Ep_23

313 66 6
                                    

Uni code

''ဟိုဆော့ ''

အတန်းအိမ်စာတွေလုပ်ရင်းအခန်းထဲတစ်ယောက်ထဲရှိနေစဉ်ရုတ်တရက်အခန်းထဲဝင်လာတဲ့ဟျောင်းကြောင့်အနည်းငယ်လန့်မိလေ၏

''ဟုတ်ဟျောင်း ''

'' ငါ့အခန်းထဲကရေချိုးခန်းကမီးခလုတ်ပြန်ပျက်သွားပြန်ပြီ အဲ့တာကြောင့်မင်းရေချိုးခန်းခဏငှားမလို့ ရတယ်မဟုတ်လား'

''အော် ဟုတ်   ရတာပေါ့ဟျောင်းရဲ့ယူသုံးလေ ''

''အင်းကျေးဇူးပဲ ''

''ရပါတယ် ''

ထို့နောက်ဟျောင်းက ရေချိုးခန်းထဲဝင်သွားလေသည် ကိုယ်လည်း လုပ်လက်စစာတွေကိုလက်စသပ်ပြီး အိမ်ယာထက်ခဏလှဲရင်းအိပ်စက်ခြင်းဆီသို့အလည်တစ်ခေါက်ရောက်မိ၏

''ဟိုဆော့ ငါသွားပြီခဏနေအောက်ဆင်းခဲ့ညစာစားဖို့''

ရေချိုးပြီးစီး၍တစ်ပတ်ကိုခါးမှာပတ်နေရင်းကနေလှမ်းပြောလိုက်သည့်စကားကိုပြန်မဖြေသည်မို့ ရေချိုးခန်းထဲကထွက်ပြီးသည်နှင့်ကြည့်လိုက်သည့်အခါအိပ်ယာထက်အိပ်မောကျနေသောလူသား  ဒီတိုင်းသွားဖို့လုပ်နေပေမယ့် အိပ်နေတဲ့ထိုလူသားကုတင်နားခြေလှမ်းတွေကသူ့အလ်ိုလိုရောက်လာမိတော့ဘေးနားမှာပြန့်ကျဲနေတဲ့ကျောင်းစာအုပ်အချို့ကိုသေချာပြန်စီပေးရင် ကွေးနေတဲ့ထိုလူသားအားစောင်သေချာခြုံပေးလ်ိုက်လေသည် အနီးကပ်ကြည့်မိတဲ့အခိုက်တိုင်းသတိထားမိတဲ့အသဲပုံသဏ္ဍာန်နှုပ်ခမ်းကအကြည့်မခွာရပ်စရာ အရှေ့ကိုချထားတဲ့ဆံနွယ်တို့ကအနည်းငယ်ရှည်နေပြီမို့မျက်လုံးပေါ်အထိလာဖုံးအုပ်လေသောကြောင့် အိပ်ပျော်နေတဲ့သူ့မျက်လုံးတွေကိုသေချာမမြင်ရပေ ဆံနွယ်ထို့ကိုအနည်းငယ်အပေါ်က်ိုသပ်တင်ပေးလိုက်သည့်အခိုက် ကိုယ့်မျက်နှာပေါ်ကရေစက်တို့ကသူ့အပေါ်စီးကျသည်မို့ တဖြည်းဖြည်းလှုပ်ရွလာသောလူသား မကြာခင်မှာပင်မှိတ်ထားတဲ့မျက်လုံးထက်မှမျက်တောင်တို့ကခပ်သွက်သွက်လှုပ်ရှားလာပြီးကိုယ့်ကိုတွေ့သွားသောအခါ အနည်းငယ် လန့်သွားသည့်ပုံစံရှိလေ၏ အင်းဒါကအခုမှမဟုတ်ပါဘူး ဟိုအရင်ထဲကဂျောင်ဟိုဆော့ဆိုတဲ့သူက ကိုယ့်အားအသံကြားတာနှင့်ကိုကြောက်လန့်နေတတ်သူ ဘာရယ်ကြောင့်မှန်းမသိပေမယ့် အဲ့ဒီအခြေအနေ ကျွန်တော်လည်းသဘောကျခဲ့ဖူးသည် သူ့ကို ကိုယ်က ကိုယ်ထိလက်ရောက်တစ်ခါမှမဆုံးမဖူးတာတောင်သူကကိုယ့်ကိုကြောက်ရွံ့နေတာက်ိုကိုယ်ကျေနပ်ခဲ့ဖူးသည် သို့သော် ယခုချိန်မှာတော့မလိုချင်တော့ပါ အဲ့လိုမျိုးသူကိုယ့်ကိုအလိုလိုကြောက်နေတဲ့အကျင့်ကို က်ိုယ်ကဘဲ ကူညီဖျောက်ဖျက်ပေးရလေမည် ဘာကြောင့်ဆို အရင်ထက်ပိုသူနဲ့နီးနီးကပ်ကပ်နေချင်မိသည့်စိတ်ကြောင့်ရယ်သာ

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now