𝟰🌺

1.6K 201 8
                                        

Unicode

"Jungminလေးသတိရလာရင် ကလေးရဲ့စိတ်ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အဖေတို့ လူကြီးတွေမှာတာဝန်ရှိတယ်။"

အန်တီ်ရယ်၊ ဦးလေးရယ်၊ သူရယ် ကျွန်မရယ်တို့ရဲ့ စကားဝိုင်းလေး။ ဦးလေးပြောတာ မှန်သည်ကြောင့် အားလုံးက ငြိမ်၍သာ နားထောင်နေကြသည်။

"အဓိကက ကလေးအဖေနဲ့ အမေ... ။ ကလေးက သူပြန်ကောင်းအောင် ကိုယ်တိုင်လုပ်ဖို့က မဖြစ်နိုင်ဘူး။ အဲ့တော့ ဖေဖေနဲ့ မေမေ စီစဥ်ထားတာက...သားနဲ့ Jiminလေးတို့ကို အတူပြန်နေစေပြီး ကလေးစိတ်သက်သာအောင်နေပေးစေချင်တယ်။ ကွာရှင်းစာချုပ်တွေခဏထား....။ Jungminလေး နေပြန်ကောင်းဖို့က အရေးကြီးတယ်။ နောက်မှ မီးစင်ကြည့်ကမှာပေါ့။"

Jiminကတော့ ဦးလေးနဲ့အန်တီ ဘာတောင်းဆိိုဆို Jungminလေးအတွက်ဆို လုပ်မည်ဟု ဆုံးဖြတ်ထားပြီးတာကြောင့် ခေါင်းသာတစ်ချက်ညိမ့်လိုက်သည်။

"Jungkook သားရော သဘောတူလား။"

"သဘောတူပေမယ့် ကျွန်တော်တို် ့တိုက်ခန်းသက်သက်မှာခွဲနေချင်တယ် မေမေ။"

Jungkookရဲ့ စကားကြောင့် အန်တီမှာ မျက်လုံးပြူးကျယ်လျက် အမောတကော ဟန့်တားလေသည်။

"မဖြစ်ပါဘူး။ မေမေတို့နဲ့ပဲနေရမယ်။"

အန်တီ့ရဲ့ ဆိုလိုရင်းကို ကျွန်မသိသည်။ ယခင်တုန်းက ကျွန်မဟာ ဘယ်သူမှမသိချင်ပဲ ကွာရှင်းစာချုပ်မှာလက်မှတ်ချန်ခဲ့ပြီး ထွက်သွားခဲ့သည်မို့ အန်တီက ထ​ပ်ဖြစ်မှာကို စိုးရိမ်နေပုံ...။

"Jungminအတွက် အသစ်အဆန်းလေးလည်းဖြစ်တာပေါ့။ သမီးလည်း ထွက်မသွားပါဘူး။"

ဒါတောင် အန်တီက စိ်တ်မလျော့ချင်။ မျက်နှာဟာ အတော်ပင်ညှိုးလို့ရယ်။ ကျွန်မ ထွက်သွားခဲ့တာ လူကြီးတွေကိုပါ စိတ်ညစ်စေခဲ့တာလား။

တွေးကြည့်၍ပင်စိတ်မကောင်းပါ..။

"ဒါဆိုလည်း တစ်ယောက်နဲ့တစ်ယောက် တည့်အောင်နေကြ။ ငယ်တော့တာမှမဟုတ်ဘဲ။"

"ဟုတ်ကဲ့ပါ အန်တီ...။ ဒီညတော့ သမီး Jungminလေးဆီ လူနာစောင့်အနေနဲ့ သွားစောင့်မလို့...။ အဒေါ်ကြီးYeonကို ပြန်လာခိုင်းထားတယ်။"

~•𝖧𝖮𝖬𝖤•~Where stories live. Discover now