𝟱🌺

1.5K 190 30
                                    

Unicode

"အိုမားက သားနဲ့အတူနေမှာလား..."

မျက်နှာလေးရွှန်းလဲ့ကာ မေးလာသည့်ကလေးဟာ ကုတင်ကိုအသာမှီ၍ တည်တည်ငြိမ်ငြိမ်လေး။ ကလေးကို အရွယ်နဲ့မလို်က်အောင် လူကြီးလေးပုံစံမျိုးဖြစ်စေခဲ့တာ ကျွန်မကြောင့်ပဲမို့ ရင်နာ၍မဆုံးပေ။

"အိုမားက Jungminလေးနဲ့ပဲနေတော့မှာနော်...။ အခုက အိုမားကပြန်လာပြီမို့လို့ သားက အရမ်းဝမ်းမနည်းရတော့ဘူး ဟုတ်ပြီလား။"

"အိုမားက သားနဲ့နေမယ်ဆို အာပါးနဲ့လည်း နေရဦးမှာနော်..."

Jungminလေးက ကျွန်မကိုစိုးရိမ်ဟန်မေးလာသည်။ Jungminလေးနှလုံးသားက ဘယ်လောက်ရိုးရှင်းလိုက်လဲ။

"အိုမားက Jungminလေးနဲ့ဆိုအဆင်ပြေပြီးသား"

Jungminက ပြတင်းပေါက်ဘက်သို့ ေဆွးမြေ့စွာငေးနေပြန်သည်။ ကလေးငယ်ဟာ ကျွန်မကြောင့် စိတ်ဒဏ်ရာရထားသူ၊ ကျွန်မကို ရုတ်တရတ်ပြန်တွေ့လိုက်ချိန်မှာ ရင်ခွင်ထဲတိုးတရှုံ့ရှုံ့ငိုတဲ့အပြင် အခြားထူးခြားတဲ့အရိပ်အယောင်မျိုးမတွေ့ရပါ။ ရှင်းရှင်းပြောရရင် Jungminလေးရဲ့ အဓိက Stressက ကျွန်မတစ်ယောက်ထဲကြောင့် မဟုတ်သလိုပဲ။ အသက်၁၀နှစ်အရွယ်ကလေးတစ်ယောက်အတွက် ဘယ်လိုဟာမျိုးက စိတ်ထိခိုက်စေတာလဲ။ ငြိုးငယ်နေတဲ့မျက်နှာလေးကိုမြင်ရတာ စိတ်မချမ်းသာလိုက်တာ....။

"Jungmin! သား...!"

ဆေးရုံခန်းလေးထဲသို့ ဝုန်းဒိုင်းကြဲဝင်လာခဲ့သည့် Jungminလေးတို့ အာပါး...။ Jungminအား အမောတကောလှမ်းဖက်သည်မို့ ကျွန်မအနည်းငယ်ရှောင်ဖယ်ပေးလိုက်သည်။

"ကလေးလေး နေရတာဘယ်လိုနေလဲ။ သက်သာရဲ့လား။"

"သား ဘာမှမဖြစ်တော့ပါဘူး။"

Jungminလေးရဲ့ လေသံဟာ အေးစက်လို့။ Jungkookမှာတော့ ပြာယာခက်နေလျက်...။

ခဏနေတော့ အန်တီနှင့် ဦးလေးပါရောက်လာသည်မို့ ဆေးရုံခန်းလေးဟာ လူစုံနေ​ေတာ့ ကလေးငယ်မှာလည်း ရွှင်လန်းနေလျက် သူ့ရဲ့စိတ်ဒဏ်ရာများကိုပင် ခဏတာမေ့သွားလေသည်။

"Jimin-shi.... ကျွန်တော်တို့ စကားပြောရအောင်..."

Jungkookက မျက်စပစ်ပြကာ ပြောလာသည်။ အရင်စိတ်နဲ့ဆို အကြီးကိုမရိုမသေနဲ့ဆိုပြီး ပိတ်ထုမိမှာဖြစ်ပေမယ့် အခုသူနဲ့ကျွန်မဟာ သူစိမ်းတွေသာ...။ ခေါင်းတစ်ချက်ငြိမ့်ပြီး သူ့နောက်သာလိုက်လာခဲ့လိုက်သည်။

~•𝖧𝖮𝖬𝖤•~Onde histórias criam vida. Descubra agora