အခန်း (၁၄)
မိုး တအိအိနဲ့ သူမ ဆိုင်ကယ်စီးလာသည်။ အမေ ဝယ်ခိုင်းတဲ့ ပစ္စည်း တစ်ချို့ သွားဝယ်လာတာ ။ အေးလည်းအေးနေတော့
Sneaker ၊ ဂျင်းဘောင်းဘီ အရှည် ၊ ပွပွရှည်ရှည် jacket အနက်ရောင် တစ်ထည်ပေါ်မှာ ၊လွယ်အိတ်လွယ် မိုးကာထပ်ဝတ်ပြီး ဆိုင်ကယ်မောင်းလာ၏။ လမ်းကလည်း ချော်မှာကြောက်တော့ ဖြည်းဖြည်းချင်းပဲ မောင်းလာသည်။တစ်နေရာအရောက် .....
"ဝုန်း !!!!!"
သတိထားနေတဲ့ကြားက slip ဖြစ်ပြီး ဆိုင်ကယ်လဲပြီ ။။။
ရုတ်တရတ် လူက ကြောင်သွားသလို။ဒါပေမဲ့ တကယ်ခဏပါပဲ။ကုန်းရုန်းပြီး ပြန်ထဖို့လုပ်နေတုန်း လူတစ်ယောက်ပြေးလာ၏။ သူမဆိုင်ကယ်ကို ဆွဲထောင်ပေးသည်။ကြည့်လိုက်တော့ ..
ရဲသွေး ။။
ရဲသွေးလည်း အံ့ဩသွားသည်။မိုးကာတွေဘာတွေလဲ ဝတ်ထားတော့ မိုးမြတ်လို့မထင်မိ ။ ဆိုင်ကယ်ကိုထောင် ၊ ဒေါက်ထောက်ပြီးတဲ့နောက် ကုန်းရုန်းထဖို့လုပ်နေတဲ့ မိုးမြတ်ကိုဆွဲထူပေး၏။မတ်တပ်ရပ်ပြီးပြီးချင်းပဲသူ့လက်ထဲကနေ သူမ ရုန်းထွက်သွားသည်။ဘယ်ဖက်ခြေထောက်က အနည်းငယ် ထော့နဲ့ထော့နဲ့။ဆိုင်ကယ်ပေါ် တက်မည်လုပ်နေတော့ ရဲသွေးက ဘေးမှာခုနက သူချထားလိုက်တဲ့ ထီးကို ကောက်ဆောင်းလိုက်ပြီး ...
"မိုးမြတ် .. ဆိုင်ကယ်မောင်းလို့အဆင်ပြေလို့လား "
"အင်း ပြေတယ်"
"ရလို့လား မိုးမြတ်ရယ် ။ ခြေထောက်နာသွားတယ်ထင်တယ် ။ ငါလိုက်ပို့ပေးရမလား"
"ရတယ် ။ သိပ်မနာဘူး ။ သွေးပူနေတုန်းမောင်းပြန်လိုက်မယ်"
သူ့ကိုတောင်မကြည့်ပဲ ဖြေနေတဲ့
မိုးမြတ်။။။။
"အဆင်ပြေပါ့မလား။မဟုတ်ရင်လည်း တစ်ယောက်ယောက်ကို ဖုန်းဆက်ခေါ်လိုက်ရင်ကော"
"ကျွစ် ... ရပါတယ်လို့ ငါပြောနေတာပဲ။နင်က ဘာဖြစ်နေတာလဲ။နင်က ငါနဲ့ ဘာဆိုင်လို့ ဘာတွေလာပြောနေတာလဲ"
"ငါက နင့်အတန်းထဲက သူငယ်ချင်းမို့လို့လေ။ထိုင်ကြည့်နေရမှာလား "
ရဲသွေး အသံက အနည်းငယ်မြင့်သွားသည်။မိုးမြတ်က ငြိမ်သွားပြီးငေးကြည့်နေ၏။။။
"ဝေါ !!!!!"
ရဲသွေး အသံကြောင့် အလန့်တကြားဖြစ်သွားသလားမသိ။ မိုးက ရုတ်တရတ် သည်းကြီးမည်းကြီး ရွာချလာခဲ့သည်။ ဤသို့ဖြင့် မိုးမြတ်လည်း ဆိုင်ကယ်ပေါ်က ပြန်ဆင်း ပြီး နီးရာ မြေညီထပ် တိုက်ခန်းတစ်ခန်းရှေ့မှာ နှစ်ယောက်သား မိုးဝင်ခိုနေရတော့သည်။။။။ sneaker ကိုချွတ်ကြည့်လိုက်တော့ သူမ ခြေကျင်းဝတ်က နီနေပြီး အနည်းငယ် ယောင်လာသလို ။ ထိုအခြေအနေကိုမြင်တော့ရဲသွေးက ...
