဲပေါ်မှာ အလွတ်အတိုင်းရှိနေတဲ့ ပန်းအိုးလေးထဲအား ထည့်ကာ ရေအနည်းငယ်ပါထည့်ပြီး တင်ထားလိုက်သည်။

ပြီးသည်နှင့် Jungminလေးကို ကိုယ်လက်သန့်စင်ပေးသည်။ Jungminလေးက သူ့အာပါးနဲ့ တူတော့ အရပ်တော်တော်ပင် မြင့်လာသည်။ မနှစ်က ဓာတ်ပုံထဲမှာ မြင်ခဲ့ရသည့် Jungminလေးက အပြင်မှာပိုလို့ပင် ထွားလာသည်။ သားငယ်ကို ကိုယ်တိုင်မတွေ့နို်င်တာမို့ အတွင်းရေးမှူးChoiအား သားငယ်အကြောင်း ဖြစ်ပျက်သမျှအားလုံး စုံစမ်းခိုင်းသည်။ သို့ပေသိ သူ့အာပါးအကြောင်းမပါစေရန် သတိပြုခိုင်းမိသေး၏။

~•𝖧𝖮𝖬𝖤•~Tempat cerita menjadi hidup. Temukan sekarang