အခန်း (၁၁)
မိုးမြတ် နဲ့ စုမွန် တို့ အရင် ပြန်သွားတာကြောင့် ရဲသွေးတို့နှစ်ယောက်သာ ကျန်ခဲ့သည်။
"အာကာ"
"What"
"တကယ်လို့ မင်းကြိုက်နေတဲ့ကောင်မလေးက မင်းကို ရှောင်နေရာကနေ တဖြည်းဖြည်း အဖက်လုပ်လာတယ်ကွာ ။ အဲ့ဒါကလည်း မင်း သူ့ကို တစ်ခုခု ကူညီပေးဖူးလို့ ။ အဲ့လိုကူညီပြီးမှ ဂရုစိုက်လာတယ်ဆို ဘာလို့လို့ထင်လဲ"
"ဘယ်သူလဲ မိုးမြတ် လား"
"အရင် ဖြေစမ်းပါ "
"တကယ်လို့ နေရင်းထိုင်ရင်း အဖက်လုပ်လာတာဆိုရင်တော့ ပြန်စိတ်ဝင်စားလို့နေမှာပေါ့ ။ တစ်ခုခု ကူညီထားဖူးလို့ဆိုရင်တော့ အားနာတာလည်းဖြစ်နိုင်တယ်။ အကူအညီ ပေးလိုက်တာကိုမှ ကြွေသွားတာလည်းဖြစ်နိုင်တာပဲ "
သူ တွေးတွေးဆဆ ခေါင်းညိတ်သည်။ပြီးမှ ...
"တကယ်လို့ သူက RS ရှိရင်ကော"
"ဟမ်။ မင်းကို အီစီကလီ အဆင့်မှာပဲတွေးလို့နေမှာပေါ့ ။ ဘယ်သူလဲ မိုးမြတ်လား "
အာကာဟိန်းပြောတာကို မဖြေဘဲ ဒီတိုင်းကြည့်နေလိုက်တော့ ...
"ဪ ... မိုးမြတ်က RS မှမရှိတာပဲ။"
ရဲသွေး မျက်လုံးအကြည့်ကို အောက်သို့ရွှေ့လိုက်သည်။
"သူ့လူကို ငြီးငွေ့ လာလို့ ခြံခုန် ချင်တာလားမှမသိ ။ ခွီးး ။ ဘယ်သူ့အကြောင်းလဲလို့ ဟေ့ရောင် "
"ဒီလိုပါပဲကွာ ။ ငါ့အသိတစ်ယောက်အကြောင်း ။ သူလည်း ငါ့ကိုမေးတာ နဲ့
ငါလဲ မင်းကိုပြန်မေးကြည့်တာ"
"ဪ ...."
"မင်းအတန်းတက်မှာလား"
"မင်းကကော ..."
"ငါ မတက်တော့ဘူး"
"ငါလဲ မတက်တော့ဘူး"
"ငါ သွားစရာရှ်ိလို့ "
"သွားလေ ငါ ဒီမှာ ခဏ ထပ်ထိုင်လိုက်ဦးမယ် "
"အေး အဲ့ဆို ငါသွားပြီနော် ။ ဒီမှာ ပိုက်ဆံ"
"အေအေ"
ရဲသွေး ဆိုင်ထဲကနေ ထထွက်လာခဲ့သည်။ ဟိုတစ်နေ့မနက် မိုးမြတ် တစ်ယောက်ထဲ ထိုင်နေခဲ့တဲ့ နေရာဆီသို့ ။။။။။
ထိုနေ့က သူမအတွက် မုန့်နဲ့ ဆေးဝယ်ပြီး ပြန်လာတော့ ဖုန်းပြောနေတာကို မမျှော်လင့်ပဲ ကြားလိုက်ရသည်။
"ငါ့မှာ RS ရှိတယ် ။ စုမွန်တောင်မသိဘူးတဲ့ "
အဲဒီ့ စကား ကြားကြားချင်း သူ ထူပူတက်သွားခဲ့တာ ။ အဲ့ဒါကြောင့် ပြောချင်တဲ့စကားတွေကို ပြောထုတ်ခဲ့ပြီး ခံစားချက်တွေကို ထိန်းခဲ့ရတာ ဒီနေ့အထိပါပဲ ။
"ဟူး ... "
သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်သည်။
