Ep_15

336 68 7
                                    

Uni code

ကျောင်းပိတ်ရက်ဟာပျင်းဖို့ကောင်းလှသည်အရင်ကတော့ဒီလိုရက်မျိုးဆိုစာကြည့်စားပွဲနဲ့ပဲမျက်နှာချင်းဆိုင်နေတတ်တဲ့ကိုယ်ဟာမနေ့ညကချက်ချင်းကြီးနန်းဂျွန်းဟျောင်းနဲ့ချစ်သူဖြစ်သွားတဲ့ခံစားချက်ကြောင့်စာကြည့်စားပွဲကိုလဲမသွားဖြင့်ဂျောင်ကုအိမ်သွားဖို့လုပ်ပြန်တော့လဲဟျောင်းကိစ္စကြောင့်စိတ်မလုံသလ်ိုမျက်နှာပူသလိုလိုဖြစ်နေတာကြောင့်ခြံထဲမှာသာထိုင်ရင်းဟိုဟိုဒီဒီလျှောက်တွေးနေတော့သည်ရုပ်တရက်ဆိုသလိုအတွေးတွေကဟျောင်းဆီရောက်သွားတော့ပြုံးမိသည် ဒီလူကြီးချေသလိုအနေအေးသလိုလိုနဲ့တစ်ကယ်လက်သွက်တဲ့လူကြီးပဲမပြောမဆိုနဲ့လာဖတ်တာများဒီကဘာပြန်ပြောရမလဲတောင်မသ်ိလိုက်ဘူးအရင်ထဲကခံစားချက်ရှိနေခဲ့တယ်ဆိုပေမယ့်ဂျောင်ကုမျက်နှာကိုငဲ့ပြီးတောင့်ခံထားဦးမလို့စိတ်ကူးထားတာကိုအခုတော့ချက်ချင်းကြီးဆက်ဆံရေးပြောင်းလဲသွားအောင်လုပ်ပစ်နိုင်တဲ့လူကြီးဟွန့်ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေတဲ့အခိုက်ခြံရှေ့ကကားဟွန်းသီးသံကြောင့်အတွေးတို့ကိုရပ်ဆိုင်းကာခြံတံခါးအမြန်သွားဖွင့်ပေးလိုက်လေသည်ခြံရှေ့မှာတော့အနက်ရောင်ကားတစ်စီးကကိုယ့်ကိုစီးကြိုလို့

ဟင်ဒါနန်းဂျွန်းဟျောင်းကားပဲဘယ်လိုဖြစ်ပြီးအိမ်အထိလိုက်လာတာလဲအိမ်မှာဟျောင်းရှိနေတဲ့ဟုတ်ဆာမြင်သွားရင်…အာရှီး

ဟိုဆော့တစ်ယောက်ကားရှိရာဆီခပ်သွက်သွက်ပြေးသွားပြီးကားတံခါးနားကိုကပ်ကာကားမှန်ကိုလက်ဖြင့်နှစ်ချက်လောက်ရိုက်လိုက်တော့အထဲကလူကြီးကကားမှန်မှန်ကိုဖြေးဖြေးချင်းချပေးလေသည်

''ဟျောင်း ဘာလို့အိမ်ထိလိုက်လာတာလဲအိမ်မှာအိုမားမရှိပေမယ့်ဟျောင်းရှိတယ်သူသ်ိသွားရင်ဘယ်လိုလုပ်မလဲလို့''

''တစ်ခါထဲကိုယ်နဲ့ကိစ္စကိုပြောလိုက်ပေါ့''

''အဲ့လိုလုပ်လို့မဖြစ်သေးဘူးလေဂျောင်ကုနဲ့ကိစ္စကိုလိမ်ထားတာလဲရှိသေးတာကို''

''ဟုတ်ပါပြီဒါဆိုလဲနောက်မှပြောပြလိုက်ပေါ့အခုတော့ကားပေါ်တက်ဒီနေ့ကျောင်းပိတ်ရက်မဟုတ်လားအတူသွားချင်တဲ့နေရာလေးတွေရှိလို့လာခေါ်တာ''

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now