Ep_32

381 65 8
                                    

Unicode

''ဆော့ဂျင်ရေ သားငယ်ကို ညစာစားဖို့ခေါ်ခဲ့လိုက်ပါကွယ်''

အောက်ထက်မှလှမ်းပြောလိုက်တဲ့အိုမား အသံကြောင့် ညစာစားရန်ဆင်းလာသောကိုယ်မှာလမ်းတဝက်မှာပင်ပြန်လှည့််ကာ ဟိုဆော့အခန်းရှိရာသို့ ဦးတည်ရတော့သည် ထိုးစံအတိုင်းအိပ်ယာထဲပဲလှဲပြီး တစ်နေကုန် အဲ့လူအကြောင်းပဲတွေးနေတာဖြစ်မည်ဟု ပါးစပ်ကတဖွဖွဆိုရင်းသူ့အခန်းရှေ့သို့ရောက်လာခဲ့ချေ၏ အခန်းတံခါးအားမပိတ်ထားသည်မို့ အလွယ်တကူဝင်လာခဲ့လိုက်ပြီးခြေသံခပ်ဖြည်းဖြည်းဖြင့်အခန်းထဲဝင်လာခဲ့ပြီး‌ေနာက် သူ့အားဘယ်ဆီမှာမှ မတွေ့ သောကြောင့် ရေချိုးခန်းအားလှမ်းကြည့်မိတော့အပြင်ကနေလော့ချထားသည်မို့သူအထဲမှာရှိမနေမှန်းသိနိုင်လေ၏ ကုတင်ထက်မှ စောင်ပုံကြားရှိမလားဟု ရှာကြည့်ရာ ထိုတွင်လည်းမရှိချေ သို့သော်ကုတင်းပတ်ပတ်လည်ကိုလိုက်ကြည့်မိရာမှ  ကုတင်ဘေးထောင့်နေရာလေး၌ ကပ်ကာ ထိုင်နေသောလူသား ခေါင်းကိုငုံ့ကာခပ်ကွေးကွေးထိုင်နေသောထိုလူသားကြောင့် စ်ိတ်ထဲတွင်တော့ သက်ပြင်းများစွာချမိပါသော်လည်း လက်တွေ့တွင်တော့ သူ့အနားသွားကပ်ကာ ထိုင်နေမိတော့၏

''ညစာစားရမယ် မင်းပုံမှန်မစားတာတော်တော်ကြာနေပြီဆိူတာတော့သ်ိတယ်မဟုတ်လား ''

နားနားကပ်ကာ ခပ်တိုးတိုးဆိုမိတော့ ငုံ့ထားတဲ့ခေါင်းတွေကိုမော့ကာ အလန့်တကြားကြည့်လာလေသောသူ မျက်နှာကအလွန်ကိုချောင်ကျသွားသည်ဆိုတာအနီးကပ်မို့ပိုသ်ိနိုင်လေသည် သူ့ဘေးမှာကိုယ်ထိုင်နေခဲ့တာကိုတောင်မသ်ိရလေအောင်စိတ်တွေဘယ်လောက်များလွင့်ပြားနေပါလိမ့်

''ကျွန်တော် မစား……''

'' စားရမယ် ''

''…………''

''အစားပုံမှန်မစားတာကမင်းရင်ထဲခံစားနေရတာတွေကိုသက်သာသွားစေတာဟုတ်လို့လား ခေါင်းမမာပဲလိုက်လာခဲ့''

''ဟျောင်း ''

'' ပြော ''

'' ကျွန်တော် အခုညစာသွားစားရင်အိုမားရိပ်မိသွားမှာစ်ိုးရိမ်လို့ပါ ''

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now