"ဆေးခန သွားဝယ်လိုက်ဦးမယ်"
နည်းနည်းလှမ်းတဲ့ နေရာမှာမြင်နေရတဲ့ ဈေးဆိုင်ဆီ သွားမည်ပြုသည် ။။
"ရတယ်" ရတယ်ပြောပြီး သူမ လွယ်အိတ်ဖွင့်လိုက်၏။ အိတ်ထဲမှာ ဟိုတစ်ခါ ရဲသွေးပေးထားတဲ့ ဆေးကပ်ခွာက တစ်ခု ကျန်နေသေးသည် ။ ယူထုတ််လိုက်တော့ ရဲသွေးက ကြည့်နေသည်။သူမခြေထောက်ကို ကပ်နေတုန်း ကားတစ်စီးကသူမတို့အရှေ့မှာထိုးရပ်လာလို့ ကြည့်လိုက်တော့ ....
ကိုထူးခန့်သာ ။။။။
ရဲသွေး လည်း ထိုလူကိုမြင်ပြီး မျက်နှာ တစ်မျိုးဖြစ်သွားသည်။
ကားပေါ်ကနေ ပြေးဆင်းလာ၏။ သူမနားရောက်တော့ ....
"နွယ်လေး ဘာဖြစ်လို့လဲ"
ဪ ... ခေါ်တာတောင် နွယ်လေးတဲ့ ။ သူမအပေါ်ကြင်နာမယ့်ပုံပါပဲ ... ရဲသွေး တွေးလိုက်သည်။
"ဆိုင်ကယ်လဲလို့ပါ အကို။ ဘားမှသိပ်မဖြစ်ပါဘူး ။ ခြေထောက်ပဲ နည်းနည်း နာသွားတာ"
"ရရဲ့လား ။ ဆေးခန်းသွားရင်ကောင်းမယ်ထင်တယ်။"
"မလိုပါဘူးအကို ။ ရတယ် ။ နည်းနည်းပါးပါး လောက်ပဲ "
တစ်မျိုးတော့တစ်မျိုးကြီးပဲ ။ သူတို့အတွဲ စကားပြောနေတာက ခပ်စိမ်းစိမ်းကြီးလိုပဲ။ ရင့်ကျက်စွာ တွဲ ကြတာကြောင့်များလား ???? ရဲသွေးထပ်စဉ်းစားသည်။
"အိမ်လိုက်ပို့ပေးရမလား ။ ဆိုင်ကယ်က ဒီနားမှာ ခဏ အပ် ခဲ့ပြီး အိမ်က တစ်ယောက်ယောက်နဲ့ လာပြန်ယူခိုင်းလိုက်လေ။ အကို အိမ်ကနေ ဒီကို ခေါ်လာပေးလိုက်မယ်"
"ကျွန်တော် လိုက်မောင်းပို့လိုက်လို့ရပါတယ်" သူဝင်ပြောလိုက်တော့ ထိုလူက သူ့ကို လှည့်ကြည့်လာသည်။
"ကျွန်တော်က မိုးမြတ် သူငယ်ချင်းပါ။ တစ်မေဂျာထဲပဲ"
"ဪ ... " ထူးခန့် ဪလို့တစ်ချက်ပြောပြီး နွယ်လေးကို ပြန် လှည့်ကြည့်လိုက်တော့ သူမ မျက်နှာလေး တစ်မျိုးဖြစ်နေ၏။သူ့သူငယ်ချင်းပါ ဆိုတဲ့ကောင်လေးက ရိုးရိုးသူငယ်ချင်းဖြစ်ပုံမပေါ် ။။။။
"ရတယ် ကိုခန့် ။ မိုးမြတ်တို့ကို ထားခဲ့လိုက် ။ ခြေထောက်ကလဲ အရမ်းမဆိုးဘူးထင်တာပဲ ။ ခဏနေ မိုးတိတ်မှ ကြည့်လုပ်လိုက်လို့ဖြစ်ပါတယ် ။ အကို သွားစရာရှိတာ အေးဆေးသွားပါ။ ရတယ် "
ထူးခန့်သာ တစ်ခုခု ထပ်ပြောမည်လုပ်လိုက်ပြီးမှ နွယ်လေး သူငယ်ချင်းဆိုတဲ့ကောင်လေးရဲ့ သူမကို ကြည့်နေတဲ့ အကြည့်တွေမှာ ပါနေတဲ့ အဓိပ္ပာယ် တစ်ချို့ကို မြင်လိုက်ရပြီး ...
"ဟုတ်ပါပြီ ။ အဆင်မပြေရင်တော့ အားမနာနဲ့နော်"
"တကယ်ပါ ။ အဆင်ပြေတယ်"
သူမ ပြုံးပြီးဖြေလိုက်၏ ။နောက်တော့ ထူးခန့်သာလည်း ထွက်သွားပါတော့သည်။။။။
🌻🌻🌻🌻🌻