𝟳🌺

1.4K 175 19
                                    

Flash back

ဝီစကီတစ်ခွက်ကို အေးရာအေးကြောင်းမော့ကာ လည်ချောင်းထဲစီးခွင့်ပြုလိုက်သည်။ အင်း....ပြင်းရှရှနဲ့ ကျွန်တော့်အကြိုက်ပဲ...။

ယခု Jungkookရောက်နေသည်က ကျောင်းပွဲတော်ကြီးဝယ်...။ လူငယ်အမြောက်အမြား ဒီပွဲတော်ကြီးမှာ ပျော်ပါးနေကြလျက်...။

ခါတိုင်းဆို ပွဲတက်ရတာမကြိုက်ပေမယ့် သူငယ်ချင်းတွေရဲ့ ေဆာ်ဩမှုကြောင့် ပွဲကို ပါလာခဲ့ရခြင်း။ ခေါ်ခဲ့သည့် သူငယ်ချင်းများမှာတော့ သစ္စာရှိစွာပင် သူတို့မိန်းကလေးများနားပဲ ကပ်လို့နေကြသည်မို့ ထပြန်ချင်စိတ်မှာ တဖွားဖွား...။ ဒီကောင်ကြောင့်မို့သာပေါ့....

"Jungkook-ah မင်းသိလား....ဒီနေ့ ငါတို့ပါတီကို အလှလေးတစ်ယောက်ရောက်မယ်တဲ့.."

ရေချိန်အတော်ကိုက်နေပြီဖြစ်တဲ့ Yugyeomအား Jungkookထိုင်သာကြည့်နေလိုက်သည်။ ဒီငနဲ စကားကဖြင့် လေးလုံးမကွဲတော့တာကိုများ နှာဗူးကထချင်နေသေးတယ်။

"Jungkookieကြားလားလို့..."

"မင်းအသံကြီးကလည်း ချွဲပစ်နေရောပဲ အဲ့လိုကြီးမပြောပါနဲ့လား..."

ယောက်ျားလေး သူငယ်ချင်းအရင်းကြီးက လာချွဲနေတာက ကြက်သီးထစရာမကောင်းဘူးလား။

ဘုတ်...

ခေါင်းနဲ့ စာပွဲ One-setဖြစ်သွားပါသော Yugyeomကိုကြည့်ကာ ခေါင်းသွေသွေရမ်းမိသည်။ Yugyeomကိုပဲ ထမ်းပြီး ငါအိမ်ပြန်လိုက်ရင်ပဲကောင်းမလား...။

အတွေးတို့နဲ့ ကိုယ့်ဘာသာပဲထပြန်မယ်ကြံချိန်ပဲ သီချင်းသံငြိမ့်​ငြိမ့်ဟာ နားထဲသို့ စီးဝင်လာသည်။ အင်း....ဒါ Jazzဂီတမျိုးပဲ...။ သေချာမသိပေမယ့် ငယ်ငယ်က အဖွားကအရမ်းဖွင့်လွန်းသည်။

"ဝိုး....."

အသံကျယ်ကျယ်များကြောင့် Jungkookဘေးကိုဝေ့ကြည့်လိုက်သည်။ ပါတီထဲက လူတွေက ထိုအရာမှာ အာရုံများစုပြုံလျက်..။

ထိုအရာကား မိန်းကလေးတစ်ဦး...။

Jungkook, တွဲလာခဲ့တဲ့ Yugyeomကို အသာပြန်ချလိုက်ကာ ထိုစိတ်ဝင်စားစရာမိန်းကလေးကို ေငးနေမိသည်။

~•𝖧𝖮𝖬𝖤•~Where stories live. Discover now