Ep_13

390 74 9
                                    

Uni code

'ဗျာ ဟျောင်းနောက် နောက် နေတာမဟုတ်လား''

''ကိုယ်ကဒီလ်ိုကိစ္စမျိုးနောက်မယ်လို့ထင်နေတာလား''

''အာ ဒါ ဒါဆိုတစ်ကယ်ကြီးပြောနေတာပေါ့နော်''

''အွန်း ကိုယ်တစ်ကယ်မင်းအပေါ်ခံစားရှိနေပြီလို့ထင်တယ်ဟိုဆော့''

''ထင်တာဆိုတော့မသေချာသေးဘူးလေဟျောင်းရဲ့ကျွန်တော်တော့အဲ့ဒါပြန်သုံးသပ်သင့်တယ်ထင်တယ်ဒီ ဒီ လိုကိစ္စမျိုးကသေချာဆုံးဖြတ်အတည်ပြုပြီးမှပြောသင့်တာမို့''

''ကောင်းပြီဒါဆို ကိုယ်အချိန်အနည်းငယ်ထပ်ယူပြီးအတည်ပြုကြည့်မယ်ဒီရက်တွေထဲမင်းဘက်ကလည်းကိုယ့်အပေါ်ဘယ်လိုမျိုးလဲဆိုတာစဉ်းစားပေးထားပေါ့''

''ဗျာ အာ အဲ့တာကဟို ဟို''

''အနေခက်အောင်လုပ်မိလို့ကိုယ်တောင်းပန်ပါတယ်အဲ့ကိစ္စကိုနောက်မှအေးဆေးတွေးပေါ့အခုကိုယ်တို့ညစျေးသွားမလား''

''ဟုတ် သွား သွား မယ်လေ''

နန်းဂျွန်းကပြုံးကာဟိုဆော့ခေါင်းကိုအသာယာပုတ်လိုက်ပြီးအေးစိမ့်စိမ့်ရာသီဥတုနဲ့အတူညစျေးရှိရာသို့ခြေလျင်သာလှမ်းခဲ့ကြလေသည်

''ဝါး ဟိုမှာကန်းစွန်းဥ ဟျောင်းကျွန်တော်ကန်စွန်းဥစားချင်လို့ပိုက်ဆံပါရင်ခဏလောက်ချေးပါလားဟင်''

အငွေ့တထောင်းထောင်းနဲ့ကန်းစွန်းဥတွေကိုငေးရင်းပြောနေတဲ့ဟိုဆော့ကြောင့်နန်းဂျွန်းတစ်ယောက်အလိုလိုပြုံးမိလေသည်

''အဟား ကိုယ်ချေးလိုက်လို့မင်းကပြန်မဆပ်ရင်ဘယ်လိုလုပ်မလဲ''

''ကျွန်တော်မနက်ဖြန်ကျောင်းသွားရင်သေချာပေါက်လာပြန်ဆပ်ပါ့မယ် လုပ်ပါဟျောင်းရယ်နော်''

''ဟား ဟ ကိုယ်ကစတာပါသွားဝယ်လိုက်ကိုယ်လိုက်လာခဲ့မယ်''

''အိုး ကျေးဇူးတင်လိုက်တာဟျောင်းရယ်ကောင်းကောင်းစားပါ့မယ်''

''ဒီလောက်အများကြီးဝယ်လာပြီးအကုန်လုံးကိုတစ်ယောက်ထဲစားနိုင်တာလား''

''ဟီး ကန်းစွန်းဥဆိုရင်ကျွန်တော်ကဘယ်လောက်ပဲဖြစ်နေပါစေကုန်အောင်စားနိုင်တယ်''

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now