Ep_34

443 73 12
                                    

Uni code

ပြတင်းတံခါးကနေ ဝင်လာတဲ့အလင်းရောင်စူးစူးကမျက်နှာပေါ်တိုက်ရိုက်ကျရောက်လာသည် မှိတ်ထားတဲ့မျက်လုံးအစုံကို ဖွင့်ရင်း စောင်ပုံထဲမှတိုးထွက်ရင်း ထိုင်လိုက်၏ ဘေးမှာရှိတဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့10:00တောင်ထိုးနေလေပြီ ဒီနေ့ရုံးပိတ်ရက်မို့ အိပ်ယာထနောက်ကျ တာဟာ မစမ်းပါ ဖုန်းကို ပြန်ချလိုက်ပြီး ပြတင်းပေါက်ကနေ အပြင်ဘက်မြင်ကွင်းကို အရင်ဆုံးငေးမောလိုက်သည် သဘာဝတရားကြီးကသာ ကိုယ့်ရဲ့တစ်ဦးတည်းသော စိတ်ဖြေရာ လမ်းပေါ်မှာ ဟိုဒီသွားလာနေတဲ့ လူတွေကြား အသက်ခပ်ကြီးကြီးနှင့်ရုပ်ရည်ပြေပြေပြစ်ပြစ်ရှိသော အမျိုးသမီးတစ်ဦးအား မထင်မှတ်ပဲ တွေ့မိတော့ စိတ်ကူး၌အိုမားကိုပြေးမြင်လာလေ၏ ဖြစ်ချင်သလိုတွေဖြစ်ခွင့်ရခဲ့ပြီဆိုတော့ အမေပျော်နေမှာပဲ အဆင်မှပြေရဲ့လားလို့တော့မတွေးမိပါ သူမအ‌ဆင်ပြေနေလို့သာ ကိုယ့်ဆီဖုန်းလေးတစ်ချက်တောင်မဆက်သည်လေ
အကယ်၍ သူမသာ အခက်ကြုံနေလျှင် သေချာပေါက် ကိုယ့်ဆီရောက်လာတတ်တာမဟုတ်လား ထို့နောက် လက်ချင်းယှက်ကာ တရွေ့ရွေ့လျှောက်လာကြသည့် စုံတွဲတစ်တွဲထံ အကြည့်ရောက်သွားလေတော့ ပြန်လည်မြင်ယောင်လာသည့် ဟိုလေး၏ ပုံရိပ်တွေ အခုချိန် ဟိုလေးရော ဘာတွေလုပ်နေမလဲ ကိုယ့်ကြောင့်နဲ့ပင်ပန်းနေတာမျိုးမဖြစ်ပါစေနဲ့ဟုသာ ဆန္ဒပြုမိသည်ကိုယ်လိုလူကြောင့် ထိုကောင်လေးကိုမပင်ပန်းစေချင်လို

"အကို နိုးပြီလား ကျွန်တော်မနက်စာအတူစားဖို့အကို့ကိုစောင့်နေတာ ရေချိုးခန်းဝင်ပြီးရင်ဆင်းလာခဲ့နော်"

အနောက်မှထွက်ပေါ်လာသည့် အသံခပ်သေးသေးကို ခေါင်းငြိမ့်ပြရင်းသာအဖြေပေးမိသည် ထို့နောက် လှည့်ကြည့်မိတော့အခန်းထဲ၌ ထိုလူသားမရှိတော့ မှန်တင်ခုံပေါ်တွင် အဆင်သင့်ထုတ်ထားသည့်ဝတ်စုံလေးဟာ သပ်သပ်ရပ်ရပ်ရှိနေချေသည် ဘာမှအများကြီးတွေးမနေတော့ပဲ ရေချိုးခန်းဝင်ဖို့သာပြင်လိုက်တော့၏

...............

"အစောကြီးနိုးနေတာကို ကြိုစားနှင့်ရောပေါ့ "

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now