Ep_29

305 75 9
                                    

Uni code

''ဟျောင်းကျွန်တော်ပြောတာကိုမယုံရင်ဒီစေ့စပ်ပွဲကိုဖြတ်လိုက်လို့လဲရပါတယ်''

ဂျောင်ကုဘက်က မျက်ရည်တွေနဲ့အတူ ဖွင့်ဟလိုက်တဲ့စကားအဆုံးမှာ ပေါက်ကွဲနေတဲ့ကိုယ်ကအသိစိတ်ပြန်ဝင်ရပြန်သည် တစ်ကယ်တမ်းတော့ ဒီနေရာမှာဂျောင်ကု မကလို့ဘယ်သူပဲဖြစ်နေပါစေ ဘာများအ‌ေရးစိုက်‌ေနရဦးမည်နည်း ဘယ်လိုပဲဖြစ်နေပါစေ အမေကစီစဉ်မှာပဲမဟုတ်လား ပြီးတော့ငါကလည်းသခင်လက်ညိုးညွှန်ရာဖြစ်ပေးမယ့် အစေခံလိုမျိုးခေါင်းငြိမ့်ဦးမှာပဲမဟုတ်ဘူးလား

'' ကျွန်တော်တို့စေ့စပ်ပွဲကိုဆက်မလုပ်ဖို့ လူကြီးတွေကိုသွားပြောပေးပါ့မယ်''

'' အဲ့လိုမဖြစ်ဘူး ''

'' nae? ''

'' ဒီစေ့စပ်ပွဲမှာမင်းရဲ့ပယောဂမပါဘူးပဲဖြစ်စေ ပါသည်ပဲ ဖြစ်စေ ငါကဒီစေ့စပ်ပွဲကို ပြီးမြောက်အောင်ဆောင်ရွက်ရမှာပဲ''

'' nae? ......ခဏလေးပါဟျောင်း ဟျောင်းဘယ်လိုဖြစ်ပြီးဒီကိုရောက်လာရတာလဲ ကျွန်တော့်နေရာမှာအခြားတစ်ယောက်ဖြစ်နေမယ်ဆိုရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဟ်ိုဆော့ကို...''

'' ငါလုပ်ရမှာမို့ ''

'' ဗျာ ''

'' ဟုတ်တယ် ငါက ဟိုဆော့မျက်နှာကိုတစ်ဆက်လေးမှာမထောက်ပဲ ဒီလိုမျိုးဒီနေရာကိုရောက်လာခဲ့တာ မင်းအဲ့လိုပဲသိထားပြီး လူကြီးတွေစီစဉ်ပေးတဲ့အတိုင်းပဲငါတို့ဆက်သွားကြတာပေါ့''

''ဒါပေမယ့် ဟျောင်း ''

'' ငါ့မှာရွေးချယ်စရာမရှိဘူး ''

'' ကောင်းပါပြီ...ကျွန်တော်ဆက်မမေးတော့ပါဘူး ''

အဆုံးအစမရှိစွာစကားကိုဆိုပြီးနောက်အရှေ့ကနေထွက်သွားတဲ့ဟျောင်းရဲ့ကျောပြင်ဟာနောက်ဆုံးမြင်ခဲ့ရတဲ့နေ့ထက်ပိုပြီးကြေကွဲနေလေ၏ ဘာတွေဘယ်လိုဖြစ်ပြီး ဟျောင်းဒီနေရာကိုရောက်နေမှန်းမသိပေမယ့်အခုကိစ္စဟာကျွန်တော်ပျော်ရမယ့်ကိစ္စဆိုရင်တောင် ကျွန်တော်မပျော်နိုင်ဘူးဟျောင်း ကျွန်တော့်ရင်ထဲအရင်ထက်ပိုပြီးပူလောင်ရတာကလွဲပြီးဘာမှထူးမလာဘူး ကျွန်တော်ကအခု ဟျောင်းတို့နှစ်ယောက်ရဲ့ပြဿနာတစ်ခုခုကြားမှ မြေစာပင်များဖြစ်နေတာလား ဟင် ကျွန်တော့်အပြစ်မဟုတ်ပေမယ့်လည်းအခုဟိုဆော့ကို ကျွန်တော်ဘယ်လိုရင်ဆိုင်ရမလဲဟျောင်း

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now