အခန်း (၁၅) ဇာတ်သိမ်းပိုင်း
ကိုခန့် ပြန်ထွက်သွားပြီးတော့ သူမတို့နှစ်ယောက် ငြိမ်နေ ကြ၏ ။ မိုးမြတ်ကတော့ ဖိနပ်ပြန် စီးနေသည်။။။
"မိုးမြတ်"
ပြန်မထူးပဲ ရဲသွေးဖက်ကို ငဲ့ကြည့်လိုက်တော့
"ခုနက အကိုက ... ဟို ... နင့်ကောင်လေးမဟုတ်ဘူးလား"
သူ့အမေးဆုံးတော့ မိုးမြတ်က သူ့မျက်နှာကို ဘာတွေ လာပြောနေတာလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်လာသည် ။ ပြီး ပြန်လှည့်သွား၏ ။ ဘားမှပြန်မဖြေပါ ။ ရဲသွေးနှလုံးခုန်သံတွေ မြန်လာ၏ ။
"ဟင် .... လို့ မိုးမြတ်" သူထပ်မေးလိုက်တော့ ...
"နင် ရူးနေလို့လား ။ သူသာ ငါ့ကောင်လေးဆိုရင် အခုချိန်ငါလိုက်သွားပြီပေါ့ ။ဒီမှာကျန်နေဦးမလား ။ "
ရဲသွေး ပြုံးလိုက်သည်။
"တကယ်ကြီးလား "
သူမ ဘားမှပြန်မပြော ။ ဒီတိုင်းငုတ်တုတ်ထိုင်နေ၏။
"ဟို ... အမှန်တော့ နင်တစ်ယောက်ထဲ ထိုင်နေခဲ့တဲ့နေ့က ပစ္စည်းတွေဝယ်ပြီး ပြန်လာတော့ နင်ဖုန်းဆက်နေတာ ကြားလိုက်တယ်။ ဟို...ခိုးနားထောင်တာမဟုတ်ဘူးနော် ။မတော်တဆ ကြားတာ။နင့်မှာ RS ရှိတယ် ။ စုမွန်တောင်မသိဘူးဆိုတာ ..."
ရဲသွေးစကားကြောင့် မိုးမြတ် သူ့မျက်နှာကို တွေတွေလေး ငေးမိသွား၏။ဦးနှောက်ထဲမှာလည်း မီး တစ်လုံးပြီးတစ်လုံး လင်းလာသလို ။။။
"နင်က အဲ့စကားကြားတာနဲ့ပဲ။ ငါ RS ရှိတယ်ဆိုပြီး ထင်လိုက်တာလား"
"သူများနားက ကြားတာမှမဟုတ်တာ ။ နင် ကိုယ်တိုင်ပြောနေတာလေ မိုးမြတ်ရယ်။ပြီးတော့ နင်တို့နှစ်ယောက် အဆင်ပြေပြေနဲ့ ဟို ... ကြည်နူးနေတာမျိုးလဲ ငါတွေ့ခဲ့သေးတယ် "
"ဟင် ။ ကြည်နူး ... ဘာဖြစ်တယ် ! ဘယ်တုန်းကလဲ။ ဘယ်မှာလဲ"
"ကျောင်းထဲမှာလေ ။ ဒါတောင်ပေးသွားသေးတယ်မဟုတ်လား။"
သူမ လွယ်အိတ်မှာ ချိတ်ဆွဲထားတဲ့ ကီးချိန်း လေးကို မေးဆတ်ပြ၏ ။။။
ဪ ... အဲ့နေ့က အပြုံးချင်းဖလှယ်နေတယ်လို့တောင် ဘေးလူတွေထင်သွားမလားဆိုပြီး သူမတွေးနေမိခဲ့သေးတာ။ ကြည်နူးနေတယ်လို့ ထင်သွားတဲ့ ဘေးလူက ရဲသွေးတဲ့လား ???
ရုတ်တရတ် သူမ ထရယ်မိသည်။ရဲသွေးက ကြောင်ပြီးကြည့်နေ၏ ။ သူမ ဆက်ရယ်မိနေတုန်း ။ ရဲသွေးရဲ့ ရှောင်ဖယ်ဖယ်လုပ်နေတဲ့ အကြောင်းရင်းကိုလည်း သိသွားသလို ရှိလာပြီးနောက် စိတ်ပေါ့ပါးသွားသလို ခံစားရတာကြောင့်များလားမသိ။ ရယ်မိနေတာကို ချက်ချင်း ရပ်လိုက်လို့မရပါ။သူ့မျက်နှာကို ကြည့်မိလေ။ရယ်မိလေ ဖြစ်နေ၏ ။။
ရဲသွေး လည်း သူမကို ကြည့်ရင်း လိုက်ရယ်လာသည်။ဒါပေမဲ့ သူမလို ပေါ့ပါးစွာနဲ့မဟုတ် ။ သဘောတကျ ကြီး လိုက်ပြုံးနေတယ် ဆိုရုံလောက်ပဲ ။ သူမလိုမဟုတ်တဲ့ လိမ္မာယဉ်ကျေး ပန်းနုရဲသွေး လေး ။။။
ခဏ ကြာတော့ နှစ်ယောက်သား ပြန်ငြိမ်သွားပြန်သည်။သူမကပဲ စပြီး ..
