အခန်း (၆)
အကြောင်းအပြည့်အစုံကတော့ ဒါပါပဲ ။ သူ ရှောင်ဖယ်ဖယ်လုပ်နေတာ ဒီနေ့နဲ့ဆို နှစ်ပတ်ကျော်ရှိသွားပြီပေါ့။မိုးမြတ်ကတော့ သူအဲ့လိုလုပ်လေ ဘာလို့လဲစဉ်းစားလေ ၊ သူ့အရိပ်အယောင်ကိုတွေ့လေ တရှောင်ရှောင်လုပ်ဦးမှာလား သတိထားကြည့်နေမိလေ ၊ ကျောင်းရောက်တာနဲ့ သူ့ကိုပဲ ရှာကြည့်မိလေလေ ဘဝနဲ့ ကိုယ့်ကိုယ်မသိလိုက်ခင်မှာ ရဲသွေးက သူမ စိတ်ထဲ အတော်ရောက်သွားခဲ့သည့်အဖြစ်။ ခံစားချက်ရှိသွားတယ်ပြောရမလား။ဒီနေ့လည်း သူ့ကိုမတွေ့လို့ စုမွန်ကတောင် လက်လျှော့လိုက်ပြီလားမသိဘူး ပြောလာပြီ။ရီနေရတယ်မလား ။ အခြေအနေက ဒီလိုမျိုးပြောင်းပြန်တွေဖြစ်သွားတာကလေ ။ ဟူး။။။။။
"🎶🎶🎶"
အတန်းထဲမှာထိုင်နေရင်း ဖုန်းဝင်လာလို့ကြည့်လိုက်တော့ သူ့ယောကျာ်းလေးငယ်သူငယ်ချင်း အကူး ဆီက။အကူးဆိုတာ အိမ်နာမည်ပါ။ဟိုနေ့က ကိစ္စပဲလားမသိ။
"အင်း ပြောအကူး"
"အေ မိုးမြတ် ၊ နင်ကျောင်းမှာမလား"
"ဟုတ်တယ်။ဘာလို့လဲ"
"ဒါဆို နေ့လည်ကျရင် တစ်ဆိုင်ဆိုင်မှာတွေ့ရအောင်။ကိုခန့်ကတွေ့ချင်လို့တဲ့"
အာာာာ ထင်တယ်။ဒီကောင် အဲ့ကိစ္စပဲနေမှာလို့။
"အာ ... ဘာလုပ်မလို့လဲတဲ့။ငါ့မှာကောင်လေးရှိပါတယ်ဆို"
"လုပ်မနေနဲ့ ။ စုမွန်နားမေးကြည့်ပြီးပြီ။နင့်ကိုဘယ်သူပြောလဲဆိုပြီး ပြန်မေးလာတယ်ငါ့ကို"
"ငါပြောတယ်လေ အဲ့နေ့ကတည်းက
စုမွန်တောင်မသိပါဘူးဆို"
"တော် ..... လုပ်မနေနဲ့တော့။ငါ နင့်အကြောင်းသိတယ်။စိတ်မဝင်စားလို့အကြောင်းပြချက်ပေးနေတာမလား။လုပ်ပါဟာ။ဒီနေ့တော့တွေ့လိုက်ပါ။ငါက သူ့ညီမနဲ့တွဲနေတာ ။ဒါလေးတောင်သေချာမလုပ်ပေးဘူးဆိုပြီး စိတ်ကွက်သွားရင်ဘယ်လိုလုပ်မလဲ။လုပ်ပါဟာ။နော်။ဒီနေ့တွေ့ပြီးမှ နင်ကိုယ်တိုင်ပြောလိုက်ပေါ့။နင်စိတ်မဝင်စားဘူးဆိုလဲ။ငါ အခုထိသူ့ကို ဘားမှမပြောထားသေးဘူး။"
"ကျွစ် ! နင်ဟာလေ .... ။ အေ နောက်တစ်ခေါက်တော့မရဘူးနော်"
"အေးပါ အေးပါ။ငါသိပါတယ်။နင်ဒီတစ်ခေါက်ထဲက အပြတ်ဖြတ်လိုက်ပေါ့။နင်ဒီလိုနေရာမှာကျွမ်းတာပဲကို။အဟီး"
"$ကောင် ။ပြော ! ဘယ်ကိုလာရမှာလဲ"
"ငါတို့ထိုင်နေကျဆိုင်ပဲ လာခဲ့လိုက်နော်"
"အေး ။ ပြီးတာပဲ ။ ငါလေ နင့်ကို လုပ်ထည့်ပစ်ချင်တယ် တကယ်"
"အေးပါ။ ငါသိတယ် ။အကြွေးမှတ်ထားလိုက် ။ဟီး"
"ဖုန်းချပြီဟေး"
"အေအေ။လာဖြစ်အောင်လာခဲ့နော်"
မိုးမြတ်ဘားမှ မဖြေတော့ပဲ ဖုန်းချလိုက်သည်။ အဲ့ ကိုထူးခန့်သာ ဆိုတဲ့လူက အကူးရဲ့ မွေးနေ့သွားရင်းနဲ့ ဆုံဖြစ်ခဲ့တာ။အခု သူမကို စိတ်ဝင်စားလို့ ဆိုပြီး အကူးနား အကူအညီတောင်းတယ်တဲ့ ။ဟိုးနေ့ကထဲက ဖုန်းဆက်ပြီးကောင်လေးရှိတယ်လို့ ပြောလိုက်ပြီးပြီဟာကို ဟိုအကောင်က ... အွန်း။
ဘယ်တတ်နိုင်မှာလဲ သူ့ညီမနဲ့တွဲနေလို့ ဆိုတော့လည်း ကူညီပေးရမှာပေါ့လေ။စိတ်ပျက်ပါတယ်နော် ။။။။
🌻🌻🌻🌻🌻