Ep_8

442 75 3
                                    

Uni code

''ဒါနဲ့နန်းဂျွန်းဟျောင်းကကျွန်တော့်ဖုန်းနံပါတ်ကိုဘယ်လိုသိတာလဲ''

''မင်းကပျောက်သွားတဲ့ပစ္စည်းတွေကိုလိုက်မရှာဘူးပဲ''

''ဗျာ ဘာကိုပြောချင်တာလဲမသိဘူး''

''မင်းရဲ့လက်ကိုင်အိတ်ပေါ့ဟိုတစ်ခါကိုယ်မင်းကိုအိမ်လိုက်ပို့ပေးတုန်းကကိုယ့်ကားပေါ်မှာကျန်ခဲ့တယ်လေဖုန်းနံပါတ်ကိုလည်းအဲ့ထဲကရတာ''

''အော်အဲ့အိတ်လေးလားကျွန်တော်လိုက်ရှာပါသေးတယ်ဒါပေမယ့်ဘယ်မှာမေ့ကျန်ခဲ့မှန်းသေချာမသိတာနဲ့ထားလိုက်တာ''

''…………''

''နန်းဂျွန်းဟျောင်း  ကြားရလား နန်းဂျွန်းဟျောင်း''

''အင်း ကြားရပါတယ်''

''ဟို   ကျွန်တော်ကိုတစ်ခုခုပြောစရာရှိတယ်မဟုတ်လားဟင်''

''ဘယ်လိုသိလဲ''

''အာ ဟျောင်းကအကြောင်းမရှိပဲနဲ့တော့လူတစ်ယောက်ကိုဖုန်းဆက်တတ်တဲ့သူမျိူးမဟုတ်ဘူးလေအဲ့တာကြောင့်ပါ''

''အင်းမှန်တယ် ကိုယ်မင်းကိုပြောစရာရှိတယ် ဒါပေမယ့်…''

''ပြောပါဟျောင်းကျွန်တော်နားထောင်နေပါတယ်''

''……………''

ခဏခဏတိတ်ဆိတ်သွားတဲ့အခိုက်အတန့်ရယ်ပြီးတော့လေးကွေးနေတဲ့စကားဆိုပုံတွေကြောင့်နန်းဂျွန်းရှီတစ်ယောက်သောက်ထားမှန်းသတိထားမိလေသည်မဟုတ်မှဒီတစ်ခါလဲသူ့အမေနဲ့ပတ်သတ်ပြီးဒီလိူဖြစ်ရသည်ပဲလားသူ့အခက်အခဲအချိူ့ကိုကိုယ်တိုင်ကြားသိထားခဲ့တာမို့သူ့ကိုလည်းအပြစ်မဆိုချင်ထို့ကြောင့်အကောင်းဆုံးသာပြန်ပြောဆိုပေးနေလေသည်

''နန်းဂျွန်းဟျောင်းအခုဘယ်လိုခံစားနေရလဲကျွန်တော်မသိနိုင်ပေမယ့်အခုဘယ်လိုအခြေအနေဖြစ်နေမလဲဆိုတာတော့ကျွန်တော်တွေးကြည့်မိတာနဲ့အနည်းငယ်သဘောပေါက်ပါတယ် ဒါကြောင့်အခုကျွန်တော့်ကိုရင်ဖွင့်စရာလ်ို့သတ်မှတ်လို့ရပါတယ်လွတ်လွတ်လပ်လပ်နဲ့အကုန်လုံးကိုပြောပြလို့ရပါတယ်ကျွန်တော့်ကိုအားနာစရာမလိုပါဘူး''

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now