Ep_10

442 72 7
                                    

Uni code

''ဒီတော့ညနေဘက်ကြီးကိုယ့်ဆီထွက်လာတာက်ိုအိမ်ကမဆူဘူးပေါ့''

ပန်အိုးတွေမရင်းလှမ်းမေးလိုက်တဲ့နန်းဂျွန်းကိုဂျောင်ကုက

''အိမ်ကအဲ့လောက်ထိမပိတ်ပင်ပါဘူးညဘက်ဆ်ိုလည်းအပြင်ထွက်လို့ရပါတယ်ညဉ့်နက်အောင်တော့နေလို့မရဘူးပေါ့အခုဒီကိုလာတာတော့ဟိုဆော့နဲ့အတူမုန့်သွားမလို့လို့ပြောခဲ့တာ''

''ဟား သူတို့တွေကတော့အခုချိန်မှာမင်းသူငယ်ချင်းနဲ့အတူကောင်းကောင်းစားသောက်နေမယ်လို့ထင်မှာတစ်ကယ်တော့ကိုယ့်ဆီလာပြီးပန်းအိုးတွေအတူဝိုင်းမနေတယ်ဆိုတာသိရင်တော့မလွယ်ဘူးနော်''

''ဘာဖြစ်လဲဟျောင်းရဲ့ဒါကတော့ကျွန်တော်ကကျွန်တော့်နဲ့ရွယ်တူကျောင်းသားတွေနဲ့သူငယ်ချင်းမလုပ်ပဲလူကြီးနဲ့မှသူငယ်ချင်းလုပ်ချင်တော့လူကြီးလုပ်တဲ့အလုပ်အတူဝိုင်းကူရမှာပေါ့''

''ဒါဆ်ိုမင်းတို့အရွယ်သူငယ်ချင်းတွေကရောအချင်းချင်းတွေ့ရင်ဘာတွေလုပ်ကြလဲပြောပါဦး''

''အများကြီးလုပ်လို့ရတယ်လေ ဂိမ်းဆော့တာတို့ ဘတ်စ်ကပ်ဘောကစားတာတို့ စက်ဘီးပြိုင်စီးတာတို့် ရုပ်ရှင်အတူကြည့်ကြတာတို့ဒါမှမဟုတ်အသားကင်လုပ်စားတာပဲဖြစ်ဖြစ်ဆိုင်ကောင်းကောင်းတစ်ခုမှာအတူသောက်ကြတာပဲဖြစ်ဖြစ်လုပ်ကြတာပေါ့''

''အွန်း ကြားရတာတော့အားကျစရာပဲ''

''ဟင်ဟျောင်းငယ်ငယ်တုန်းကရောအဲ့လိုတွေမလုပ်ခဲ့ဖူးဘူးလား''

''ကိုယ်လည်းဆယ်ကျော်သက်ဘဝကိုကျော်ဖြတ်ခဲ့ဖူးတာမှန်ပေမယ့်မင်းတို့လိုလွတ်လပ်တဲ့လူငယ်ဘဝကိုမရခဲ့ဘူးကိုယ်မင်းအရွယ်တုန်းကဆိုကျောင်းအားရက်တိုင်းအိုမားနဲအတူကုမ္ဗဏီကိုလိုက်သွားပြီးနားမလည်တဲ့အဲ့ဒီ့ဖိုင်တွဲတွေကြားခေါင်းစိုက်နေရပြီအိုမားကကိုယ့်ဘွဲ့ရတဲ့အထိတောင်မစောင့်နိုင်ပဲအထက်တန်းလောက်မှာထဲကလုပ်ငန်းကိစ္စတွေကိုခေါင်းထဲထည့်ခိုင်းခဲ့တာလေဒါကြောင့်ကိုယ်ကမင်းတို့လုပ်တဲ့အရာတွေကိုမလုပ်ခဲ့ဖူးဘူး''

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now