𝟲🌺

1.6K 188 37
                                        

Unicode

ဂယ်ဟီ အိမ်ယာ၌.....

"ကျွန်တော်ဘာမှမသိပါဘူး...."

Jungkookရဲ့ မေးခွန်းနှင့် ဒီလူရဲ့ အဖြေဟာ ကိုက်ညီမှုမရှိပါဘူး။ Jungminအား ပြောဆိုပြုမူထားသည့် Video fileတစ်ခုအား ပြလိုက်ပြီးနောက် ထိုလူပြန်ဖြေလာသည်က ဘာမှမသိဘူးတဲ့...။

"ဒီမှာက ငါ့ရှေ့နေ မင်းအမှန်မဖြေရင် မင်းကိုရုံးတင်လို့ရတယ်နော် ..."

(အံကြိတ်သံဖြင့်)
"Hyung ကျွန်တော် ဥပဒေကျောင်းက နောက်ဆုံးတစ်နှစ်ကျန်သေးတယ်လေ။ ဘာတွေလျှောက်ပြောနေတာလဲ။"

(အံကြိတ်သံမှာ စိတ်မရှည်လျက်)
"ငါအစ်မေးနေတာကွ။ တုံး,မနေနဲ့ Yeonjoo"

"အာ သိပြီ။"

ဒီကောင်လေးနဲ့တော့ ဟိုကကြားသွားမှာ ကလန်ကဆန်တွေဖြစ်ကုန်ဦးမယ်။ အဆင်ပြေသွားသည်က ဒီလူက ကိုရီးယားလိုမတတ်။

"ငါ့မှာဘာမှ ရှင်းပြစရာမရှိဘူး။ အခု ငါကတောင် မင်းတို့ကို အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲလို့ရသေးတယ်။"

(အံကြိတ်သံဖြင့်)
"Hyung ဟုတ်တယ်။ ကျွန်တော်တို့ကို အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲလို့ရတယ်။"

"Kim Yeonjoo!"

Jungkookစိတ်ပေါက်ပေါက်နဲ့အော်ပစ်လိုက်တော့ Yeonjooမှာ ငြိမ်ကုတ်နေလျက်။ နိုင်ငံခြားသားမှာတော့ ပြူးကာကြည့်နေသည်။

"ကျောင်း ရန်ပုံငွေ လက်စားလိမ်လည်မှုနဲ့လည်း တရားစွဲလို့ရတာရော သိလား။"

Jungkookမှာ ထိုလူမြှုံ့ကွက်အား တည့်ရွေးပြောလိုက်သည်ကြောင့် ထိုလူမှာ အံ့ဩနေလျက်...။

"မင်း ပြော​ြပရင် ဒီကိစ္စကို လျှိုပေးမယ့်အပြင် ဒေါ်လာ၁၀၀၀ပါအပိုဆုရမယ်။ ဘယ်လိုလဲ....။"

ဒါနဲ့ ထိုလူက Jungkookနားကိုတိုးကပ်လာကာ လေသံဖျော့၍ ကယောင်ကတမ်းပြောသည်က..

"သူတို့ငါ့ကို သတ်ဖို့ကြိုးစားရင်ရော.."

"ငါတို့ဒီကိစ္စစုံစမ်းနေတဲ့အချိန်အတွင်း မင်းကို ဘယ်သူမှဘာမှလုပ်လို့မရအောင် ကာကွယ်ပေးမယ်။ မင်းက ငါတို့ကိုအကြောင်းစုံပြောပြရုံပဲ.....ဘာလဲ ငါတောင်းဆိုနေတာ အလကားမဟုတ်ဘူးနော်...နည်းနေသေးလို့လား..."

~•𝖧𝖮𝖬𝖤•~Donde viven las historias. Descúbrelo ahora