8

578 35 0
                                    

အခန်း (၈)

ဒီလိုနဲ့ပဲ တစ်အောင့်ကြာတော့ ‌ကိုထူးခန့်သာကို နှုတ်ဆက်ပြီးပြန်လာခဲ့လိုက်သည်။အနောက်ကနေ ပြေးလိုက်လာတဲ့ခြေသံကြားလို့လှည့်ကြည့်လိုက်တော့ ကိုခန့် ။ လက်ထဲမှာလည်း အနီရောင်နှင်းဆီပန်းပွင့် ကီးချိန်းလေးနဲ့ ..
"နွယ်လေး .. "
"ဟုတ်ကဲ့"
"ဒါလေး.." ပြောရင်း ကီးချိန်းကိုကမ်းပေးသည်။မိုးမြတ်က လှမ်းမယူသေးဘဲ ကြည့်နေတော့ ...
"ဘာရယ်တော့မဟုတ်ပါဘူး။နွယ်လေးက နှင်းဆီပန်းကြိုက်တယ် ။ ကီးချိန်း လေးတွေလည်းကြိုက်တတ်တယ်လို့ အကူး ပြောပြထားတော့ ဝယ်လာဖြစ်တာ ။ ဝယ်လာပြီးပြီဆိုမှတော့ ပေးဖို့ရည်ရွယ်ထားတဲ့သူကို ပေးလိုက်ချင်တယ်။အများကြီးမတွေးပါနဲ့ ။ဒီတိုင်း .. ခင်လို့ပေးတယ်လို့ပဲသဘောထားလိုက်ပါ "
သူမ ဘာလုပ်လိုက်ရမလဲ။ ဘာပဲ‌ပြောပြော ကိုခန့်အပေါ်မှာ သူမ ဒီနေ့ အကန်တွေပဲ လုပ်မိနေတာ။ အရမ်းကြီးဇွတ်မလုပ်တတ်တဲ့သူဆိုတာ သိရတော့ သူ့အပေါ်မှာ မိုးမြတ် အားနာမိတယ်လို့လည်းပြောလို့ရတယ် ။ အရမ်းတန်ဖိုးကြီးတဲ့ ပစ္စည်းလည်း မဟုတ်။ ကီးချိန်း လေးပဲဆိုတော့ ....
"ကျေးဇူးပဲနော် အကို ။ လှသားပဲ"
လှမ်းယူရင်းပြောလိုက်သည်။
"မဟုတ်တာ ။ အကိုကတောင် ယူပေးလို့ကျေးဇူးတင်ရအုံးမှာ" သူက ရီရင်းပြောလာတော့ သူမလည်း ပြန်ရီပြဖြစ်‌တော့သည်။ဘေးကကြည့်ရင် အပြုံးချင်းဖလှယ်နေသလိုတွေများဖြစ်သွားမလားမသိပါ။။။။
အတန်းထဲရောက်သွားတော့ လူတော်တော်စုံနေပြီပြောရမည်။ Tuto ရှိတယ်လေ။ သူမ ခုံမှာ ဝင်ထိုင်လိုက်တော့ စုမွန်က ...
"ဘယ်လိုလဲ အဆင်ပြေလာခဲ့လား"
"ပြေခဲ့ပါတယ်။ အေးဆေးပါပဲ"
"အင် .. ငါတောင်မှ လိုက်လာရင်ကောင်းမလား‌တွေးနေသေးတယ် ။ ပြီးမှ အကူးလည်းရှိတာပဲဆိုပြီး နေနေလိုက်တာ"
"အမလေး အဲ့ကောင်ကို အားကိုးနေရင် ငါးပါးမှောက်မှာ ။ ငါလဲ အဲ့ကိုရောက်ရော သူလဲ ပျောက်သွားတာပဲ "
"အယ် .. နင့်တစ်ယောက်ထဲထားခဲ့တာလား"
"အင်းပါဆို ။ ဒါမဲ့ ငါ ငြင်းလွှတ်မယ်ဆိုတာ သိနေလို့လဲ သပ်သပ်ရှောင်သွားတာနေမှာပေါ့ ။ မဟုတ်ရင် သူလဲ မျက်နှာပူ ။ငါလည်း ကောင်းကောင်းပြောမရတွေဖြစ်နေမှာနဲ့ ။ ကောင်းပါတယ် သူထွက်သွားတာလဲ"
"အင်းပေါ့ ... အော် ဒါနဲ့ ..... ရော့ "
စုမွန်က သူ့လွယ်အိတ်ထဲကနေ တစ်ခုခုကို ထုတ်ပြီး သူမကိုပေးသည် ။
"အယ် ...." ခုနက ကိုခန့်ပေးလာတဲ့ ကီးချိန်းနဲ့ တစ်ပုံစံထဲဟာ ။ အရောင်က အစ အတူတူ။
"လှတယ်မလား ။ ဒါမြင်တော့ နင့်ကိုသတိရတာနဲ့ဝယ်လာပေးတာ ။ နှင်းဆီပန်းကြိုက်တဲ့ မမ ဆိုတော့ ။ မုန့်ပြန်ကျွေးနော် ။အဟီး "
"အယ် ။ မသိရင် အလကားပေးသလိုနဲ့ "
"သူငယ်ဂျင်း။လောကမှာလေ ဘယ်အရာမှအလကားမရဘူးသိလား သိလား"
"အေးပါဟယ် .....ဒါနဲ့လေ အရောင်က တခြားအရောင်မရှိဘူးလား"
"ရှိတယ် ။ အနီရောင်လေးက အလှဆုံးမို့ ။ ဘာလို့လဲ အရောင်မကြိုက်လို့လား"
"မဟုတ်ပါဘူး မေးကြည့်တာ"
ဤသို့ဖြင့် နှစ်ယောက်သား ရယ်ရင်းမောရင်းနဲ့ စုမွန်ပေးတဲ့ ကီးချိန်းကို လွယ်အိတ်မှာကောက်တပ်ထားလိုက်‌တော့သည်။ဟိုတစ်ခုကိုတော့ အိမ်ရောက်မှ မကြီးကို ပေးလိုက်‌မည်။
ဆရာမ ရောက်လာပြီး Tuto ဖြေဖို့ စာအုပ်တွေ ဝေနေပြီဆိုမှ ရဲသွေးကရောက်လာ၏ ။ မိုးမြတ်က ခုံရဲ့အစွန်ဖက်ဆုံးမှာထိုင်နေတာမို့ သူမဘေးကနေ ဖြတ်လျှောက်သွားတဲ့ရဲသွေးက သူမရဲ့လွယ်အိတ်မှာ တပ်ထားတဲ့ နှင်းဆီပန်းပွင့် ကီးချိန်းလေးကို ကြည့်သွားတာ သူမ သတိထားမိပါ့မလား ။။။။။။
🌻🌻🌻🌻🌻

UNKNOWNSWhere stories live. Discover now