𝟭𝟰🌺

1.3K 149 8
                                    

Unicode

အားလပ်ရက်မှာ စိတ်ပြေလက်ပျောက်ဆိုပြီး Shoppingလေးတစ်ခုထွက်ခဲ့သည်။ တစ်ယောက်ထဲပေါ့...။ Park Jiminဆိုတဲ့ ကျွန်မက တစ်ယောက်ထဲတောင် တောက်ပနေနိုင်သူလေ..။ ဘယ်သူ့အရှိန်အဝါမှ မလိုဘူး။

မနက်ဖြန်ဆိုရင် ကျွန်မ စီးပွားရေးတက္ကသိုလ်စတက်ရတော့မယ်။ ကံကောင်းတယ်ပဲပြောရမလား...။ ဖေဖေရွေးခဲ့တဲ့ တက္ကသိုလ်က Namjoonရော Taehyungရော တက်နေသည်လေ...။ ကျွန်မအတွက် အရမ်းအဆင်ပြေတာပေါ့...။

မောင်လား...။ သူ့ကို မခေါ်ဘူး။ ဟိုနေ့က ကိစ္စကု အခဲမကျေတာနဲ့ သူMessageပို့လည်း မသိချင်ယောင်ဆောင်နေလိုက်တယ်၊ ဖုန်းဆက်လည်း မကိုင်ဘူး။ ဒီလိုနဲ့ အပြင်မှာ မစုံဖြစ်တာလည်း ၃ရက်ရှိပြီပေါ့...။

တစ်ယောက်ထဲဆို အေးငြိမ့်ငြိမ့်ကော်ဖီဆိုင်လေးထဲ Latteလေးတစ်ခွက်ကို ဇိမ်နဲ့သောက်ရတာ သိပ်ကြိုက်တဲ့ ကျွန်မ။ ဒါကြောင့် သီချင်းသံသဲ့သဲ့သာကြားနေရပြီး လူရှင်းသော ဆိုင်လေးတစ်ဆိုင်သို့ ဝင်လာခဲ့လိုက်သည်။ ခြေထောက်ကို ချိတ်ကာ ပစ္စည်းတွေအား ေဘးခုန်တင်ပြီး Latteကို တို့စိတို့စိသောက်နေမိသည်။ Latteဆိုတာမျိုးက မြန်မြန်သောက်ရင် ဘယ်လိုလုပ်အရသာရှိပါ့မလဲ။

ဆိုင်ပတ်ပတ်လည်သို့ လိုက်လံငေးမောရင်း မျက်စိတဖျက်မှာ တွေ့လိုက်ရသည့် အရိပ်တစ်စုံ။ မျက်စိများ မှားလေသလားဟု ပြန်၍ ကြည့်မိသော်လည်း ထိုလူမှာ ထိုလူမှစစ်စစ်။

မောင်က ဘာလို့ ဒီလိုဆိုင်မျိုးကိုရောက်နေရတာလဲ။ ပြီးတော့ မိန်းကလေးတစ်ယောက်နဲ့။

ကျွန်မသူတို့နှစ်ယောက်ရဲ့ ပုံစံမျိုးကို အကဲခက်နေမိသည်။ ေမာင်က Jean jacketနှင့် ရှင်းလင်းသော မျက်နှာနှင့်အတူ သစ်လွင်လှသည်။ အမျိုးသမီးကိုတော့ ကျောဘက်မှသာ တွေ့ရသည်မို့ ဘယ်သူဘယ်ဝါမသိ။ မည်သူနည်းဟု ကျွန်မမသိချင်ပါလေ...ကျွန်မသိချင်သည်က သူတို့နှစ်ဦးရဲ့ဆက်ဆံရေးသာ။

မောင့်ရဲ့ ပြုံးရယ်နေသည့် မျက်နှာထားကြောင့် ကျွန်မမျှော်လင့်ချက်ပါ ပျောက်ချင်လာသလိုလို။ မောင် အသစ်ရသွားတာတော့ မဟုတ်ဘူးမှတ်လား။

~•𝖧𝖮𝖬𝖤•~Where stories live. Discover now