အခန်း (၁၂)
ကန်တင်း က ပြန်လာပြီးပြီးချင်း အတန်းထဲကို တန်းမသွားဖြစ်သေး။အချိန်လည်းရှိသေးတာမို့ စုမွန် နဲ့နှစ်ယောက်သား ကျောင်းထဲက ဓာတ်ပုံရိုက်လို့ လှတဲ့ နေရာတချို့ ပတ်သွားပြီး ဓာတ်ပုံရိုက်နေဖြစ်ခဲ့၏။ဘယ်နှပုံမှန်းမသိ ရိုက်လာပြီး တဲ့နောက်မှာ တော့ နှစ်ယောက်သားအခန်းထဲ ရောက်လာခဲ့တော့သည်။
ခုံမှာထိုင်ပြီးပြီးချင်း တန်းဖွင့်လိုက်တာက Facebook ။ ခုနက ဆိုင်မှာ အမှာစောင့်နေတုန်း ရဲသွေး တစ်ခုခုကို story တင်လိုက်တာ မြင်ခဲ့၏။ တစ်ဝိုင်းထဲ ကြီး ထိုင်ပြီး ချက်ချင်း ထ view ရအောင်ကလည်း မဟုတ်သေးဘူးမလား။အဲ့ဒါနဲ့ ဟန်ကိုယ့်ဖို့ သူ့ story ဝင်မကြည့်ဘဲ nf ပဲ ထိုင်ပွတ်နေခဲ့တာ။အခုတော့ ဘာတင်ထားလဲ ဝင်ကြည့်မည်ပေါ့လေ ။။။
"အယ် ... ငါခုနက သေချာမြင်လိုက်ပါတယ် ။ ပြန်များဖျက်သွားတာလား "
တစ်ယောက်ထဲ တီးတိုး ရွတ်နေမိ၏။သတိထားမိသလောက် story တင်ပြီး ပြန်ဖျက်တတ်တဲ့ အကျင့် သူ့မှာမရှိပါဘူး ။ ထူးဆန်းလိုက်တာ ။။။။။။
သူမထိုသို့တွေးနေတုန်းမှာပဲ ....
"အယ် ... ရဲသွေးဘေးက ကောင်လေးက အဆင်လေးတော့ .."
သူမရဲ့ အရှေ့ခုံက ကောင်မလေးတစ်ယောက်က ထပြောလာသည်။သူ့ဘေးက နှစ်ယောက်က ဘယ်မှာလဲ ဆိုတဲ့သဘောနဲ့ဟိုကြည့်သည်ကြည့် ကြည့်နေကြတော့ ...
"အပြင်မှာပြောနေတာမဟုတ်ဘူး ။ သူတင်ထားတဲ့ story မှာ ပြောတာ ။ ဒီမှာ ကြည့်ကြည့် ...."
ထိုစကားကြောင့် မိုးမြတ်လည်း အနောက်ကနေ မသိမသာချောင်းကြည့်လိုက်သည်။ တကယ်ကိုပဲ ။ တကယ်ကိုပဲ ရဲသွေး ရဲ့ story ။
"ဟင် .. ဖျက်လိုက်ပြီးသား မဟုတ်ဘူးလား ။"
သူမနောက်တစ်ခေါက် ရဲသွေး wall ထဲ ဝင်ကြည့်ကြည့်သည်။ ဘာ story မှမရှိ။။။
မျက်ခုံး အတွန့်ချိုးလိုက် မိ၏ ။ထို့နောက် ...
"စုမွန် .."
"ဟင်"
"Fb ခဏလောက်ပေးရှာလေ။ လူတစ်ယောက်ငါ့ကို block သွားတာလား။ သူ့အကောင့်ပျက်တာလား ကြည့်ကြည့်ချင်လို့"
"အင့်" ဖုန်းလှမ်းပေးလာသည်။ သူမ ရဲသွေး acc ထဲဝင်လိုက်၏ ။ story မရှိပါ။ ဒါဆို .... ဒါဆိုသူက မိုးမြတ်ရယ် စုမွန်ရယ်ကို hide လုပ်ထားတာလား ???????
WHY ??????
search list ကိုပြန်ဖျက်။စုမွန်ကို ဖုန်း ပြန်ပေးပြီးတော့ သူမ တွေ့ကရာ ပန်းပုံ တစ်ပုံကို story ကောက်တင်လိုက်သည် ။ ပြီးတော့ story ထဲပြန်ပြန်ဝင်ပြီး viewer ကိုစောင့်ကြည့်နေမိ၏။ရဲသွေး acc မီးစိမ်းနေတာကြောင့်လည်း ကောက်တင်လိုက်ခြင်း ။ ငါးမိနစ် ကြာလာတဲ့အထိ viewer ထဲမှာ သူမပါလာပါ ။ မိုးမြတ် မျက်ခုံးများကို ပိုပြီး အတွန့်ချိုး မိလာသည် ။ ခါတိုင်း ရဲသွေး line ပေါ်မှာ ရှိနေတဲ့ အချိန် သူမ story တင်လိုက်ရင် အလွန်ဆုံး 5 mins လောက်နဲ့ viewer list ထဲ ပါပြီးတဲ့ကိစ္စမှာ အခုက ......
တဖြည်းဖြည်း ဆယ်မိနစ် ။
ဆယ့်ငါ့မိနစ် ။
မိနစ် နှစ်ဆယ် .......
ဆရာမလည်း ဝင်လာပြီ။မိုးမြတ်လည်း ဖုန်းကို ပိတ်ပြီး silent လုပ်ထားလိုက်တော့သည် ။။။။။။
🌻🌻🌻🌻🌻