𝟭𝟱🌺

1.4K 162 19
                                    

Unicode

"Jungkook-ah... Clubလိုက်မလား...."

ကျောင်းစာတွေနဲ့ လုံးလည်လိုက်နေပြီး အပျော်အပါးဘက်ကိုပင် လုံးဝမတိန်းယိုင်မိ။ ဦးနှောက်အား အနားပေးကာ ဆေးကြောရန် Yugyeomနဲ့ Clubသို့လိုက်ခဲ့လိုက်သည်။ Yugyeomမှာတော့ ခါတိုင်းလိုပင် တက်ကြွနေလျက်...။

Clubရောက်တာနဲ့ ကောင်မလေးတစ်ယောက်ကိုတွဲကာ Jungkookအား ထားခဲ့သူ Yugyeom။ ဒါ သူ့အကျင့်ပဲ။ အရင်ကဆိုလည်း Clubသွားဖို့အဖော်မရှိလို့ဆိုပြီး ခေါ်ကာ Clubရောက်တော့ အခုလို တစ်ပွေထဲလိမ့်ပြီး Jungkookအား Clubတွင် ထားပစ်ခဲ့သူ။ ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းကြီးပေါ့...။

"အဟင်း...တို့နဲ့ ကချင်လား"

"နေပါစေတော့..."

ပွတ်သီးပွတ်သက်လာလုပ်နေသော မိန်းကလေးကြောင့် မြန်မြန်ပင် ရှောင်ထွက်လာလိုက်သည်။ သောက်နေကျ ဝီစကီတစ်ခွက်အား မှာပြီး ဇိမ်နှင့်သောက်ကာပင် ဟိုဟိုဒီဒီတွေးနေလိုက်သည်။

နေ့ရက်တွေကလည်း ကုန်တာမြန်လွန်းသည်။ Noonaက အခုဆိုရင် စီပွားရေးတက္ကသိုလ်အား တက်ရောက်ပြီးစီးတော့ပြီ။ ဒါပြီးရင်တော့ ကျွန်တော်တို့ လက်ထပ်ကြမည်ပေါ့...။

ချစ်သူသက်တမ်းတစ်လျှောက် ပျော်စရာကောင်းတဲ့ ခရီးအချို့ရော...၊ အခြား အမှတ်တရများစွာကိုပင် ဘောင်ခတ်သိမ်းထားခဲ့ပြီ။ အခုဆို တောင်ကိုရီးယားရဲ့ ဘယ်နေရာကိုသွားမလဲ...။ သွားလိုက်တဲ့နေရာမှာလည်း ကျွန်တော်အမှတ်တရက တစ်ခုမဟုတ်တစ်ခုရှိနှင့်ပြီးသား..။ မီဒီယာတွေ ဖော်ပြချက်တွေရော၊ Ig Updateတွေမှာပါ သက်သေအဖြစ် ထူထားတဲ့ ကျွန်တော်တို့ရဲ့ အချစ်တွေ...။

"JUNGKOOK-ahhhh!"

နားနားသို့ တိုးကပ်ကာအော်ခံလိုက်ရတာကြောင့် ေခါင်းတစ်လုံး ပူထူသွားသလို၊ သောက်လက်စ ဝီစကီပင် သီးသွားရသည်။

ဘေးက လူအား ခပ်တင်းတင်းကြည့်လိုက်တော့....

"Noona?"

ညကြီးမင်းကြီး...Clubကို Noona ရောက်နေတယ်!

"Noona တစ်ယောက်ထဲလား! ဘယ်သူနဲ့လာတာလဲ! အန္တရာယ်များရတဲ့ထဲ...."

~•𝖧𝖮𝖬𝖤•~Место, где живут истории. Откройте их для себя