7

595 37 0
                                    

           အခန်း (၇)
 
   Canteen ရောက်သွားတော့ သူမတို့ထိုင်နေကျဆိုင်မှာ ကိုခန့်နဲ့ အကူးကို တွေ့လိုက်ရသည်။အကူးက လက်လှမ်းပြ၏။ကိုခန့်က နောက်လှည့်ကြည့်လာပြီး ပြုံးပြတော့ သူမလည်း ခေါင်းညိတ်ပြုံးပြလိုက်သည် ။
    "ရောက်နေတာကြာပြီလား"
    "မကြာသေးပါဘူး ငါတို့လည်း အခုမှရောက်တာ"
    ပြန်ဖြေလာသူက အကူး။ ကိုထူးခန့်သာ ကတော့ ဒီတိုင်းသူမကိုပဲကြည့်နေဆဲ။
    "မိုးမြတ် နင်လဲရောက်လာပြီဆိုတော့ ငါသွားတော့မယ်။သွားစရာလေးရှိသေးလို့ "
    "ဪ ... အင်အင်"
   သောက်လက်စ lemon tea ကို အကုန်မော့ချလိုက်ပြီး ထထွက်သွားသည်။ မျက်စိတစ်ဖက်က မှိတ်ပြသွားသေး၏ ။$ကောင်စုတ်။
    မိုးမြတ်လည်း ကိုခန့်နဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တော့ ။
    "ဟို ... နွယ်လေး ဘာမှာမလဲ"
    ဟင် ။ ဘယ်လိုကြီးလဲ ခေါ်တာကြီးက။နှင်းနွယ် ဆိုရင်တောင်တော်သေးတယ်။
    "နွယ် ... အဟင်း နွယ်လေး လို့ခေါ်လိုက်တာလား" ရယ်ကျဲကျဲနဲ့ပဲ မေးလိုက်တော့ ...
    "အင်း ဘာလို့လဲ ။ မကြိုက်လို့လား ။အကို့ထက်လည်းငယ်တော့ အဲ့လိုလေးခေါ်လိုက်တာ "
    "ဟုတ်ကဲ့ ။ မိုးမြတ် လို့ပဲခေါ်ကြတာများဝော့ာလေ နားထောင်ရတာတစ်မျိုးလေးဖြစ်နေလို့"
    "ဪ ... ဒါဆိုလည်း အကို ပြောင်းခေါ်ပေးမယ်လေ။မိုးမြတ် လို့ပဲခေါ်တာပေါ့"
    "မဟုတ်တာ။ ရပါတယ် ။အကိုကြိုက်သလိုခေါ်ပါ"
    အေးဆေးပေါ့။ဟုတ်တယ်မလား ထပ်တွေ့ရဖို့မှမရှိတော့တာ။
    "ဟုတ်ပါပြီ"
နောက်တော့ ‌coffee တစ်ယောက်တစ်ခွက်စီမှာဖြစ်ကြ၏။ကိုထူးခန့်သာ ရဲ့ပုံစံက အရပ်မြင့်မြင့်။အသားက အညိုဆင်။အညိုဆင်ပေမဲ့ အသားအရေကောင်းတယ်လို့ပြောရမလား။ဝင်းဝင်းလေးနဲ့ ခပ်ညက်ညက်လေး။မျက်နှာမှာလဲ ဝက်ခြံ တစ်လုံးတောင်မတွေ့ရ။စကွင်းကဲ ပုံမှန်လုပ်တဲ့ သူများလား။ပါးသိုင်းမွှေး ကခပ်ရေးရေး။ဆံပင်ပုံစံကလည်း သပ်သပ်ရပ်ရပ်နဲ့ ။တည်ငြိမ်သူ စတိုင်မျိုးဖြစ်သည်။သူမ မျက်လုံးကနေ scan ဖတ်ပြီး ဦးနှောက်ကနေတရစပ်တွေးနေမိခြင်း။
    "နွယ်လေးက အခု 3rd year နော်"
    "ဟုတ်ကဲ့" ကိုခန့် ဖက်က စကားစလာမှသူမ အတွေးစပြတ်သွားသည်။
    "ဟို ... Rs ရှိလား"
ထူးခန့် လည်းဘယ်ကနေဘယ်လို စပြောရမလဲမသိတာနဲ့ ထို့သို့ပဲမေးလိုက်၏။ အကူးကတော့ သူမမှာ RS ရှိတယ်လို့မပြောထားပါ။သူ ဒီနေ့ တွေ့ဖို့လာရတဲ့ ရည်ရွယ်ချက်ကိုလဲ နွယ်လေးက သိပြီးသားဖြစ်မည်ထင်တာပဲ။အခုက စကားသက်သက် မေးလိုက်ခြင်း။
