4

654 37 0
                                    

အခန်း (၄)

သူမ ထို့နေ့ နှစ်ချိန်သာကျန်တော့တဲ့ အတန်းကို ဆက်တိုက်တက်သော်လည်း
ရဲသွေး ကိုမတွေ့ပါ။စုမွန်ကိုမေးကြည့်တော့ မနက်ပိုင်း အချိန်တွေတုန်းက ရှိနေသည်တဲ့။ မနက်က ပြဿနာတက်ခဲ့တာကို အခု သူမပြောပြမှသာ စုမွန်က သိရခြင်းဖြစ်သည်။မဟုတ်ရင်တော့ မနက်က သူမနားကို ရောက်လာမည်သာ။ မိုးမြတ် တစ်ယောက်ထဲ ထိုင်နေချင်လို့လဲမပြောခဲ့တာဖြစ်၏ ။။။
အိမ်ပြန်ရောက်တော့ အခန်းထဲမှာ ဝင်ခွေနေဖြစ်သည်။ကျောင်းကအပြန် ဝင်ဝယ်လာတဲ့ စားစရာအပြည့်အစုံနဲ့ပေါ့လေ။ဗိုက်ကတော့ မှန်မှန် ဖြည့်နေရမယ်မလား။။။
Online တက်တက်ချင်း ရဲသွေး ရဲ့ cb ကို ကြည့်မိတော့ မီးစိမ်းမပြ။ပြောရရင် ဒီနေ့တစ်နေ့လုံး သူ့အကြောင်းက ခေါင်းထဲမှာရှိနေတာ ။ တအောင့်နေလို့ ပြန်ကြည့်လိုက်တော့ active now .... အဲ့ဒါနဲ့ပဲ ....
"Hello . မနက်က အတွက်ကျေးဇူးပဲနော် ☺️ "
ချက်ချင်း seen ပြလာ၏။
"ရပါတယ်။ဒဏ်ရာ သက်သာလား"
"သက်သာပါတယ်။နဂိုထဲက အရမ်းမပြင်းဘူး "
"အော် ... ဟုတ်ပါပြီ။Takecare နော်"
"Yepp...Thx u"
"☺️"
အပြုံး emoji ။ အဲ့ဒီ့ emoji ပို့လာပြီး ပြီးသွားခဲ့၏။မိုးမြတ်ထင်ခဲ့တာ ဒီထက်မက သူမကို စကားဖောင်ဖွဲ့ လာဦးမည် လို့ပဲထင်ခဲ့တာ။ ပုံမှန်ဆို ဟိုစကားစရှာ ဒီစကားစရှာ လုပ်ပြောနေတဲ့သူက ငြိမ်သွားသည်တဲ့။မနက်ကတည်းက သူတစ်မျိုး ဖြစ်နေတာကို သတိထားမိခဲ့သည်။ ဘာဖြစ်နေတာလဲမသိ။
သူမလည်း ဘာလို့ပါလိမ့် ဆိုတဲ့စိတ်နဲ့ပဲ သူ့ cb ကနေထွက်လာပြီး သူ့ wall ထဲသို့ ......။
အခုလိုကြည့်မိတော့မှ သူမ အပေါ်မှာ ရှိ‌နေတဲ့ သူ့ခံစားချက်တွေနဲ့ တိုက်ဆိုင်တဲ့ သီချင်းတွေ စာအတိုအစတွေshare ထားတာကို ဂရုစိုက်ပြီးဖတ်မိသည်။ တစ်ချို့ တွေက မြင်မိပြီးသားဟာတွေ တစ်ချို့တွေက မမြင်ရသေးတဲ့ဟာတွေ။ ဘာလို့လဲမသိပါ။အခုပြန်ဖတ်ကြည့်မှ အဓိပ္ပာယ်တွေကို ပိုမြင်သာနေသလိုခံစားရ၏။ဖတ်မိသမျှအကြောင်းအရာတွေ အကုန်လုံးကလည်း သူမ ရင်ထဲကို တန်းတန်းမတ်မတ် ဝင်လာနေသလိုမျိုး။အရင်လည်း မြင်ဖူးတာပဲ။သူမကို ရည်ရွယ်မှန်းလည်း သိခဲ့တာပဲ။ ဒါပေမဲ့ ဘာတစ်ခုမှမခံစားခဲ့ရ။အခုက တစ်မျိုးကြီးခံစားနေရသည်။ရှက်နေသလို ဘာလိုလို။။။။။
Post တွေပြန်ကြည့်နေရင်း တစ်နေရာရောက်တော့ သူ့ပုံတွေ တင်ထားတဲ့ post ကို တစ်ပုံချင်းဝင်ကြည့်မိသည်။သူ့ပုံစံကို သေချာဂရုစိုက်ကြည့်မိတယ်ပြောရမလား။ငါးပုံမှာ သုံးပုံ လောက်က ခေါင်းတစ်ခြမ်းစောင်းပြီး ရိုက်ထားသည့်ပုံများဖြစ်သည်။သူ့မျက်နှာကို နဲနဲသေချာကြည့်မိတော့ "အင်း .... မဆိုးပါဘူး "လို့ ထင်လာမိ၏။ထို့နောက် post တစ်ခုချင်းစီ ဆက်မကြည့်တော့ပဲ သူ့ ရဲ့ Photos တွေထဲ ဝင်ကြည့်သည်။ခေါင်းတစ်ခြမ်းစောင်း post တွေမှအများကြီး ။ ထိုကဲ့သို့ပုံမျိုး တစ်ပုံမြင်တိုင်း သူမ ပြုံးမိနေ၏။သူလုပ်ဖြစ်တဲ့ activity တွေ တင်ထားတဲ့ပုံတွေမြင်တော့လည်း " အော် သူက ဒါတွေစိတ်ဝင်စားတာလား " ဟုတွေးမိပြီး ဆေးပုံတွေမြင်တော့ " ဟဲ့ ဘယ်လိုတွေဖြစ်နေတာလဲ " ဟုတွေးမိရင်း ရယ်နေမိ တာ မိုးမြတ် ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့ မျက်နှာက ပြုံးဖြီးနေပြီး လူက ချိုင်းကြားနဲ့ လက်ဖျားတွေမှာ ချွေးပြန်နေပြီးဖြစ်သည်။လက်ဖျားခြေဖျားတွေလည်း အေးစက်လို့ ။။။။။။။။။

🌻🌻🌻🌻🌻

UNKNOWNSWhere stories live. Discover now