Ep 35

494 67 14
                                    

Uni code

"ဟျောင်း ဟျောင်း မနိုးသေးဘူး"

အပြင်ကနေတံခါးကိုအဆက်မပြက်ခေါက်ရင်းအော်နေသံအသံငယ်ကြောင့် အိပ်ယာထဲမှလူးလိပ်ထရင်း တံခါးသွားဖွင့်ပေးရသည် ခေါင်းထဲတွင်တော့ မလန်းဆန်းနေခဲ့ ညကအများကြီးသောက်မိသွားတယ်ထင်ပါရဲ့

"ဟျောင်း ဘယ်လိုလဲ အခုထိမထသေးလို့ နေများမကောင်းဘူးလားလို့လာမေးတာ"

"အာ မဟုတ်ပါဘူး ညကအရှိန်ကြောင့် အိပ်ယာထနောက်ကျသွားတာ ဒါနဲ့ အိုမားရော ရုံးသွားပြီလား"

"အင်းသွားပြီ မနက်စာစားတော့ကျွန်တော်ဟျောင်းကိုလာနိုးဖို့လုပ်သေးတယ်အိုမားက မနိုးနဲ့တော့ ဆိုလို့"

"အင်း အိုမား ဟျောင်းကိုစိတ်ဆိုးနေတယ်ထင်တယ်"

"ဆိုးမှာပေါ့ ညကဟျောင်း ကထိန်းမနိုင်သိမ်းမရ‌ေတွဖြစ်‌ေန‌ေတာ့ အိုမားလည်းနိုးသွားတာပေါ့ ကျွန်တော့်ကိုတောင် နောက်ကျဟျောင်းနဲ့လိုက်မသောက်နဲ့ သူဘာသာမူးပြီးအိမ်ပြန်မလာနိုင်ရင်လမ်း‌ေဘးမှာအိပ်လိမ့်မယ်ဆိုပြီး‌ ပြောသွားသေးတယ် ဟျောင်းကတစ်ကယ်လည်းအများကြီးသောက်နိုင်တာပဲ ညကကျွန်တော့်မှာ ကားကလည်းမပါတော့ Taxi ပေါ်ဟျောင်းကိုမနည်းဆွဲတင်ခဲ့ရတာ"

"ဆောရီးပါကွာ ဟျောင်းလည်းသတိမထားမိလိုက်လို့"

"ကျွန်တော်က ရပါတယ် ညနေကျရင်သာ အိုမားကို‌ေတာင်းပန်ပြီးပြန်ချော့လိုက်ဦး"

"အင်းပါ"

"ဒါဆို ကျွန်တော်သွားပြီနော်"

"နေဦး "

"ဗျာ"

"ဟို ငါဘာ‌ေတွပြောခဲ့သေးလဲ"

"nae?"

"ငါညကဘာတွေပြောခဲ့သေးလည်းလို့"

"အင် အာ စုံနေတာပါပဲ ဟျောင်းသဘောကျနေတဲ့ဆိုတဲ့တစ်ယောက်ကိုပြောချင်တဲ့စကားတွေအားလုံးကိုလည်းရင်ဖွင့်ပြီး ‌ငိုလည်းငိုသေးတယ်"

"ဟင် ငါငိုခဲ့တာလား "

"nae ဒါပေမယ့်ခဏနေတော့ ထရယ်ပြန်ရော တစ်ကယ်ပဲ ညကဟျောင်းပုံစံက ထူးဆန်းပါတယ်ဆို အရင်ကဟျောင်းကိုအဲ့လိုပုံစံနဲ့တစ်ခါမှမမြင်ဘူးတော့ ငါတော့ဟျောင်းကိုအများကြီးသောက်အောင်လုပ်မိပြီအိမ်ပြန်ရောက်ရင် အိုမားဆူခံထိတော့မှာပဲတွေးမိပြီး ဟျောင်းကို ဆက်မသောက်ဖို့တားခဲ့တာလေ ဟျောင်းကတားမရပဲဇွတ်သောက်နေတာ"

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now