5

631 38 0
                                    

           အခန်း (၅)
 
    ဒီနေ့ တစ်မနက် လုံး မိုးက တအိအိနဲ့ ရွာနေသည်။အိမ်က ရှိသမျှလူတွေ လည်း မိုးရွာနေတာနဲ့ပက်သတ်ပြီး တစ်ဗျစ်တောက်တောက်ရွတ်‌နေကြတာပေါ့လေ။တစ်ယောက်ထဲသော ငြိမ်နေသူက သူမ။
    "အငယ်မ နင်ဘာလုပ်နေတာတုန်း"
မကြီးကကျောင်းသွားဖို့ပြင်နေတာကိုကြည့်ပြီးမေးသည်။
    "ကျောင်းသွားမို့လေ"
    "အင်းလေ။ အဲ့ဒါကြောင့်မေးနေတာ။ခါတိုင်း မိုးကအုံ့ပြီးမည်းနေတာနဲတင်ကို မိုးရွာမှာကြီး စိုပြဲပြဲဖြစ်မှာ မသွားတော့ဘူး လုပ်နေတဲ့သူက အခု ‌ကျောင်းသွားဖို့လုပ်နေလို့လေ"
မကြီး စကားအဆုံး သူမ မသိမသာချောင်းဟန့်လိုက်ရင်း ..
    "အာ tuto ရှိတယ် မကြီးရဲ့ "
    "ဪ ..."
    "ဟုတ် "
    "မနက်စာ စားသွားမှာလား"
    "တော်ပြီ ... "
    "နင်မနေ့ညကလဲ ဘားမှမစားဘဲနဲ့"
မိုးမြတ် မုန့်ထုပ်တွေကို မေးငေါ့ပြလိုက်သည်။မကြီးလဲ မုန့်တွေကို တစ်ချက်ကြည့်ပြီးတော့ ဘားမှမပြောပဲ ထွက်သွားတော့၏။
    မိုး တဖွဲဖွဲထဲ ကျောင်းလာရတာလည်း ဖီလင်က တစ်မျိုးကောင်းသည် ပြောရမလား။ထီးလေးဆောင်းပြီး လမ်းလျှောက်။ဟိုကြည့်လိုက် သည်ကြည့်လိုက်နဲ့သွား။သီချင်းအေးအေးလေးကို ကြားရုံလေးဖွင့်ပြီး နားထဲ နားကြပ်ထိုးထည့်။စိတ်ကိုက ကိုယ့်ဖူးစာရှင်ကပဲ မိုးရွာထဲမှာပေါ်လာတော့မလို။တွေ့ရတော့မလို ဖီလင်က ဘာလဲမသိ။ဟက်ဟက်။လက်တွေ့ကို အာရုံစိုက်ကြည့်လိုက်ရင်တော့ စိုပြဲပြဲနဲ့ ရွှံ့ပေနေတဲ့ ခြေထောက်ရယ် ၊ ရေကွက်တွေရှောင်လိုက် ကား ၊ ဆိုင်ကယ် ရှောင်လိုက်နဲ့ ဘာတွေဆိုလို့ ဆိုသွားမှန်းမသိတဲ့ သီချင်းကို နောက်ဆုံး ပိတ်ထားလိုက်ရတာရယ် ပဲ အဖက်တင်တာပေါ့လေ။ငင့်။
    ဒီလိုနဲ့ပဲနောက်ဆုံးတော့ မိုးရွာရွာနဲ့ အဆောင်ကိုရောက်လာခဲ့သည်ပေါ့။ လူကတော်တော်လေးရှင်းနေ၏ ။ မိုးမြတ်ရဲ့အတန်းက အပေါ်ထပ်မှာမို့ လှေကားကနေတက်သွားလိုက်တော့ အပေါ်ကနေ ဆင်းလာတဲ့ ရဲသွေးနဲ့ တည့်တည့်ကြီးတွေ့သည်။မိုးရွာထဲလမ်းလျှောက်လာလို့ ခပ်နွေးနွေးဖြစ်နေတဲ့ လက်တွေက ရုတ်တရက်ကြီး အဖျားတွေမှာအေးတက်လာသလို။
    ရဲသွေးက သူမကိုပဲ မမြင်တာလား ချော်မှာစိုးလို့လားမသိ။အောက်ကိုပဲ ငုံ့ကြည့်ပြီးဆင်းလာ၏။တော်တော်နီးနီးကိုရောက်လာတော့မှ မျက်လုံး လှန်ကြည့်လာပြီး ...
    "လာပြီလား ..." ပြုံးပြရင်းပြောသည်။
    "အင်း " မိုးမြတ်လည်း ပြုံးပြပြီး ပြန်ဖြေလိုက်၏ ။ ထို့နောက်သူလည်း ခေါင်းငြိမ့်ပြပြီး ဘေးကနေဖြတ်ဆင်းသွားတော့သည်။သူမစိတ်ထဲမှာတစ်မျိုးဖြစ်ကျန်ခဲ့၏။ ရဲသွေး ဘာဖြစ်နေတာလဲ။ မနေ့က ဘားမှလဲခါးခါးသီးသီးမပြောမိခဲ့ပါဘူး။အောက်လှေကားကို တစ်ချက်ချောင်းကြည့်တော့ အေးဆေး ဆက်လျှောက်သွားတဲ့ ရဲသွေးကိုတွေ့လိုက်ရသည်။အတန်းဖက်ကို ဆက်လမ်းလျှောက်လာရင်းနဲ့ ခုနကအထိ စိတ်အနှောင့်အယှက်မပေးတဲ့ စိုပြဲပြဲခြေထောက်နဲ့ မိုးတအိအိကို စိတ်ပျက်စပြုလာသလို။အတန်းထဲရောက်တော့လည်း လူက လက်ဆယ်ချောင်းတောင်မပြည့်။ အင်းပေါ့လေ။Tuto မရှိ ဘာမရှိ အတန်းချိန်တောင်တစ်နေကုန်နေမှ နှစ်ချိန်ပဲ ရှိတဲ့ နေ့ကို ‌
မိုးတပြဲပြဲ နဲ့ တော်ရုံလာကြပါ့မလား။။။။
     
         🌻🌻🌻🌻🌻

UNKNOWNSWhere stories live. Discover now