Ep_1

1.8K 116 6
                                    

Uni code

jin -''ဟိုဆော့ ဒီကိုလာဦး''

''ဟုတ်ဟျောင်း''

''ကဲမြန်မြန်လာစမ်းပါကွာ နှေးတုံ့နှေးတုံ့လုပ်မနေနဲ့''

''ဟုတ် ဟျောင်း က hope ကိုဘာခိုင်းမလို့လဲ''

''ဘာမှမခိုင်းဘူး စာလေးပဲရေးခိုင်းမှာပါ ဟိုနေ့က ငါကျောင်းပြေးတာ အိုမားမသိဘူးကွ အဲ့တာ ဟိုဆော့က ရေးပေးနော်''

''ဟုတ် ဟျောင်း''

''အိုမား မေးရင်မင်းစာလို့ပြောနော်''

''ဟုတ်''

''ဒါဆို ငါလစ်ပြီ''

ဟိုဆော့ကိုစာရေးခိုင်းပြီးအပြင်ထွက်လာလိုက်သည် သို့သော်လည်းစိတ်မအေးရပေ ဟိုဆော့ဆိုတဲ့ကောင်ကကိုယ့်ကိုသာကြောက်ပေမယ့် လုပ်လိုက်ရင်အလွဲလွဲအချော်ချော်ချီပဲ ဒါကြောင့်စိတ်မချနိုင်ပေ အ်ိုမား သိရင်တစ်ပြစ်ကနေ နှစ်ပြစ်ဖြစ်မှာဆိုး၍အိမ်သို့သာပြန်လှည့်လာရတော့သည်ဘာပဲဖြစ်ဖြစ်ကိုယ်ဘေးကနေစောင့်ကြည့်နေတော့သူလည်းအရင်လိုအလွဲတွေမဖြစ်တော့ဘူးပေါ့အိမ်သို့ခပ်သွက်သွက်လှန်းလာရင်းအိမ်ခန်းထဲပြန်လာကြည့်မိတော့ တစ်ယောက်ထဲစာရေးနေတဲ့ဟိုဆော့ပင်လျှင်

''ဟိုဆော့ ''

ရုပ်တရက်ခေ်ါလိုက်တဲ့အသံကြောင့်အလန့်တကြားလှည့်ကြည့်လာတဲ့လူသား

''ဗျာ ဗျာ ဟျောင်း ''

''သေချာရေးလို့ပြောတာ ''

''ဟုတ် ဟုတ်ဟျောင်း''

ပြောပြီးသည်နှင့်သူ့အခန်းရှိရာဆီပြန်သွားသည့်ဆော့ဂျင်
တစ်ဖက်၌့ဟိုဆော့ကတော့ရေးလက်စစာကိုသာပြန်အာရုံ့စိုက်ပြီးအဆုံးသတ်လေသည်

စာတွေပြီးသွားတော့ဟျောင်းကိုသွားပေးချင်သော်လည်း အခုချိန်ထိ ဟျောင်းအခန်းထဲကိုတစ်ခါမျှတောင်အသိမပေးပဲမဝင်ရဲပေ ကိုယ်သွားပေးတဲ့အချိန်ဟိုကစိတ်မကြည်ရင်အဆူက ခံရပေဦးမည် စာအုပ်ကိုတင်းတင်း ဆုတ်ကိုင်ရင်း ဟျောင်းအခန်းရှေ့ဟိုသွားဒီသွားနှင့်တံခါးခေါက်ဖို့အရှိန်ယူနေမိသည်

သန့်စင်ခန်းက ပြန်လာတော့ကိုယ်အခန်းရှေ့မှာရောက်ယက်ခက်နေတဲ့ဟိုဆော့ပင်

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now