Ep_21

334 67 7
                                    

Uni code

''သားရေ ဟိုဆော့ ''

''ဟုတ် အိုမား သားရေချိုးခန်းထဲမှာ''

''အော်အေး အေး ပြီးရင်အဆင်သင့်ပြင်တော့နော်သားအိုမားကတော့ခြံထဲမှာပဲစောင့်နေတော့မယ်''

''ဟုတ် အိုမား''

ရေချိုးနေရင်းနဲ့ခြံထဲမှာအသေချာပြင်ဆင်ထားတဲ့မွေးနေ့ပါတီ လေးကိုအတွေးနဲ့ပုံဖော်ကြည့်တော့အလိုလိုစိတ်လှုပ်ရှားနေမိသည်ညအချိန်ကျLEDမီးအရောင်အစုံနဲ့ဒီပွဲလေးဆီလာကြမယ့်သူတွေကိုတစ်ယောက်ချင်းစီတွေးမိနေရင်းကလူကြီးအလှည့်ရောက်တဲ့အခါပြုံးမိသွားတဲ့ကိုယ့်မျက်နှာကိုမှန်ထဲပြန်ကြည့်ရင်းလက်ဝါးဖြင့်ခပ်ခွခွသုံးချပ်လောက်ဆင့်ရိုက်မ်ိလေတော့သည်ထို့နောက်ရေအမြန်ချိုး၍ပြီးသော်အဆင့်သင့်ထားထားသည့်အဖြူရောင်တပတ်ကိုခါးတွင်ပတ်ကာရေချိုးခန်းထဲကထွက်ပြီးအဝတ်ဗီဒရိုအရှေ့မှာဗျာများနေရလေသည်အရောင်စုံနဲ့အကျီ င်္တွေကြားဘယ်ဟာဝတ်ရမလဲရွေးနေသည်မှာမပြီးနိုင်ပေ

''ဒီအနီရောင်လေးဆိုရင်ရော အာ ဒါလေးလည်းမိုက်တာပဲ အွန်းဒီဟာကတစ်ခါမှတောင်မဝတ်ရသေးဘူး မဟုတ်သေးဘူးဟိုဟာလေးဆိုရင်……''

''ဂျောက်''

''အယ်မယ်လေး''

အဝတ်ရွေးနေစဉ်''ဂျောက်''ဆိုသောမြည်သံကြောင့်ရုတ်တရက်ယောင်လိုက်သည့်အသံနဲ့အတူအနောက်ကိုလှည့်ကြည့်တော့ဆော့ဂျင်ဟျောင်းပင် ပုံမှန်ဆိုကိုယ့်အခန်းထဲလ်ာလေ့ရှိတဲ့သူမဟုတ်သည်မို့ကြောင်သာကြည့်နေမိသည်

''အာ မင်းအဝတ်လဲနေတာလား မသိလိုက်လို့ဆောရီး''

ဟျောင်းကအားနာနေသည့်ပုံစံဖြင့်ပြောလာမှ ကိုယ့်ကိုကိုယ်သတိထားမိကာအနည်းငယ်ပြေရော့ကျနေတဲ့ခါးကတပတ်ကိုခပ်တင်းတင်းကိုင်ကာအပေ်ါသို့အနည်းငယ်ဆွဲတင်လိုက်ရင်း

''ရ ရပါတယ် ဟျောင်းရဲ့အဝတ်လဲမလို့ရွေးနေတာအဲ့တာဘာဝတ်ရမှန်းမသ်ိလို့''

''ရော့ ''

''ဟင် ဒါက ''

''ဒီတစ်ခေါက်မင်းမွေးနေ့အတွက်ငါ့ရဲ့လက်ဆောင်ပဲ''

"ရင်ခွင်ငယ်မှစေညွှန်ရာ"Where stories live. Discover now