Ep_18

357 72 5
                                    

Uni code

ကျောင်းနောက်ကျနေပြီဖြစ်တာကြောင့်ခေါင်းကိုအမြန်ဖီးကာအောက်ထက်သို့အမြန်ပြေဆင်းလာတော့ထုံးစံအတိုင်းဟျောင်းကကိုယ့်ကိုစောင့်နေရပြန်ပြီအင်းလေဘယ်တတ်နိုင်မှာလဲကိုယ်ကအမြန်တမ်းလွဲချော်နေရမှကျေနပ်တဲ့ ဟိုဆော့ပဲမဟုတ်လား

''အာဒီနေ့လည်းစောင့်နေရလို့တောင်းပန်ပါတယ်ဟျောင်း''

''ကဲပါအခုမင်းပြီးပြီပဲလာသွားကြမယ်အိုမားသားတ်ို့သွားပြီနော်''

''အေးအေးဂရုစိုက်သွားကြနော်''

ဒီနေ့တော့ဟျောင်းကကိုယ့်ကိုမဆူတာကြောင့်တော်သေးသည်ပဲဆိုရမည်မဟူတ်ရင်နာရီဝက်ကြီးတောင်စောင့်နေရတဲ့ဟျောင်းကအရင်လုိဆိုက်ိုယ်အထုခံပြီးနေလောက်ပြီဒီရက်ထဲတွင်တော့ဟျောင်းကအနည်းငယ်ပြောင်းလဲသွားသည်ယူဆရမလားကိုယ့်အ‌ေပါ်တော့အရင်လောက်မဆူတော့ပေဘာပဲဖြစ်ဖြစ်ကိုယ့်အခုလိုဖြစ်နေတဲ့အချိန်ဟျောင်းကနားလည်ပေးတာကြောင့်ကျေးဇူးတင်မိသည်အခုလိုအရမ်းစိတ်ပင်ပန်းရတဲ့အချိန်မှာဟျောင်းကပဲဖြစ်ဖြစ်ပြောင်းလဲပေးတော့အနည်းငယ်သက်သာသည်ဆိုရမလား

'' ဟိုဆော့''

''ဗျာ''

''မင်းတို့နှစ်ယောက်ပြန်အဆင်ပြေသွားပြီလား''

''ဗျာ အဲ့ အဲ့တာက''

''ဟင်မပြေသေးဘူးလား''

''အာ nae''

''မဟုတ်သေးပါဘူးဂျောင်ကုဒီကောင်ဘာဖြစ်တာပါလိမ့်မင်းတို့ဘယ်လိုကနေစကားများကြတာမို့လို့ဒီကောင်ခုထိစိတ်မပြေသေးရတာလဲ''

''……………''

မျက်လွှာကိုအောက်ချကာတစ်လှမ်းချင်းလျှောက်ရင်းသက်ပြင်းတွေချည်းချနေတဲ့ဘေးကလူသားကြောင့်ဆက်မမေးတော့ပဲကိုယ်ကပဲစကားလမ်းကြောင်းလွှဲရလေတော့သည်

''ဒီနေ့ရာသီဥတုအေးလိုက်တာနော်ငါတို့ဟိုရောက်ရင်ဟော့ဒေါ့စားကြမလား''

''အာ nae''

''လာလာကျောင်းနောက်ကျနေပြီအမြန်သွားရအောင်''

''ဟုတ်''

ကိုယ့်အရှေ့ကနေခပ်သွက်သွက်လျှောက်သွားတဲ့ဟျောင်းနောက်ကိုအမှီလိုက်ရင်းလေးပင်းနေတဲ့စိတ်တွေကိုအဝေးသို့ပြန့်လွင့်လိုပြန့်လွင့်ညားခေါင်းယမ်းခါလိုက်ပြီးဟျောင်းကိုမှီအောင်ပြေးလိုက်ရင်းမေပယ်ရွက်တွေကြွေကြနေတဲ့လမ်းရဲ့အလှကိုသာအတွေးမှာနေရာပေးလိုက်လေသည်

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now