Ep_28

310 68 10
                                    

Uni code

မနက်ဖြန်ဖြေဆိုရမည့်ဘာသာရပ်ကိုအာရုံစူးစိုက်ရန်စာရေးစားပွဲပေါ်အခြေတည်လိုက်လေသည်ညနေကဂျောင်ကုနဲ့အတူလေ့ကျင့်ပြီးသားဖြစ်သော်လည်းအိပ်မပျော်တာကြောင့်စာအုပ်စီသာပြန်ရောက်လာခြင်းပင်သို့သော်အိပ်မပျော်ရခြင်းမှာအခြားအကြောင်းအရာတစ်ခုကြောင့်ပင်မနက်ဖြန်ဆိုစာမေးပွဲနောက်ဆုံးနေ့ကိုရောက်တော့မည် စာမေးပွဲစဖြေကတည်းကဒီနေ့အထိလူကြီးနှင့်လုံးဝအဆက်သွယ်မရခဲ့ တစ်လမ်းထဲနေကြတဲ့ဂျောင်ကုကိုမေးကြည့်ချင်ပေမယ့်လည်းအားလုံးကိုမေ့ပစ်ပြီးနေသားကျဖို့ကြိုးစားနေတဲ့သူ့ကိုဒုက္ခမပေးချင်တာမို့ပူပင်သော်လည်းရင်ထဲမှာသာမြိုသိမ့်နေရ၏ တစ်စတစ်စနှင့်စ်ိုးရိမ်စိတ်ကပိုလိုပင်အရှိန်မြင့်လာတော့မကိုင်မှန်းသိတဲ့ဖုန်းနံပါတ်ကိုသာတစ်ဖန်ပြန်ခေါ်မိပြန်သည်သို့သော်လည်းထုံးစံအတိုင်း ဝင်နေတဲ့ဖုန်းကိုလာမကိုင်သောချစ်ရသူ ဘာတွေများဖြစ်နေလို့ပါလိမ့်လူကြီးရယ် စာမေးပွဲပြီးသွားရင်တော့သေချာပေါက်ကျွန်တော်လိုက်လာခဲ့ပါ့မယ်လူကြီးအခုကျွန်တော့်ကိုလိုအပ်နေပြီးကျန်းကျန်းမာမာနဲ့ပဲရှိနေသေးတယ်မဟုတ်လားဟင်

………………

……………………

''ငါသေသွားတာကိုမင်းမြင်ချင်လို့လား''

''……………''

''ကင်နန်ဂျွန်းမင်းရဲ့အမေငါကမင်းအရှေ့မှာဒီလောက်တောင်းတောင်းပန်ပန်ပြောနေတာတောင်မင်းကလက်မခံနိုင်ဘူးပေါ့ဟုတ်လားအဲ့ဒီသူစိမ်းရဲ့မျက်နှာကိုလိုက်ပြီးမအေတစ်ယောက်လုံးကိုတောင်ထားသွားဖို့ဆုံးဖြတ်ပြီးပြီပေါ့လေ''

''……………''

ဘာမှပြန်မဖြေပဲထွက်သွားဖို့ပြင်နေတဲ့ခြေလှမ်းတွေကိုသာရှေ့ဆက်နေတဲ့လူသားတစ်ယောက်ကတော့ရင်ဘတ်ထဲကနာကျင်မှုကိုဖုံးကွယ်ရင်း
ဒီတစ်ခါတော့အမေ့ကိုကျွန်တော်ပုံကန်ပါရစေအမေရယ်ကျွန်တော်ကအမေဆိုတဲ့ဖြစ်တည်မှုကိုဘယ်လောက်ထိချစ်လဲအမေသိပါတယ် ဒါပေမယ့်လည်း ကျွန်တော်ဒီလိုအချုပ်အနှောင်တွေထဲမှာထက်ပြီးမပျော့ညံ့ပါရစေနဲ့ဒါကြောင့်ခွင့်လွှတ်ပါအမေကျွန်တော်သူ့ရှေ့မှာသတ္တိရှိပြပါရစေကျွန်တော်သူ့အတွက်သန်မာပါရစေ

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now