    "မိုးမြတ်မှာ Rs တော့မရှိပါဘူး။Crush တွေဘာတွေတော့ ရှိတာပေ့ါ ။"
ကိုထူးခန့်သာ ခေါင်းညိတ် ပြ၏။ဒီလို တွေရှိတတ်တာပါပဲ ဆိုတဲ့ပုံစံမျိုး။သူ့ကို ကြည့်ရင်း မိုးမြတ် စိတ်ထဲတစ်မျိုးဖြစ်လာသည်။သူ့ဖက်က ငြိမ်တော့ ဘာစပြောရမလဲမတွေးတတ်။နောက်တစ်ခေါက်ဆိုတာလည်း ထပ်မရှိချင်တော့ဘူး။ဘာလို့လဲဆို သူမစိတ်ထဲ စိတ်ရှုပ်တယ်လို့ခံစားနေရလို့။ဒါပေမဲ့လည်း ပြောလိုက်မှပဲ ပြီးမှာမဟုတ်လား။ဟုတ်တယ် ။ ကြိုးစားပြီးပြောထုတ်လိုက်စမ်း မိုးမြတ်ရေ။
    "အကို .. ဟိုလေ တစ်မျိုးတော့မထင်နဲ့နော်။မိုးမြတ်ကို စိတ်ဝင်စားနေတာလားမသိဘူး"
    "‌ဗျာ" မမျှော်လင့်ထားတဲ့စကားကြောင့် "ဗျာ" မိသွား၏။ နွယ်လေး က သူ့ကိုကြည့်နေဆဲ။ သူလည်း တံတွေးတစ်ချက်မျိုချလိုက်ပြီး ..
    "ဟုတ်တယ်။အကို နွယ်လေးကိုသဘောကျလို့ ။ အကူးရဲ့မွေးနေ့မှာတွေ့ကတည်းကပဲ။အဟင်း .. နွယ်လေးကပွင့်လင်းတယ်နော်"
    မိုးမြတ် အရင်ဆုံးပြုံးပြလိုက်သည်။ပြီးမှ ..
    "ဟို ..... မိုးမြတ်မှာ ကလေ ခုနကပြောသလိုပဲ crush ရှိတယ်။ပြီးတော့ သူ့ကို crush တာကလည်း နှစ်နဲ့ ချီနေပြီပြောရမလား။" Ovaltine နဲနဲ ဖျော်ချလိုက်သည်။ကိုခန့် ကတော့ သူမပြောတာကိုပဲ နားစိုက်ထောင်နေဆဲ..
    "အဲ့ကျတော့လေ အခုလောလောဆယ်တော့ မိုးမြတ်စိတ်ထဲ ဘယ်သူ့ကိုမှနေရာပေးနိုင်ဦးမှာ မဟုတ်သေးဘူးထင်တယ်။အခုလိုကြီးချက်ချင်းပြောလိုက်တာ အကို့စိတ်ထဲ တစ်မျိုးကြီးဖြစ်နေမယ်ဆို‌တာတော့ သိပါတယ်။ဒါမဲ့ မပြောပဲထားလိုက်ရင် အကို့ကို မျှော်လင့်ချက် တစ်ခုခု ဆက်ပေးထားသလိုဖြစ်မှာစိုးလို့။တစ်ယောက်ယောက်ကိုမျှော်လင့်ချက်တွေပေးမိတာက မကောင်းဘူးမလား။တစ်ဖက်လူက အဲ့မျှော်လင့်ချက်ကြီးနဲ့ အမျိုးစုံခံစားနေရမှာလေ။အဲ့ဒါကြောင့်ပါ ။ပြီးတော့ မိုးမြတ်မှာလည်း ဒီလို တစ်ခါထဲ ပြောတတ်တဲ့အကျင့်ရှိလို့ပါ "
    ခပ်ပြုံးပြုံးနဲ့ပြောလိုက်တဲ့ သူမစကားဆုံးတော့ ကိုခန့်က ခေါင်းကုတ်သည်။လုပ်မိလုပ်ရာ လုပ်လိုက်တဲ့ပုံမျိုး။
    "အဟင်း ... တကယ်ကိုဘာပြောရမလဲမသိတော့ဘူး။တကယ်ပဲ ပွင့်လင်းတယ်နော်"
    မိုးမြတ်လည်း အားနာပြုံးပဲပြုံးပြလိုက်တော့သည်။။။
       
         🌻🌻🌻🌻🌻

UNKNOWNSWhere stories live. Discover now