𝟮𝟭🌺

1.6K 173 65
                                    

Unicode

"Noo...Noona...."

ကိုယ့်ရှေ့မှာ မြင်နေရသည့် မျက်ရည်ဘလဘွနှင့် ခံစားချက်ဗလာကျဥ်း မျက်နှာထားပိုင်ရှင်အား Jiminအတော်ကြာ စူးစိုက်ကြည့်နေမိသည်။ သူဘယ်သူလဲ မပြောနဲ့။ ကိုယ်က ဘယ်သူလဲတောင် မနည်းစဥ်းစားခဲ့ရသည်။ တရိတ်ရိတ်မြင်နေရသော မှတ်ဉာဏ်ထဲ နာမည်အပိုင်းအစမ​ျားထဲမှ ကျွန်မ အမည်မှာ Jiminတဲ့။

ဦးဦးဖျားဖျား ရောက်လာခဲ့တဲ့ ကလေးငယ်ကိုတော့ သေချာပေါက်မှတ်မိ​ေနခဲ့သည်မှာ ဆန်းကျယ်လှသည်။ Jungminဆိုတဲ့ ကလေးကိုတော့ သွေးက စကားပြော၍လားမသိ သားဖြစ်သူဟု ခံစားမိခဲ့ကာ သတိရလာခဲ့သည်။

ဒါနဲ့ သူကရော ဘယ်သူများလဲ...။

ခေါင်းတို့ တဆစ်ဆစ်ထိုးကိုက်လာကာ ဦးနှောက်ထဲ ပုံရိပ်ယောင်အချို့ဟာ ထင်ကျန်နေဆဲ။ ဘာတွေလဲ...။ Jiminမှတ်ဉာဏ်တွေထဲ သူဟာ မည်သူနည်း။
ဘာမှလည်း စဥ်းစားလို့မရသလို၊ အတိတ်ကနာကျဥ်စရာကောင်းတယ်ဟု ထင်နေမိတာကြောင့် Jiminမေ့ရင်းသာ ဆက်မေ့ထားချင်သည်။

"Noona.... ကျွန်တော့်ကို မနောက်ပါနဲ့"

ချွေးစေးတွေရော မျက်ရည်တွေရောပွန်းကာ ရှိုက်ကြီးတငယ်အော်ငိုနေသော ယောက်ျားမှာ မည်သူမည်ဝါဆိုတာ ပုံဖော်၍မရ။ ရုပ်ရည်၊ အသံ၊ အပြုအမူများအားလုံးဟာ ရင်းနှီးမှုရှိမနေခဲ့။

နှုတ်ခမ်းမွှေးရှည် မုတ်ဆိတ်မွှေးရှည်နှင့်မို့ Jungminလေးတို့ အာပါးမဟုတ်လောက်ဘူးလို့သာ တွေးထားလိုက်သည်။

"Noona~ ကျွန်တော်မေးတာဖြေပါဦး"

"ဟို....မောင်လေးလား...။ Noonaလေ ဘာမှမမှတ်မိလို့ တောင်းပန်ပါတယ်နော်...။ လူကြ​ီးတွေရော ရှိသေးလား"

"မောင်လေး?"

Jiminစကားအဆုံး Jungminဆီက ခွိခနဲ ရယ်သံအားကြားလိုက်ရသေးသည်။ Jungkookအား သူမမောင်လေးဟု ထင်နေပုံပေါ်သည့် Jiminကို ဘာဆက်ပြောရမယ်မသိတော့။ ငိုနေတာတောင် စမ်းတမ်းတမ်းဖြစ်သွားရသည်။

Jungkookက ရုတ်တရက် အနားသို့ အဟုန်ဖြင့်တိုးကပ်လာကာ ခါးသိမ်သိမ်အား ဆွဲဖက်ပစ်သည်။ Jungminလေးရှေ့တင်ပဲ မထိန်းနိုင်မသိမ်းနိုင် ထွေးဖက်လိုက်မိသည်။ ဝမ်းဗိုက်အား မျက်နှာကပ်ထားကာ မော့ကြည့်ပြီး အော်ဟစ်မိသည်။

~•𝖧𝖮𝖬𝖤•~Where stories live. Discover now