အခန်း (၁၃)
ညက ချမ်းစိမ့်စိမ့် ဖြစ်နေသည်။coffee ခွက်ကို ဘေးက စားပွဲပေါ်တင် သီချင်းအေးအေးလေးတွေကို Bluetooth box နဲ့ တိုးတိုးလေးဖွင့်ပြီး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ရင်း ထိုင်နေမိ၏။သီချင်းက တစ်ပုဒ်ပြီး တစ်ပုဒ်ပြောင်းနေသည် ။ သေချာအာရုံမစိုက်မိ ။ coffee တွေလည်း အေးကုန်ပြီ ။ တစ်ငုံပဲငုံရသေးတာ ။။။
မိုးမြတ် ရင် ဘတ်ထဲမှာ ပြည့်ကြပ်နေ၏ ။ ငိုချင်နေသည်။ ဒါပေမဲ့ ငိုလို့လဲမရ ။ဖုန်းကို ယူပြီး fb ထဲ ထပ်ဝင်သည် ။ story viewer ကို ထပ်စစ်မိ တော့ ပို မွန်းကြပ်လာသလို။ငိုချင်လာပြန်သည် ။ ငိုလို့ကလဲမရ ။ မျက်ရည်က မထွက်နေပဲ မွန်းကြပ်ကြပ်ကြီးခံစားနေရတာ ။။။။။။
ဘာလို့လဲ ?? သူက ငါ့ကို ဘယ်လိုသဘောထားလို့လဲ ။ ပြန်ပြီး အဖက်လုပ်ပေးလိုက်တော့ ပျင်းသွားလို့လား ။ story တောင် hide လုပ်ရတဲ့ အထိ ။။။ သူမရဲ့ story တွေကိုလည်း mute လုပ်ထားတာဖြစ်ခဲ့မယ်ဆိုရင် မမြင်ချင်တော့ဘူးလို့ ဆိုလိုချင်တာလား ။ unfriend မလုပ်သေးတာတောင် ကျေးဇူးတင်ပေးရမယ့် အနေအထားလား ။။။
"အားးးးး"
အာခေါင်ခြစ်ပြီး အသံအကျယ်ကြီးမထွက်အောင် အော်ထုတ်လိုက်သည် ။ လေထွက်သွားတာ များတော့ အသံမကျယ်ပေမဲ့ လည်ပင်းမှာ စပ်လာသလို ။။။
"ငါဘာဖြစ်သွားတာလဲ ။ ငါဘာဖြစ်သွားတာလဲကွာ .... ဟုတ်တယ် အဲ့နေ့က သူငါ့ကို ဂရုစိုက်ပေးသွားတယ် ။ ဘားမှလဲမဟုတ်ဘူး ဆေးလေးနဲ့ မုန့်လေး လာပေးတာပဲလေ ။ အဲ့ဒါကို ငါက ဘာဖြစ်သွားရတာလဲ ။"
သူမ တစ်ယောက်ထဲ ရွတ်နေသည်။
"ကျွစ် ... ပြဿနာက အဲ့ fb ။ ငါ ရှည်ပြီး သူ့ wall ထဲ ဝင်ကြည့်လိုက်တာ။ ပြီးတော့ သူ့ရဲ့ story တွေကော post တွေကော ။ဘာတင်မလဲ ဘာတင်မလဲဆိုပြီး ၊ ကမြင်းပြီးသွားစောင့်ကြည့်နေလိုက်တာ ပြဿနာတက်တာပဲ ။ ဒါပေမဲ့ ကွာ အဲ့ကောင်က ငါ့ကို ကြိုက်နေတာပဲမဟုတ်ဘူးလား ။ အခုက ဘာထဖြစ်တာလဲ .......... ဘာထဖြစ်တာလဲ တကယ်ပဲကွာ ..... ။"
နဂို ငိုလို့မရတဲ့ မျက်ရည်တွေက အခုမှ ဝဲတက်လာသည် ။ ငိုချင်ရက် လက်တို့ဖြစ်နေတဲ့ အချိန်မှာမှ နောက်ထပ်ထွက်လာတဲ့သီချင်းက ဖြိုးပြည့်စုံရဲ့ မျှော်လင့်ချက်လေးတဲ့ ။ အဲ့ဒါနဲ့ပဲ နဲနဲကို များများတွေး ၊ သီချင်းကို repeat ကောက်တင်ပြီး ခုံပေါ်လက်မှောက် အိပ်ရင်း ငိုနေဖြစ်ခဲ့ပါတော့သည် ။ ။။။။။။
ထိုနေ့က သူမ story ရဲ့ hide list ထဲကို ရဲသွေး acc ရောက်ခဲ့တဲ့နေ့ပါပဲ ။။။။။
အဲဒီ့ နောက်ပိုင်းက စပြီး သူမ ရဲသွေးကို ဘယ်မှာ မြင်မြင် လုံးဝ မကြည့်ဖြစ်ခဲ့တော့ပါ။မျက်နှာချင်းဆိုင်တွေ့လည်းမကြည့် ။ဘေးကဖြတ်သွားလဲမကြည့် ။ အတန်းထဲနောက်ကျမှ ဝင်လာလဲ မကြည့် ။ လုံးဝကို ဂရုမစိုက်ပြခဲ့တော့ပါ ။။။။
သူမ ပြောင်းလဲနေတာကို သူလဲ သိသည်ထင်၏ ။ သည်နေ့နေ့လည် စုမွန်နဲ့ ကန်တင်းသွားကြမည် ဆိုတုန်းက အာကာဟိန်းက .....
"စုမွန် ငါတို့လည်း လိုက်ခဲ့မယ် ။ နင်တို့နှစ်ယောက်တည်းမဟုတ်လား "
"အင်းလိုက်ခဲ့လေ" စုမွန်က ပြန်ဖြေတော့..
" ရဲသွေး ငါတို့ စုမွန်တို့နဲ့ လိုက်သွားရအောင် "
မိုးမြတ်က ဘားမှဝင်မပြောပါ။ဖုန်း ကြည့်ပြီး ဒီတိုင်းရပ်နေ၏။ သူမ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရဲသွေးကပဲ ..
"ငါ မလိုက်တော့ဘူး ။ သွားစရာရှိသေးလို့ "
"ဟာ ... မင်းက ဘယ်သွားမလို့လဲ ။ အဲ့ဒါဆို ငါတစ်ယောက်ထဲပေါ့ "
"အဲ့ဒါဆို မင်း ငါနဲ့လိုက်ခဲ့ပါလား ။ အပြင်မှာ စားပြီး မှပြန်လာမယ်လေ .."
"အင်း ရတယ်လေ ...."
ဤသို့ဖြင့် .... ဤသို့ဖြင့်ပေါ့လေ သူမတို့နှစ်ယောက်လုံး နီးနေပါရက်နဲ့ ခပ်စိမ်းစိမ်းဖြစ်ခဲ့တာပါပဲ ။။။။။။။