"အဲ့တုန်းက ဖုန်းဆက်တာက မိုးမြတ်ရဲ့ သူငယ်ချင်းကို လိမ်ပြောတာ။ကိုခန့် နဲ့ လိုက်မိတ်ဆက်ပေးနေလို့ ။ ပြီးတော့ ကျောင်းထဲမှာတွေ့ခဲ့တာက သူ အဲ့ ကီးချိန်း လိုက်ပေးနေလို့ ။ အားနာပြီးယူလိုက်တာ ။ ကြည်ကြည်နူးနူး ပြုံးနေတာမဟုတ်ဘူး ။ ဒီတိုင်း ရယ်ပြ ပြုံးပြ လိုက်တာပဲ ။ကိုယ့် ရုပ်ထွက်က နဂို sweet ဖြစ်တာကြောင့် ကြည်နူးနေတယ်လို့ထင်သွားတာ နေမှာပေါ့ "
နောက်သလိုပြောင်သလိုနဲ့ သူမပြောနေတာကို သူမ မျက်နှာကို စိုက်ကြည့်နေရင်း ရဲသွေးက နားထောင်သည်။ထို့နောက် ...
"မိုးမြတ်"
"ဟင်"
"ငါ နင့်ကိုချစ်တယ် .."
"ဟင် "
နူးညံ့သောအဓိပ္ပယ်မျိုးတွေ ပါတဲ့ အကြည့်နဲ့ ရဲသွေး ဖွင့်ပြောလာသည် ။ မိုးမြတ် ရုတ်တရက် တိတ်ဆိတ်သွားမိ၏။လူက တစ်ကိုယ်လုံး ထူပူတက်လာသလို ။ ရဲသွေးကလည်း သူ့ကို ပဲ စိုက်ကြည့်နေသည်။။
"ဝုန်း !!!! "
ရုတ်တရတ် မိုးခြုန်းသံ ထွက်လာလို့ သူမ ဂုတ်ပုဝင်လိုက်မိတော့ ရဲသွေးက သူမ လက်ဖျံကို လာဆွဲသည် ။ သူမ မရုန်းမိ ။
မိုးနတ်မင်း က သူမတို့နှစ်ယောက်ကို ကြည့်နေတာလားမသိပါ ။ ရှေ့ကနေ ဇာတ်လမ်းဖြစ်အောင်တွန်ပို့ပေးနေသလိုပဲ ။။။။။။။
"မိုး စဲ သွားပြီ ။ ငါ .. ငါ သွားတော့မယ် "
ရှက်ပြီးပြန်တော့မည် လုပ်နေသော သူမကို ကြည့်ပြီး ရဲသွေးပြုံးမိသည်။ ထို့နောက် ခေါင်းညိတ်ပြလိုက်၏။သူမကို ဆွဲ ထူပေးပြီးလက်ထဲက ဆိုင်ကယ်သော့ကို ယူလိုက်တော့ ...
"ဘာလုပ်မလို့လဲ"
"မောင်းမလို့လေ"
"မလိုပါဘူး"
"တိတ်တိတ်နေ ဘားမှမပြောနဲ့။ငါ့ အတွက်လိုတယ်"
"သူ့ဆိုင်ကယ် ကျလို့"
"နင့် ဆိုင်ကယ်က ငါ့ဆိုင်ကယ်ပဲပေါ့ ။ လွယ်အိတ်ပေး ။ " ဆိုင်ကယ်ပေါ် ထိုင်လိုက်ရင်း လွယ်အိတ်တောင်းလိုက်သည်။မိုးမြတ်လည်း လွယ်အိတ်ပေးပြီး ဆိုင်ကယ်ပေါ်တက်ထိုင်လိုက်၏။ပါးစပ်က ပြောချင်ရာပြော နေပေမဲ့ သူမပျော်နေသည်။ ။။။
မိုးမြတ် ဆိုင်ကယ်ပေါ်တက်နေတုန်း ရဲသွေး သူမလွယ်အိတ်ဆီကနေ တစ်ခုခု လုပ်လိုက်တာကို သူမ သတိမထားမိလိုက်ပါ ။အနောက်တိုးထိုင်နေတဲ့သူမကို ...
"ပြုတ်ကျမယ်နော်" တဲ့
သူမလည်း ပြုံးပဲပြုံးလိုက်မိတော့သည်။
မိုးမြတ် အိမ်ကနေ ပြန်ထွက်လာတော့ သူ့လက်ထဲမှာ မိုးမြတ် ထီးနဲ့ ။ သူ့ထီးကို ဟိုနေရာမှာ မေ့ခဲ့မှန်း အခု ပြန်တော့မည်ဆိုမှသတိရတော့သည်။ဒီကနေ လမ်းလျှောက်ပြန်ရင် သူ့အိမ်အထိရောက်ဖို့က နာရီဝက်လောက် လမ်းလျှောက်ရမည်ဆိုပေမဲ့ သည်ခရီးကို လမ်းလျှောက်ဖို့ သူ့ကိုယ်ထဲမှာ အားတွေပြည့်နေသလိုပါပဲ ။။။။
တစ်နေရာရောက်တော့ သူ့အိတ်ကပ်ထဲကနေ တစ်စုံတစ်ခုကို ယူပြီး လွှင့်ပစ်လိုက်သည်။မျက်နှာမှာလည်း ကျေနပ်ပြုံးကြီးနဲ့ လွှင့်ပစ်ခဲ့တာ ။မြေကြီးပေါ် ကျသွားခဲ့တာက တော့အနီရောင်နှင်းဆီပန်းပုံ ကီးချိန်းလေး ။။။။
ဪ ..... စုမွန် အတွက် မျက်ရည်နှစ်စက် ကျပေးလိုက်ရအောင်လေ နော် ။။။။။
🌻🌻🌻🌻🌻🌻