Ep_20

337 65 7
                                    

Uni code

ဆောင်းရာသီကုန်ခါနီး၍နွေဦးသို့ရောက်ကာစဖြစ်တာကြောင့်ပြတင်းပေါက်ကနေအပြင်သို့လှမ်းကြည့်ခိုက်မေပယ်ရွက်တို့ကအပင်ပေါ်မှာစတင်လှပနေကြလေပြီနောက်နွေရာသီထဲသို့ဝင်လာတာနှင့်အမျှမေပယ်ရွက်ကြွေတွေနှင့်ပြည့်နေမယ့်လမ်းရဲ့အလှကိုပုံဖော်ကြည့်ရင်းပြုံးမိစဉ်အိပ်ယာနဘေးကဖုန်းလေးကအသံပေးလာ၍ကြည့်မိတော့screenထက်ပေါ်နေသည်မှာလူကြီးဆိုသည့်နမည်နှင့်နှစ်ဦးသားပထမဆုံးချစ်သူဖြစ်တဲ့နေ့ကရိုက်ထားတဲ့ဓာတ်ပုံလေးဖုန်းကိုအလျှင်ပဲက်ိုင်လိုက်ကာထူးမိသည်

''ဟုတ်ကဲ့လူကြီး''

''မွေးနေ့မှာပျော်ရွှင်ပါစေဟိုလေး''

ကြည့်ပါဦးဒီလူကြီးကိုယ့်မွေးနေ့က်ိုအသေချာမှတ်ထားတာပဲမွေးနေ့မှာပထမဆုံးကြားရတဲ့ဒီလူကြီးရဲ့ဆုတောင်းစကားကဒီနှစ်မွေးနေ့ရဲ့အကောင်းဆုံးလက်ဆောင်ပါပဲပျော်မိသည်ရင်ထဲအတိုင်းမသိဝမ်းသာတယ်လူကြီး...အေးစက်တယ်လို့ထင်ခဲ့ရတဲ့လူကြီးကကိုယ့်အပေါ်တွင်တော့အမြဲနွေးထွေးပေးခဲ့သည်မို့အားလုံးထက်အရာရာထက်ပိုချစ်တယ်လူကြီး

''ချစ်တယ်လူကြီး''

''အယ်မယ်မွေးနေ့လက်ဆောင်အကြီးကြီးလိုချင်လို့ကိုယ့်ကိုချွဲနေတာလားပြောပါဦး''

''ဟာလူကြီးကလည်းမဟုတ်ပါဘူးဒီကတစ်ကယ်ပြောတာကို''

''ဟား ဟားဟုတ်ပါပြီဗျာယုံပါတယ်''

''ဒါနဲ့လူကြီးညကျBirthday partyကိုသချာပေါက်လာခဲ့ရမယ်နော်''

''လာမှာ‌ေပါ့မလာလို့ဘယ်ဖြစ်မလဲpartyကိုလာရင်းနဲ့ယောက္ခမကြီးကိုခွင့်တောင်းပြီသူသားအငယ်လေးကိုတစ်ခါထဲခိုးပြေးပစ်မှာ''

''ဟာ ကြည့်လူကြီးနော် လိုက်စနေပြန်ပြီအွန်းပါနောက်ကျရင်တော့စိတ်ကောက်ပစ်မယ်မှတ်''

''စိတ်ချပါကိုယ်လာခဲ့ပါ့မယ်နောက်လည်းမကျစေရပါဘူးအော်ဒါနဲ့ဒီနေ့ကျောင်းဖွင့်ရက်မဟုတ်လားဟိုလေးကျောင်းသွားမှာလားဟင်''

''အွန်းသွားမှာလူကြီးမွေးနေ့ပွဲကညကျမှဆိုတော့လေ''

''အော် ကိုယ်ကဟိုလေးဒီနေ့ကျောင်းမတက်ရင်ညဘက်partyမတိုင်ခင်လေးဟိုလေးအတွက်BD wishလေးလည်းလုပ်ပေးရင်းနဲ့နှစ်ယောက်အတူတစ်နေရာရာသွားကြမလားလို့ကျောင်းသွားတက်မှာဆိုရင်တော့ထားလိုက်ပါညကျမှတွေ့ကြမယ်လေ''

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now