မိုးမြတ်က ဘာဖြစ်ချင်တာများလဲ။ သူ ကူညီပေးထားတာကို အားနာနေလို့လား ။ အဲ့လိုဖြစ်ရအောင်လဲ လုပ်ပေးခဲ့တာက ဘာရယ် မှမဟုတ်တာ။ ဒါပေမဲ့ အဲ့ ကိစ္စနဲ့ လည်း ဆိုင်မှာပဲ ။ အဲ့ဒါပြီးမှ သူ့အပေါ် စပြောင်းလဲလာတာ ။ ။။။။
အရင် အခြေအနေမှာဆိုရင် သူ့လောက်ပျော်တဲ့သူ ရှိတော့မည်မထင် ။ အမှန်ပြောရ ရင် အခုလဲပျော်သည်။ ဒါပေမဲ့ မပျော်သင့်ဘူးလို့ ခံစားနေရ၏ ။ တစ်စုံတစ်ယောက်ကို သဘောကျသည် ဆိုတာမျိုးက ချက်ချင်း ရပ်ပစ်လို့ရတဲ့အရာမျိုးလဲ မဟုတ်တော့ ခတ်သည် ။ သို့ပေမဲ့လည်း သူမကို ဂရုစိုက်ပြနေဖို့ အရင်လိုမျိုး အရိပ်အယောင်တွေပြပြီး နေနေဖို့လည်း မသင့်နေဘူး ။ မနေ့ကဆိုရင် မိုးမြတ်ရဲ့ ထီးအောက်မှာ ဘယ်လောက်တောင် ရင်ခုန်နေခဲ့ရလဲဆိုတာ သူသာအသိဆုံးဖြစ်သည်။ မိုးကာပါရဲ့သားနဲ့ လက်တစ်ဖက်ကနေ ထီးကိုင်ပြီး မိုးရွာရွာထဲ ဆိုင်ကယ်မောင်းပြန်ခဲ့တာ။။။။။။
သူတောင် သူမကို ဒီလောက်ချစ်ရင် .... မနေ့က သူ့မျက်လုံးနဲ့ ကိုယ်တိုင်တွေ့ခဲ့ရတဲ့ လူကလည်း ဘယ်လောက်တောင်ချစ်မလဲ။မိုးမြတ်ကိုပြုံးပြီးကြည့်နေခဲ့တဲ့အဲဒီ့လူရဲ့ အကြည့်တွေထဲမှာ မြင်နိုင်သည်။ပြီးတော့ အခု မိုးမြတ် လုပ်နေတာတွေက မဟုတ်သေးဘူးလို့လဲ ထင်၏ ။ သူမကို ချစ်တဲ့သူတစ်ယောက်ရဲ့ခံစားချက်ကိုတော့ ထည့်တွေးပေးရမည်။အဲဒီ့လူအပေါ်ကို ငြီးငွေ့သွားတယ် ဆိုရင်တောင် မပြတ်မသားနဲ့ ဒီလိုကြီးလုပ်နေတာက အလုပ်မဟုတ်။ ပြီးတော့ သူ့ကိုကော ??? သူ့ကို ဘယ်လိုသဘောထားနေလို့လဲ။ ။။။။
အခု အာကာ ပြောတဲ့အတိုင်းပဲ ။ ဒီအခြေအနေကို ဘယ်သူ့ကိုပဲပြောပြပြောပြ ခြံခုန်ချင်တာလား ဆိုတာမျိုးပဲတွေးကြတာ။မိုးမြတ်ကို အဲ့လို တွေးနေကြတာကိုလည်း သူမခံနိုင်ဘူး ။။။။။။
သူ့ဖက်က ပို ထိန်းချုပ်ရမည် ။ ဟုတ်သည် ။ နဲနဲ အလှမ်းဝေးသွားရင် နဲနဲ မိုးမြတ် ခံစားချက်ပြောင်းသွားနိုင်တာကြောင့် သူတို့နှစ်ယောက်ကို အနီးစပ် ဆုံးဖြစ်စေတဲ့အရာကို အရင် ဖြတ်ရမည် ။
သူဖုန်းကို ဖွင့်လိုက်၏ ။
Story setting ထဲဝင် ....
မိုးမြတ်ကို hide လုပ်ပြီး ...
သူကိုယ်တိုင်လည် မိုးမြတ် ရဲ့ story ကို mute လုပ်ထားလိုက်သည် ။။။။
ခံစားချက်က ရင်ဘတ် ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားသလို ။ ဘာမဟုတ်တဲ့ setting လေးဝင်ပြောင်းတာ တစ်ကိုယ်လုံးမှာရှိတဲ့အားတွေ ဆုတ်ယုတ်သွားသလိုမျိုး ။။။။။။
🌻🌻🌻🌻🌻
I love you all 🌹
Thank you 🖤🖤