3

767 40 0
                                    

          အခန်း (၃)
  
    ထိုင်နေတုန်း မိုးမြတ်သူငယ်ချင်းတစ်ယောက်ဆီကနေ ဖုန်းဝင်လာ၏ ။ ဖုန်းပြောပြီးတော့ ရဲသွေးက သူမဆီပြန်ရောက်လာသည်။ လက်ထဲမှာလည်းပစ္စည်း တစ်ချို့ နှင့်။
    "ဒါလေး ကပ်ထားလိုက်ပါလား။"
    Tiger balm အထုပ်လေး လှမ်းပေးသည်။သူ့မျက်လုံးများကတော့ သူမရဲ့ ဒဏ်ရာစီမှာ ။
    "ရပါတယ်။ အရမ်းမနာဘူး။အဆင်ပြေပါတယ် ။" ခပ်ပြုံးပြုံးလေးပြန်ပြောလိုက်သည်။
    "ယူကပ်လိုက်ရင်ဘာဖြစ်သွားမှာမို့လို့လဲ မိုးမြတ်ရယ် ။ဒါယူလိုက်လို့ တစ်ခုခုပြန်ပေးရမယ်ဆိုတာမျိုး တောင်းဆိုနေတာလည်းမဟုတ်ဘူးလေ။" ပြောနေရင်း ရဲသွေးက
ပလာစတာ တစ်ခုကို ထုတ်၏ ။ ပလတ်စတစ်ကိုခွာလိုက်သည်။ ထို့နောက်သူမ ဒဏ်ရာနား တိုးလာရင်း ..
    "ကပ်ထားလိုက်ပါ"
မိုးမြတ်လည်း ဘားမှထပ်မပြောတော့ပဲ သူ့လက်ထဲကယူပြီး ဒဏ်ရာအပေါ်မှာကပ်လိုက်သည်။ပြောရရင် ရဲသွေး ပြောလိုက်တဲ့အသံကြောင့် နဲနဲလည်း အံ့ဩ သွားရ၏။သူ့အသံက တစ်မျိုးပဲ ။ လေးနက်နေသလို ။ စိတ်အလိုမကျနေသလို ။
    "ပြီးတော့ မိုးမြတ် ဘားမှမစားရသေးဘူးထင်လို့ မုန့်နဲ့ သောက်စရာ ဝယ်လာပေးတယ် ။ မငြင်းနဲ့တော့နော် ။ ဘာတွေပဲဖြစ်နေနေ ကိုယ့်ကိုယ် ဂရုစိုက်လေ ။ စည်းကျော်ပြီး ဆရာလုပ်နေတာ ပြောနေတာတော့မဟုတ်ဘူး ။ မိုးမြတ် ဒီလိုတွေဖြစ်နေတာ ကို ကြည့်နေရတာအဆင်မပြေဘူး ။ အဲ့ဒါကြောင့်ပါ "
ရဲသွေး တရစပ် ပြောနေတာတွေကို နားထောင်နေရင်း သူမ ဘာပြန်ပြောရမလဲ မသိဖြစ်နေ၏ ။ စိတ်ထဲမှာလဲ နွေးထွေးသွားသလို ။ တစ်မျိုးလေး‌ခံစားနေရသည်။ သူ ဝယ်လာပေးတဲ့ မုန့်တွေကို ယူလိုက်တော့ ...
    "နောက်ပိုင်းကို ဘာပဲဖြစ်နေနေ ကိုယ့်ကိုယ်တော့ဂရုစိုက်ပါဗျာ။ ကျွန်တော် မြင်နေရင်တောင် ခဏခဏ လာဂရုစိုက်ပေးဖို့က မိုးမြတ်အတွက် အဆင်မပြေဘူး သိပါတယ် ။" 
    "ဟင် ... "
သူဘာကိုပြောချင်နေတာလဲ ။
    "ဒါဆို ကျွန်တော်သွားတော့မယ် အတန်းမတက်သေးဘူးမလား ။ ဒီနေ့က ရာသီဥတုလဲနဲနဲအေးတော့ အကြာကြီးတော့ထိုင်မနေနဲ့ဦး ။ မုန့်တွေ စားလိုက်နော် ။ သွားပြီ "
    "ကျေးဇူးပဲနော် ... "
သူ့ကို ခေါင်းငြိတ်ပြရင်း ပြန်ဖြေလိုက်သည်။ သူလည်း တစ်ချက်ပြုံးပြပြီး လှည့်ထွက်သွား၏ ။ မိုးမြတ် စိတ်ထဲမှာတော့ ခံစားချက်တွေက ရှုပ်ထွေးနေပြီ ။ ရဲသွေးရဲ့ ခုနကနဲ့မတူ ရုတ်တရတ်ပြောင်းသွားတဲ့မျက်နှာ နဲ့ စကားလုံးတွေကြောင့်ရယ် ၊ မမျှော်လင့်ထားပဲ သူမ ကို ဂရုတစိုက်လေး တွေးပေးသွားတာကြောင့်ရယ် ၊ ပြဿနာတက်ထားတဲ့ စိတ်အခံတွေ ကြောင့်ကော လူက အူတူတူ ဖြစ်သွားသလိုလို ။ ပြီးတော့ ဒီလိုဂရုစိုက်ပေးသွားတာကလည်း ကိုယ့်အပေါ်မှာခံစားချက်ရှိ နေတဲ့သူတစ်ယောက်ဆီကဆိုတော့ နဲနဲလည်း စိတ်လှုပ်ရှားမိသွားသလိုမျိုး ။ ဒီလိုမျိုး လက်တွေ့မှာ ဂရုစိုက်သွားတာလည်း ပထမဆုံးအကြိမ်ဖြစ်၏ ။ ဘာဖြစ်သွားတာပါလိမ့် သူမ
ရဲသွေးအပေါ်မှာလဲ ဘာခံစားချက်မှရှိတာမဟုတ်ပဲနဲ့ ။ သူဝယ်လာပေးတဲ့ sandwich ထုပ်ကိုဖောက်တော့ လက်က ဒဏ်ရာက အနဲငယ် မျက်သွားသ‌ယောင် ဖြစ်နေခဲ့သေးသည်။

UNKNOWNSWhere stories live. Discover now