အခန်း( ၁ )
သူမတို့ ဌာနဖက်ကို ချိုးကွေ့လိုက်သည်နှင့်တစ်ပြိုင်နက် အဆောင်အောက်ဆုံးထပ် ယောကျာ်းလေးအိမ်သာ အရှေ့ကကောင်လေးတစ်ချို့ရပ်နေတတ်ကြသည့်နေရာကို အရင်ဆုံးကြည့်မိသည်။ဒါက အကျင့်တစ်ခုလိုဖြစ်နေတာ။ဒီနားရောက်ရင် ထိုနေရာကိုကြည့်လိုက်ရမှ ။။ သူက ထိုနေရာမှာရပ်နေလေ့ရှိသည်ကိုး။ ဒီနေ့တော့သူ့ကိုမတွေ့ရပါ။ပင့်သက်တစ်ချက်ရှိုက်လိုက်မိ၏။
"ဟဲ့ .. ဒီနေ့မတွေ့ဘူးပဲနော်"
စုမွန်ကပြောသည်။
"အင်း ...." သူမလည်း အင်းတစ်ခွန်းသာဖြေလိုက်မိ၏။အမှန်တော့ အခုတလော သူ့ကို ခနခနမတွေ့ဖြစ်တော့တာပါ။တွေ့ဖြစ်ပြန်ရင်လည်း သူ့ဟာနဲ့သူ ဖုန်းသုံးရင်သုံး မသုံးရင်လည်း သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေခြင်းမျှသာ။သူမကိုတစ်ချက်လောက်လေး မျက်လုံးပင့်ကြည့်ပြီး ပြီးသွားတာပါပဲ။သူမ ရောက်လာရင် ၊ သူမကိုတွေ့ရင် ပြာယာခတ်သွားတတ်ပြီး တပြုံးပြုံးနဲ့ လိုက်ကြည့်နေတတ်တဲ့ အရင်တုန်းက သူ က ဘယ်ရောက်သွားလဲမသိတော့ ။။။။။
ထိုနေရာကို ဖြတ်လျှောက်လာပြီး အပေါ်ထပ်ကိုတက်တော့ စုမွန်က ..
"ရဲသွေး မရှိတာလဲကောင်းပါတယ်။မဟုတ်ရင် အဆောင်ကြီးကိုတစ်ပတ်ပတ်ပြီး ဟိုးဖက်လှေကားကနေ တက်နေရအုံးမှာ"
သူမ ဘာမှပြန်မဖြေ။
"ဟုတ်တယ်မလား မိုးမြတ်"
"ဟမ် .... အေဟုတ်တယ်။မဟုတ်ရင် အညောင်းခံပြီးပတ်နေရဦးမှာ " စကားဖြစ်ပြီးရောပြောလိုက်သည်။
"ဒါနဲ့လေ အဲ့ကောင်က တကယ်ပဲ လက်လျှော့လိုက်ပြီထင်တယ်နော်။"
"ဟုတ်မှာပေါ့။သိပ်မှမတွေ့ရတော့တာ"
"အယ် နင်က သိပ်မတွေ့ရတော့တာတောင် သတိထားမိနေတယ်ပေါ့"
"ဟမ် ... အေ ဒီလိုပဲလေအမြဲတမ်းတွေ့နေရာကနေပျောက်သွားတော့ သတိတော့ထားမိနေတာပေါ့ " သူမ မလုံမလဲဖြစ်သလိုမျက်နှာနဲ့ပြောလိုက်တော့ စုမွန်က..
"ဟဟ .. အေးပါ။ဘာပြောလို့လဲ ။နင်သူ့ကိုစိတ်မဝင်စားမှန်းသိပါတယ်။ဖြစ်သွားတဲ့ပုံက မသိရင် နင် crush နေတဲ့သူကို လူမိသွားလို့ လန့်ဖြတ်သွားတဲ့ပုံနဲ့ "
မိုးမြတ် ရီပဲရီနေလိုက်ပါတော့သည်။အသားဖြူဖြူ ၊ အချိုးကျနေတဲ့ မျက်နှာ သေးသေးလေး၊ မနိမ့်မမြင့်ပုံမှန်အရပ်လေးဖြင့် ချစ်စရာကောင်းသည်ဟု သက်မှတ်ရလောက်သည့် အသွင်သဏ္ဍာန်နဲ့ သူမ ရဲ့ အကျင့်အတိုင်း ပေါ့ပေါ့ပါးပါး ပုံစံနှင့်ပေါ့။ဟုတ်ပါသည်။စိတ်ထဲမှာခံစားနေရတာကို ဖုံးကွယ်တတ်လွန်းတဲ့ မိုးမြတ်နှင်းနွယ် ဆိုတဲ့ သူမက အရင်းတုန်းက သူမကို crush ခဲ့တဲ့ ရဲသွေး ကို အခုမှပြန် crush နေရတယ်ဆိုတဲ့အကြောင်း စုမွန်ကဘယ်လိုရိပ်မိနိုင်မှာလဲ။ရယ်တော့ရယ်ရတယ်မလား။အရင်က သူမကို တစ်ဖက်သက်ချစ်ခဲ့ပြီး အခု တဖြည်းဖြည်းချင်းအေးစက်သွားတဲ့ သူတစ်ယောက်ကို အခုသူမက ပြန် crush နေရတယ်ဆိုတာကလေ။။။။။ အဟင်း ။။။။